သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံ ထူထောင်ခြင်း နှစ် (၇၀) ပြည့် အခန်းအနားကျင်းပ


တရုတ် ပြည်သူ့သမ္မတနိုင်ငံ ထူထောင်တဲ့ အနှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားမှာ တရုတ်အစိုးရက သူ့ရဲ့စစ်ရေးအင်အားကို ဒီကနေ့ ထုတ်ဖော်ပြသလိုက်ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင် မော်စီတုန်း တချိန်ကဝတ်ခဲ့တဲ့ ယူနီဖောင်းဝတ်စုံကို ဝတ်ပြီး သမ္မတ ရှီကျင်းပင် ဒီကနေ့ အခမ်းအနားကို တက်ပါတယ်။

၁၉၄၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှာ ပါတီခေါင်းဆောင် မော်စီတုန်းက တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ထူထောင်ကြောင်းကြေညာခဲ့တဲ့ တီယံနံမင်ရင်ပြင်မှာ တပ်ဖွဲ့အင်အား ရာနဲ့ချီပါဝင်တဲ့ ဒီကနေ့ စစ်ရေးပြအခမ်းအနားကို သမ္မတ ရှီနဲ့အတူ ဝန်ကြီးချုပ် Li Keqiang နဲ့ တခြား ပါတီခေါင်းဆောင်တွေလည်း တက်ရောက်ကြပါတယ်။

တတိုင်းပြည်လုံးကို တိုက်ရိုက်ထုတ်လွှင့်တဲ့ ရုပ်သံမိန့်ခွန်းမှာတော့ - သမ္မတ ရှီက တရုတ်နိုင်ငံရဲ့ အခြေခံအုတ်မြစ်ကို ဘယ်လိုအင်အားမျိုးနဲ့မှ ကိုင်လှုပ်နိုင်မှာမဟုတ်သလို၊ တရုတ်ပြည်သူတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကိုလည်း ဘယ်အရာကမှ ရပ်တန့်ပစ်နိုင်မှာမဟုတ်ကြောင်း ပြောဆိုသွားပါတယ်။

မိန့်ခွန်းပြောကြားအပြီးမှာတော့ အမိုးဖွင့်ထားတဲ့ လီမွန်ဆင်း ကားပေါ်မှာရပ်ပြီး စစ်ရေးအင်အားပြအခမ်းအနားကို လှည့်လည်ကြည့်ရှုပါတယ်။ နျူကလီးယားထိပ်ဖူးတခုထက်မနည်း တပ်ဆင်နိုင်တဲ့ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးတွေ၊ အသံထက်မြန်တဲ့ အဝေးထိန်း Drone ယာဉ်တွေ၊ တိုက်လေယာဉ်တွေ၊ တင့်ကားတွေ အပါအဝင် တရုတ်စစ်တပ်ပိုင် လက်နက်ကိရိယာ သစ်တွေကို အင်အားပြတဲ့ ဒီအခမ်းအနားမှာ နိုင်ငံထူထောင်ခြင်း နှစ် ၇၀ ပြည့်အထိမ်းအမှတ် အမြှောက်အချက်ပေါင်း ၇၀ ပစ်ခတ်ပြီး စတင်ဖွင့်လှစ်ခဲ့တာပါ။ အခမ်းအနားအဆုံးမှာတော့ ငြိမ်းချမ်းရေး သင်္ကေတအဖြစ် ဂျိုးငှက်အကောင် ၇ သောင်းလွှတ်ဖို့ အခမ်းအနားစီမံသူတွေက စီစဉ်ခဲ့ပါတယ်။

.....................

{Unicode}






တိုက်ရိုက် လင့်ခ်


XS
SM
MD
LG