သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်လေဆိပ်သွားတဲ့ ခရီးသည်တင်ယာဉ် လျှော့ချ


လုံခြုံရေးယူနေသည့် ဟောင်ကောင်ရဲတပ်ဖွဲ့ဝင်များ။ (စက်တင်ဘာ ၂၂၊ ၂၀၁၉)
လုံခြုံရေးယူနေသည့် ဟောင်ကောင်ရဲတပ်ဖွဲ့ဝင်များ။ (စက်တင်ဘာ ၂၂၊ ၂၀၁၉)

ဟောင်ကောင် နိုင်ငံတကာလေဆိပ်ကို ပြေးဆွဲနေတဲ့ ရထားနဲ့ ဘတ်စ်ကားခရီးစဉ်တွေကို ဟောင်ကောင်အာဏာပိုင်တွေ ဒီကနေ့မှာ လျှော့ချလိုက်ပါတယ်။

ကမ္ဘာပေါ်မှာ လေယာဉ်အဆင်းအတက် အများဆုံး လေဆိပ်တွေထဲက တခုဖြစ်တဲ့ ဟောင်ကောင် နိုင်ငံတကာလေဆိပ်မှာ အစိုးရကိုဆန့်ကျင်တဲ့ ဆန္ဒပြတာတွေကို ရှောင်ရှားနိုင်ဖို့အတွက် ရည်ရွယ်ပြီး အခုလို လုပ်ဆောင်လိုက်တာ ဖြစ်ပါတယ်။

လေဆိပ်အဆောက်အအုံထဲကို ဝင်ဖို့အတွက် လေယာဉ်လက်မှတ်အတုတွေ၊ ကြိုတင်လက်မှတ်အတုတွေကို အသုံးပြုကြဖို့ အင်တာနက်အွန်လိုင်းမှာ ပြောဆိုနေတာတွေရှိပြီး အဲဒီလိုလုပ်တာဟာ လိမ်လည်ပြီးတော့ အတုလုပ်တာ၊ စာရွက်စာတမ်းတွေကို မမှန်မကန် အသုံးပြုတာဖြစ်တယ်လို့ လေဆိပ်အာဏာပိုင်တွေ ကြေညာချက်ထုတ်ပြန်ပြီး သတိပေးလိုက်ပါတယ်။ ဒါ့အပြင် ဆန္ဒပြတဲ့သူတွေ အနေနဲ့လည်း လေဆိပ်ကို မလာကြဖို့ ပြောထားပါတယ်။

ဒါ့အပြင် ဒီကနေ့မှာလည်း ဆန္ဒပြတဲ့သူတွေဟာ တရုတ်အလံကို ခြေထောက်နဲ့ တက်နင်းပြီး ဘူတာရုံတွေနဲ့ လမ်းတွေပေါ်မှာ မီးရှို့ခဲ့ကြတာကြောင့် ဆန္ဒပြပွဲတွေဟာ အကြမ်းဖက်တဲ့အထိ ဖြစ်ခဲ့ပါတယ်။ အစောပိုင်းတုန်းကတော့ ဆန္ဒပြပွဲတွေဟာ ငြိမ်းချမ်းစွာရှိနေခဲ့ပြီး ဆန္ဒပြတဲ့သူတွေက ဈေးဝယ်စင်တာတခုကို ဝင်ရောက် ဆန္ဒပြခဲ့ကြတာပါ။

မနေ့ စနေနေ့ကတော့ ဟောင်ကောင်က ဘူတာရုံအသေးလေးတခုကို ဖျက်ဆီးခဲ့တဲ့ ဆန္ဒပြတဲ့သူတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေသုံးပြီး နှိမ်နင်းခဲ့ပါတယ်။

---------------------------

(Unicode)







တိုက်ရိုက် လင့်ခ်


XS
SM
MD
LG