သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-တရုတ် ကုန်သွယ်ရေးတင်းမာမှု Apple ကုမ္ပဏီ အခက်တွေ့


တရုတ်ကတင်ပို့တဲ့ နောက်ထပ်ကုန်ပစ္စည်းတွေအပေါ် အမေရိကန်က သွင်းကုန်ခွန်ကောက်ခံမယ့် သတ်မှတ်ချက်က Apple ကုမ္ပဏီ ထိခိုက်မယ့်အပြင် တောင်ကိုရီယားကုမ္ပဏီ Samsung တပန်းသာသွားစေလိမ့်မယ်လို့ Apple ကုမ္ပဏီအကြီးအကဲက သမ္မတ Donald Trump ကိုပြောကြားလိုက်ပါတယ်။

တရုတ်နဲ့ အမေရိကန်ကြား ကုန်သွယ်ရေးတင်းမာ နေတာက Apple ကုမ္ပဏီအတွက် Samsung နဲ့ပြိုင်ဆိုင်ဖို့ ခက်ခဲစေတဲ့အကြောင်း Apple အမှုဆောင်အရာရှိချုပ် Tim Cook က သောကြာနေ့က ညစာအတူစားစဉ် သူ့ကိုပြောခဲ့တယ်လို့ သမ္မတ Trump ကဆိုပါတယ်။ Tim Cook ထောက်ပြတဲ့ အချက်ဟာ လက်ခံစရာဖြစ်တာကြောင့် သူ့ဖက်က စဉ်းစားစရာဖြစ်တယ်လို့ သမ္မတက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

လက်ရှိကမ္ဘာ့ စမတ်ဖုန်းဈေးကွက်မှာ အရောင်းရဆုံး Samsung ကနံပတ် ၁ Huawei ကနံပတ် ၂ နဲ့ Apple ကနံပတ် ၃ နေရာတွေမှာရှိပါတယ်။ ဒါကြောင့် Samsung ကုမ္ပဏီဟာ Apple ရဲ့ အဓိကပြိုင်ဖက်လုပ်ငန်း တခုဖြစ်ပါတယ်။ Apple ကုမ္ပဏီက ထုတ်တဲ့ စမတ်ဖုန်းတွေ အပါအဝင် Apple ရဲ့ အရောင်းရဆုံး ပစ္စည်းတွေဟာ တရုတ်နိုင်ငံမှာ တပ်ဆင်တာ ဖြစ်တာကြောင့် သွင်းကုန်ခွန် နောက်ထပ် ၁၀% အကောက်ခံရမယ့် အခြေအနေဖြစ်နေပါတယ်။

iPhone, iPad နဲ့ MacBook တွေက ဒီဇင်ဘာ ၁၅ ရက်နောက်ပိုင်းမှ သွင်းကုန်ခွန်ပေးဖို့ ရွှေ့ဆိုင်းထားပေမဲ့ iWatch နာရီနဲ့ AirPod နားကြပ်တွေကတော့ စက်တင်ဘာ ၁ ရက်နေ့ကစပြီး အခွန်ဆောင်ရမှာဖြစ်ပါတယ်။ တောင်ကိုရီးယားကတင်ပို့တဲ့ Samsung Electronic ပစ္စည်းတွေကတော့ ၂ နိုင်ငံ ကုန်သွယ်ရေးသဘောတူညီချက်ကြောင့် သွင်းကုန်ခွန်ပေးစရာ မလိုပါဘူး။ Apple အနေနဲ့ သူ့ကုန်ပစ္စည်းတွေကို အမေရိကန်ထဲမှာ ထုတ်လုပ်ဖို့လည်း သမ္မတ Trump ကပြောကြားခဲ့ပါတယ်။ iPhone, iPad, iWatch စတဲ့ နည်းပညာအခြေခံပစ္စည်းတွေ ထုတ်လုပ်တဲ့ Apple ကုမ္ပဏီဟာ လေ့လာတီထွင်မှုပိုင်းကို အမေရိကန်မှာ အဓိကလုပ်ပေမယ့် ပစ္စည်းတွေ တပ်ဆင်တဲ့လုပ်ငန်းတွေကိုတော့ ပြည်ပနိုင်ငံမှာ ပြုလုပ်တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG