သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့စတော့ ဈေးထိုးကျ


Apple ကုမ္ပဏီရဲ့ထုတ်ကုန်ပစ္စည်းတွေ တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့လက သိသိသာသာအရောင်းကျဆင်းခဲ့တယ်လို့ကြေညာခဲ့ နောက်ပိုင်း မနေတုန်းက ကမ္ဘာတဝှမ်းက စတော့ရှယ်ရာဈေးတွေလည်း ကျဆင်းသွားခဲ့ပါတယ်။

ဒီအခြေအနေက ကမ္ဘာ့ စီးပွါးရေးနှေးကွေးမယ်ဆိုတဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။ မနေ့က ဈေးကွက်ပိတ်ချိန်မှာ အမေရိကန်ရဲ့နာမည်ကြီးစတော့ရှယ် ရာ အမျိုးအစား သုံးဆယ်ဟာ ၂.၈ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။

Apple ရဲ့စတော့ဈေးတွေလည်း ၉ရာခိုင်နှုန်းလောက်ကျဆင်းခဲ့ပါ တယ်။ ဥရောပနဲ့အာရှဈေးကွက်တွေမှာတော့ ဈေးကျဆင်းမှု အနည်းအကျဉ်းပဲရှိခဲ့ပါတယ်။ Apple ရဲ့ နှစ်သစ်ကူးကာလ ရောင်းအားတွေ တရုတ်နိုင်ငံမှာကျဆင်းခဲ့တယ်လို့ ဗုဒ္ဓဟူးနေ့ကကြေညာခဲ့ပြီးနောက်တရက်မှာပဲ အခုလိုစတော့ဈေးတွေ ကျဆင်းခဲ့တာပါ။

တရုတ်နိုင်ငံဟာအမေရိကန်ပြီးရင် ကမ္ဘာမှာ ဒုတိယစီးပွါးရေးအားအကောင်းဆုံးနိုင်ငံပါ။ အခုလို Apple ကုန်ပစ္စည်းတွေအရောင်းကျဆင်းခဲ့ရတာက အမေရိကန်သမ္မတဒေါ်နလ်ထရမ့်နဲ့ တရုတ်နိုင်ငံအကြား ကုန်သွယ်ရေးဆိုင် ရာတင်းမာမှုတွေရှိနေတာကြောင့်လို့ Apple ကုမဏီရဲ့အကြီးအကဲ Tim Cook ကအပြစ်တင်ပါတယ်။

ကမ္ဘာ့စတော့ ဈေးထိုးကျ
please wait

No media source currently available

0:00 0:00:26 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG