သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Iphone အဟောင်းတွေ နှေးကွေးအောင်လုပ်ခဲ့မှု Apple ကုမ္ပဏီတောင်းပန်


iphone 7
iphone 7

အိုင်ဖုန်း မော်ဒယ်အဟောင်းတွေရဲ့ အလုပ်လုပ်နိုင်စွမ်းအား နှေးလာအောင် လျို့ဝှက်ပြီး တမင်တကာ လုပ်ခဲ့ကြောင်း Apple ကုမ္ပဏီက ဝန်ချတောင်းပန်ပါတယ်။

Apple ကုမ္ပဏီအနေနဲ့ သူတို့ရဲ့ ကုန်ပစ္စည်းတွေရဲ့ သက်တမ်းတိုသွားအောင်တမင် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်တာမျိုး ၊ Apple ကုန်ပစ္စည်းအသုံးပြုနေတဲ့သူတွေကို ကုမ္ပဏီက အသစ်ထုတ်လိုက်တဲ့ ပစ္စည်းတွေကိုသုံးလာအောင်၊ နဂိုသုံးနေတဲ့ပစ္စည်းတွေကို စိတ်ပျက်သွားအောင်လည်း လုပ်မှာမဟုတ်ဘူးလို့ Apple ကုမ္ပဏီက သူတို့ရဲ့ အင်တာနက်စာမျက်နှာမှာ ကြာသပတေးနေ့က ကြေညာချက်ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

ပုဂ္ဂလိက စမ်းသပ်ခန်းတခုက iPhone 6 နဲ့ iPhone 7 မော်ဒယ်တွေကို စမ်းသပ်ရာကနေ ဒီဖုန်းတွေက ဟောင်းလာလေ အလုပ်လုပ်နိုင်စွမ်း ပိုနှေးလာတာကို တွေ့ရတာကြောင့် Apple ကုမ္ပဏီကို ပြောရာမှာ Apple က ဖုန်းမော်ဒယ်အဟောင်းတွေကို တမင်တကာနှေးအောင်လုပ်ခဲ့တယ်လို့ ဒီသီတင်းပတ်အစောပိုင်းမှာ ဝန်ခံလိုက်တာ ဖြစ်ပါတယ်။

iPhone 6 အတွက် ဘက်ထရီလဲဖို့ ကုန်ကျစရိတ် လျှော့ပေးတာ အပါအဝင် ဝယ်သူတွေရဲ့ ယုံကြည်မှုကို ပြန်ရဖို့ Apple က ကြိုးစားနေတယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG