သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဟာင္ေကာင္-တ႐ုတ္နယ္စပ္ ရဲနဲ႔ ဆႏၵျပသူ အဓိက႐ုဏ္းျဖစ္


ဆႏၵျပသူမ်ား မီး႐ႈိ႕ထားသည့္ အတားအဆီးႏွင့္ ရင္ဆုိင္ေနရသည့္ ေဟာင္ေကာင္ရဲတပ္ဖြဲ႔ဝင္မ်ား။ (စက္တင္ဘာ ၂၁၊ ၂၀၁၉)

ေဟာင္ေကာင္ကြ်န္းရဲ႕ တ႐ုတ္နဲ႔ နယ္စပ္ေဒသမွာ စေနေန႔က ဆႏၵျပသူေတြနဲ႔ အဓိက႐ုဏ္းႏွိမ္နင္းေရး ရဲတပ္ဖြဲ႔ၾကား ႐ုန္းရင္းဆန္ခတ္ ျဖစ္ခဲ့ၾကပါတယ္။ ဘ႑ာေရး လုပ္ငန္းေတြရဲ႕ အခ်က္အခ်ာ ေဟာင္ေကာင္ကြ်န္းမွာ ဒီမိုကေရစီလိုလားတဲ့ ဆန္႔က်င္ ဆႏၵျပမႈေတြက သံုးလေက်ာ္ ရွိခဲ့ပါၿပီ။

ေဟာင္ေကာင္ရဲ႕ အစြန္အဖ်ားၿမိဳ႕ တခုျဖစ္တဲ့ Tue Mun မွာ ၾကမ္းၾကမ္းတမ္းတမ္း လႈပ္ရွားသူတခ်ိဳ႕ကို ရဲတပ္ဖြဲ႔က မ်က္ရည္ယိုဗံုးေတြနဲ႔ ပစ္ေပါက္ခဲ့သလို ရာဘာက်ည္နဲ႔လည္း ပစ္ခတ္ခဲ့ပါတယ္။

ဆႏၵျပသူတခ်ိဳ႕ကလည္း ရဲေတြကို အုတ္ခဲေတြနဲ႔ ပစ္ေပါက္ခဲ့ၾကၿပီး ေရနံဆီပုလင္းကို မီး႐ႈိ႕ၿပီးလည္း ပစ္သြင္းခဲ့ၾကပါတယ္။ ဒီအဓိက႐ုဏ္းအတြင္း လူတခ်ိဳ႕ ဖမ္းဆီးခံခဲ့ရပါတယ္။

Yuen Long ၿမိဳ႕မွာ ၿပီးခဲ့တဲ့ စေနေန႔က ဆႏၵျပမႈေတြအတြင္း အဓိက႐ုဏ္းႏွိမ္နင္းေရး ရဲတပ္ဖြဲ႔ဘက္က ထိန္းထိန္းသိမ္းသိမ္းရွိဖို႔ ေတာင္းဆိုခဲ့တဲ့ ထင္ရွားတဲ့ တက္ႂကြလႈပ္ရွားသူ အသက္ ၇၃ ႏွစ္အရြယ္ ဦးေလးခ်န္း ဒါမွမဟုတ္လည္း အဘုိးခ်န္းလို႔ ေခၚသူကို ရဲေတြက မ်က္ရည္ယိုဓာတ္ေငြ႔သံုးၿပီး တားဆီးခဲ့တဲ့ ဗီြဒီယို ပ်ံ႕ႏွံ႔ခဲ့ၿပီးေနာက္ ဒီကိစၥကို ဆႏၵျပသူေတြက မေက်မနပ္ ျဖစ္ခဲ့ၾကတာပါ။

တေနရာမွာေတာ့ ဆႏၵျပသူ ၅ ေယာက္ေလာက္က အုပ္ခ်ဳပ္ေရး႐ုံးတခုေရွ႕က တ႐ုတ္အလံကို ဆြဲခ်ၿပီး မီး႐ႈိ႕ခဲ့ၾကပါတယ္။ လူေတြစု႐ုံးခဲ့ၾကတဲ့ ပန္းၿခံထဲကို ရဲတပ္ဖြဲ႔က ၀င္ေရာက္လာၿပီး အဖမ္းအဆီးလုပ္ၿပီးေနာက္မွာ တင္းမာမႈ ျဖစ္ခဲ့တာပါ။

------------------------

(Unicode)

ဟောင်ကောင်-တရုတ်နယ်စပ် ရဲနဲ့ ဆန္ဒပြသူ အဓိကရုဏ်းဖြစ်

ဟောင်ကောင်ကျွန်းရဲ့ တရုတ်နဲ့ နယ်စပ်ဒေသမှာ စနေနေ့က ဆန္ဒပြသူတွေနဲ့ အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြပါတယ်။ ဘဏ္ဍာရေး လုပ်ငန်းတွေရဲ့ အချက်အချာ ဟောင်ကောင်ကျွန်းမှာ ဒီမိုကရေစီလိုလားတဲ့ ဆန့်ကျင် ဆန္ဒပြမှုတွေက သုံးလကျော် ရှိခဲ့ပါပြီ။

ဟောင်ကောင်ရဲ့ အစွန်အဖျားမြို့ တခုဖြစ်တဲ့ Tue Mun မှာ ကြမ်းကြမ်းတမ်းတမ်း လှုပ်ရှားသူတချို့ကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ပေါက်ခဲ့သလို ရာဘာကျည်နဲ့လည်း ပစ်ခတ်ခဲ့ပါတယ်။

ဆန္ဒပြသူတချို့ကလည်း ရဲတွေကို အုတ်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြပြီး ရေနံဆီပုလင်းကို မီးရှို့ပြီးလည်း ပစ်သွင်းခဲ့ကြပါတယ်။ ဒီအဓိကရုဏ်းအတွင်း လူတချို့ ဖမ်းဆီးခံခဲ့ရပါတယ်။

Yuen Long မြို့မှာ ပြီးခဲ့တဲ့ စနေနေ့က ဆန္ဒပြမှုတွေအတွင်း အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဘက်က ထိန်းထိန်းသိမ်းသိမ်းရှိဖို့ တောင်းဆိုခဲ့တဲ့ ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူ အသက် ၇၃ နှစ်အရွယ် ဦးလေးချန်း ဒါမှမဟုတ်လည်း အဘိုးချန်းလို့ ခေါ်သူကို ရဲတွေက မျက်ရည်ယိုဓာတ်ငွေ့သုံးပြီး တားဆီးခဲ့တဲ့ ဗွီဒီယို ပျံ့နှံ့ခဲ့ပြီးနောက် ဒီကိစ္စကို ဆန္ဒပြသူတွေက မကျေမနပ် ဖြစ်ခဲ့ကြတာပါ။

တနေရာမှာတော့ ဆန္ဒပြသူ ၅ ယောက်လောက်က အုပ်ချုပ်ရေးရုံးတခုရှေ့က တရုတ်အလံကို ဆွဲချပြီး မီးရှို့ခဲ့ကြပါတယ်။ လူတွေစုရုံးခဲ့ကြတဲ့ ပန်းခြံထဲကို ရဲတပ်ဖွဲ့က ဝင်ရောက်လာပြီး အဖမ်းအဆီးလုပ်ပြီးနောက်မှာ တင်းမာမှု ဖြစ်ခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG