အေမရိကန္နဲ႔ တ႐ုတ္ၾကား ကုန္သြယ္ေရးစစ္ပြဲ ေျဖရွင္းေရး ရည္ရြယ္တဲ့ ၁၃ ႀကိမ္ေျမာက္ ေဆြးေႏြးပြဲကို တ႐ုတ္ ဒုတိယ၀န္ႀကီးခ်ဳပ္ Liu He ဦးေဆာင္မယ္လုိ႔ တ႐ုတ္ဘက္က ေျပာဆိုလိုက္ပါတယ္။
တ႐ုတ္အမ်ိဳးသားေန႔ အားလပ္ရက္အၿပီး ေအာက္တိုဘာလ ၇ ရက္ေန႔ ေနာက္ပိုင္းမွာ အေမရိကန္ျပည္ေထာင္စု ၀ါရွင္တန္ဒီစီမွာ တ႐ုတ္နဲ႔ အေမရိကန္ၾကား ကုန္သြယ္ေရး ေဆြးေႏြးပြဲ လုပ္ဖို႔ရွိၿပီး တ႐ုတ္ ဒုတိယ၀န္ႀကီးခ်ဳပ္ Liu He က ၀ါရွင္တန္ကို သြားေရာက္မွာျဖစ္ေၾကာင္း ကုန္သြယ္ေရး ဒုတိယ၀န္ႀကီး Wang Shouwen က တနဂၤေႏြေန႔မွာ ေျပာဆိုပါတယ္။
တ႐ုတ္ရဲ႕ ရပ္တည္ခ်က္ကေတာ့ ႏွစ္ႏုိင္ငံၾကား တဖက္နဲ႔တဖက္ အျပန္အလွန္ ေလးစားမႈနဲ႔ အက်ိဳးစီးပြားေတြကို အေျခခံၿပီး ေျဖရွင္းခ်က္ရွာရမွာ ျဖစ္တယ္လို႔လည္း ကုန္သြယ္ေရး ဒု၀န္ႀကီး Wang က ထပ္ေလာင္းေျပာပါတယ္။
တ႐ုတ္ဘက္က အေလွ်ာ့ေပးလာေရးအတြက္ အေမရိကန္သမၼတ Donald Trump အစိုးရက တ႐ုတ္သြင္းကုန္ေတြအေပၚမွာ အခြန္တိုးျမႇင့္ ေကာက္ခံခဲ့ၿပီး တ႐ုတ္ဘက္ကလည္း လက္တုံ႔ျပန္တဲ့အေနနဲ႔ အေမရိကန္ သြင္းကုန္ေတြအေပၚ အခြန္တိုးေကာက္ထားပါတယ္။
ကမၻာ့ စီးပြားေရးအင္အားအႀကီးဆံုး ႏွစ္ႏုိင္ငံၾကား ကုန္သြယ္ေရး အျငင္းပြားမႈက ႀကီးထြားလာေနတာေၾကာင့္ အစုရွယ္ယာ ေစ်းႏႈန္းေတြအေပၚ ႐ုိက္ခတ္မႈေတြ ရွိေနသလို ကမၻာ့စီးပြားေရးအတြက္လည္း ၿခိမ္းေျခာက္မႈ ျဖစ္ေနပါတယ္။
----------------------------
(Unicode)
ကန်-တရုတ် ကုန်သွယ်ဆွေးနွေးမှု အောက်တိုဘာလဆန်း ပြန်စမည်
အမေရိကန်နဲ့ တရုတ်ကြား ကုန်သွယ်ရေးစစ်ပွဲ ဖြေရှင်းရေး ရည်ရွယ်တဲ့ ၁၃ ကြိမ်မြောက် ဆွေးနွေးပွဲကို တရုတ် ဒုတိယဝန်ကြီးချုပ် Liu He ဦးဆောင်မယ်လို့ တရုတ်ဘက်က ပြောဆိုလိုက်ပါတယ်။
တရုတ်အမျိုးသားနေ့ အားလပ်ရက်အပြီး အောက်တိုဘာလ ၇ ရက်နေ့ နောက်ပိုင်းမှာ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာ တရုတ်နဲ့ အမေရိကန်ကြား ကုန်သွယ်ရေး ဆွေးနွေးပွဲ လုပ်ဖို့ရှိပြီး တရုတ် ဒုတိယဝန်ကြီးချုပ် Liu He က ဝါရှင်တန်ကို သွားရောက်မှာဖြစ်ကြောင်း ကုန်သွယ်ရေး ဒုတိယဝန်ကြီး Wang Shouwen က တနင်္ဂနွေနေ့မှာ ပြောဆိုပါတယ်။
တရုတ်ရဲ့ ရပ်တည်ချက်ကတော့ နှစ်နိုင်ငံကြား တဖက်နဲ့တဖက် အပြန်အလှန် လေးစားမှုနဲ့ အကျိုးစီးပွားတွေကို အခြေခံပြီး ဖြေရှင်းချက်ရှာရမှာ ဖြစ်တယ်လို့လည်း ကုန်သွယ်ရေး ဒုဝန်ကြီး Wang က ထပ်လောင်းပြောပါတယ်။
တရုတ်ဘက်က အလျှော့ပေးလာရေးအတွက် အမေရိကန်သမ္မတ Donald Trump အစိုးရက တရုတ်သွင်းကုန်တွေအပေါ်မှာ အခွန်တိုးမြှင့် ကောက်ခံခဲ့ပြီး တရုတ်ဘက်ကလည်း လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန် သွင်းကုန်တွေအပေါ် အခွန်တိုးကောက်ထားပါတယ်။
ကမ္ဘာ့ စီးပွားရေးအင်အားအကြီးဆုံး နှစ်နိုင်ငံကြား ကုန်သွယ်ရေး အငြင်းပွားမှုက ကြီးထွားလာနေတာကြောင့် အစုရှယ်ယာ ဈေးနှုန်းတွေအပေါ် ရိုက်ခတ်မှုတွေ ရှိနေသလို ကမ္ဘာ့စီးပွားရေးအတွက်လည်း ခြိမ်းခြောက်မှု ဖြစ်နေပါတယ်။