သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုန်သွယ်ရေးစစ် ကြေအေးဖို့ တရုတ်က Trump ကို ကမ်းလှမ်း


မှတ်တမ်းဓာတ်ပုံ - အမေရိကန် သမ္မတ Trump နဲ့ တရုတ် သမ္မတ Xi တို့ G-20 ထိပ်သီးဆွေးနွေးပွဲမှာ တွေ့ဆုံခဲ့ကြစဉ်။
မှတ်တမ်းဓာတ်ပုံ - အမေရိကန် သမ္မတ Trump နဲ့ တရုတ် သမ္မတ Xi တို့ G-20 ထိပ်သီးဆွေးနွေးပွဲမှာ တွေ့ဆုံခဲ့ကြစဉ်။

ကမ္ဘာ့အင်အားအကြီးဆုံး စီးပွားရေး နှစ်နိုင်ငံကြား အခွန်ငွေ အပြန်အလှန် ကောက်ခံနေမှုကို အဆုံးသတ်ရေးအတွက် ကုန်သွယ်ရေးသဘောတူညီမှုအသစ် ရရှိဖို့ အတွက် ညှိုနှိုင်းဆောင်ရွက်ဖို့ တရုတ်အစိုးရက အမေရိကန်ကို ဗုဒ္ဓဟူးနေ့က မေတ္တာရပ်ခံခဲ့ပါတယ်။

အမေရိကန်အနေနဲ့ တရုတ်နဲ့ သင့်မြတ်စွာဆက်ဆံပြီး နှစ်နိုင်ငံအကျိူးပြုမယ့် ကုန်သွယ်ရေး စနစ် ပြန်လည် ကျင့်သုံးနိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရ Geng Shuang က ပြောပါတယ်။

အခုလို မေတ္တာရပ်ခံချက် အသစ်နဲ့ ပတ်သက်ပြီး အမေရိကန်ဘက်က သဘောတူညီမှုအသစ် ရရှိဖို့ ဘယ်လို ခြေလှမ်းယူမလဲဆိုတာ မသိရသေးပေမဲ့ နှစ်နိုင်ငံကြား ကုန်သွယ်ရေးဆွေးနွေးမှုတွေဟာ ဝါရှင်တန်မှာ နောက်လ ပြန်လည်စတင်ဖို့ရှိပါတယ်။ အဆင်မြင့်နည်းပညာဆိုင်ရာ မူပိုင်သဘောတူညီမှုတွေနဲ့ အခြားပြသနာတွေနဲ့ ပတ်သက်လို့ တရုတ်က လိုက်လျောဖို့ သဘောတူမှသာ သူ့အနေနဲ့ ညှိုနှိုင်းဆွေးနွေးဖို့ အဆင်သင့်ရှိမှာဖြစ်တယ်လို့ သမ္မတ Trump ကသတင်းထောက်တွေကို ပြောခဲ့ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ အမေရိကန်ပြည်ထောင်စုကို အမြတ်ထုတ်ခဲ့တာဟာ ၂၅ နှစ်ရှိပြီဖြစ်တဲ့အတွက် ဒီပြသနာကို တဦးဦးက ဖြေရှင်းပေးဖို့ တာဝန်ကျလာတာ ဖြစ်တယ်လို့ တရုတ်နဲ့ အခွန်ငွေ ကောက်ခံမှု ပြသနာကို သမ္မတက ကာကွယ်ပြောဆိုခဲ့ပါတယ်။ သူဟာ အရင် သမ္မတတွေဖြစ်တဲ့ Bill Clinton၊ George W Bush၊ Barack Obama တို့ရဲ့ တရုတ်ကုန်သွယ်ရေးပေါ်လစီ မအောင်မြင်မှုတွေကို ပြစ်တင်လိုက်ပြီး တရုတ်ပြဿနာကို ဖြေရှင်းဖို့ သူ့မှာ တာဝန်ကျလာတာဖြစ်တယ်လို့ သမ္မတ Trump ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG