သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဟာင္ေကာင္လည္ပတ္မႈယႏၱရား တဝက္တပ်က္ ရပ္ဆိုင္း


ေဟာင္ေကာင္တြင္ မ်က္ႏွာဖုံးမ်ားတပ္ၿပီး အစုိးရဆန္႔က်င္ ဆႏၵျပေနသူမ်ား။ (ေအာက္တုိဘာ ၅၊ ၂၀၁၉)

ေဟာင္ေကာင္မွာ ဒီကေန႔ ဆႏၵျပပဲြေတြက အၾကမ္းဖက္တဲ့အထိ ျဖစ္လာၿပီးတဲ့ေနာက္ ရထားေတြနဲ႔ ေျမေအာက္ရထား ေျပးဆဲြေနတာေတြ အားလုံးကို ရပ္ဆုိင္းလိုက္ၿပီ ျဖစ္ပါတယ္။ ဒါ့အျပင္ ဘဏ္ေတြက ေငြထုတ္တဲ့စက္ေတြမွာလည္း လူေတြတန္းစီေနၿပီး ေစ်းဆုိင္ေတြကိုလည္း ပိတ္ထားလိုက္ပါတယ္။

ေဟာင္ေကာင္အုပ္ခ်ဳပ္ေရးမွဴး Carrie Lam ကေတာ့ ဒီေန႔ဟာ ေဟာင္ေကာင္အတြက္ အေျခအေနေတြ အလြန္ကို ဆုိးရြားတဲ့ေန႔တေန႔ ျဖစ္တယ္လို႔ ေျပာလိုက္ပါတယ္။

ေဟာင္ေကာင္အုပ္ခ်ဳပ္ေရးမွဴးက ဆႏၵျပပဲြေတြမွာ မ်က္ႏွာဖုံးေတြ မတပ္ဆင္ရဘူးလို႔ တားျမစ္လုိက္တာကို အာခံတဲ့အေနနဲ႔ ဆႏၵျပတဲ့သူေတြက မ်က္ႏွာဖုံးေတြတပ္ဆင္ၿပီး လမ္းေပၚထြက္ ဆႏၵျပခဲ့ခ်ိန္မွာပဲ သူမက ႐ုပ္သံကေန မိန္႔ခြန္းေျပာၾကားခဲ့ၿပီး ေဟာင္ေကာင္မွာ ဘယ္တုန္းကမွ မႀကဳံဘူးတဲ့ အၾကမ္းဖက္မႈေတြေၾကာင့္ ေဟာင္ေကာင္ၿမိဳ႕ရဲ႕ လုပ္ငန္းလည္ပတ္မႈေတြ တခ်ိဳ႕တ၀က္ ရပ္ဆုိင္းေနၿပီျဖစ္တယ္လို႔ သူက ေျပာလိုက္ပါတယ္။

အၾကမ္းဖက္မႈေတြ တုိးၿပီးျဖစ္လာေနတာကို ထိန္းခ်ဳပ္ဖုိ႔အတြက္ ဆႏၵျပပဲြေတြမွာ မ်က္ႏွာဖုံးေတြမတပ္ဖို႔ တားျမစ္တာအျပင္ ေနာက္ထပ္ ဘာေတြထပ္လုပ္သြားမယ္ ဆုိတာကိုေတာ့ သူမက မေၾကညာခဲ့ပါဘူး။

ဆႏၵျပတဲ့သူေတြအေနနဲ႔ မ်က္ႏွာဖုံးေတြ မတပ္ဆင္ရဘူးလုိ႔ တားျမစ္လိုက္တဲ့အေပၚ အစိုးရကို ေ၀ဖန္သူေတြနဲ႔ ဆႏၵျပတဲ့သူေတြက ႐ႈတ္ခ်ခဲ့ၾကၿပီး သူမကေတာ့ အခုလို လုပ္တာဟာ တရား၀င္ျဖစ္ေၾကာင္း၊ ေဟာင္ေကာင္ျပည္သူေတြရဲ႕ ေန႔စဥ္လူမႈဘ၀နဲ႔ လြတ္လပ္မႈကို ကာကြယ္ဖို႔အတြက္ လုပ္တာျဖစ္သလို ေဟာင္ေကာင္ျပည္သူေတြရဲ႕ ဘ၀ေတြကို အၾကမ္းဖက္တဲ့ လူတစုရဲ႕ ဖ်က္ဆီးတာကိုလည္း သူမအေနနဲ႔ ခြင့္ျပဳမွာမဟုတ္ဘူးလို႔ ကာကြယ္ေျပာဆုိလိုက္ပါတယ္။

-----------------------------

(Unicode)

ဟောင်ကောင်လည်ပတ်မှုယန္တရား တဝက်တပျက် ရပ်ဆိုင်း

ဟောင်ကောင်မှာ ဒီကနေ့ ဆန္ဒပြပွဲတွေက အကြမ်းဖက်တဲ့အထိ ဖြစ်လာပြီးတဲ့နောက် ရထားတွေနဲ့ မြေအောက်ရထား ပြေးဆွဲနေတာတွေ အားလုံးကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ဘဏ်တွေက ငွေထုတ်တဲ့စက်တွေမှာလည်း လူတွေတန်းစီနေပြီး ဈေးဆိုင်တွေကိုလည်း ပိတ်ထားလိုက်ပါတယ်။

ဟောင်ကောင်အုပ်ချုပ်ရေးမှူး Carrie Lam ကတော့ ဒီနေ့ဟာ ဟောင်ကောင်အတွက် အခြေအနေတွေ အလွန်ကို ဆိုးရွားတဲ့နေ့တနေ့ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

ဟောင်ကောင်အုပ်ချုပ်ရေးမှူးက ဆန္ဒပြပွဲတွေမှာ မျက်နှာဖုံးတွေ မတပ်ဆင်ရဘူးလို့ တားမြစ်လိုက်တာကို အာခံတဲ့အနေနဲ့ ဆန္ဒပြတဲ့သူတွေက မျက်နှာဖုံးတွေတပ်ဆင်ပြီး လမ်းပေါ်ထွက် ဆန္ဒပြခဲ့ချိန်မှာပဲ သူမက ရုပ်သံကနေ မိန့်ခွန်းပြောကြားခဲ့ပြီး ဟောင်ကောင်မှာ ဘယ်တုန်းကမှ မကြုံဘူးတဲ့ အကြမ်းဖက်မှုတွေကြောင့် ဟောင်ကောင်မြို့ရဲ့ လုပ်ငန်းလည်ပတ်မှုတွေ တချို့တဝက် ရပ်ဆိုင်းနေပြီဖြစ်တယ်လို့ သူက ပြောလိုက်ပါတယ်။

အကြမ်းဖက်မှုတွေ တိုးပြီးဖြစ်လာနေတာကို ထိန်းချုပ်ဖို့အတွက် ဆန္ဒပြပွဲတွေမှာ မျက်နှာဖုံးတွေမတပ်ဖို့ တားမြစ်တာအပြင် နောက်ထပ် ဘာတွေထပ်လုပ်သွားမယ် ဆိုတာကိုတော့ သူမက မကြေညာခဲ့ပါဘူး။

ဆန္ဒပြတဲ့သူတွေအနေနဲ့ မျက်နှာဖုံးတွေ မတပ်ဆင်ရဘူးလို့ တားမြစ်လိုက်တဲ့အပေါ် အစိုးရကို ဝေဖန်သူတွေနဲ့ ဆန္ဒပြတဲ့သူတွေက ရှုတ်ချခဲ့ကြပြီး သူမကတော့ အခုလို လုပ်တာဟာ တရားဝင်ဖြစ်ကြောင်း၊ ဟောင်ကောင်ပြည်သူတွေရဲ့ နေ့စဉ်လူမှုဘဝနဲ့ လွတ်လပ်မှုကို ကာကွယ်ဖို့အတွက် လုပ်တာဖြစ်သလို ဟောင်ကောင်ပြည်သူတွေရဲ့ ဘဝတွေကို အကြမ်းဖက်တဲ့ လူတစုရဲ့ ဖျက်ဆီးတာကိုလည်း သူမအနေနဲ့ ခွင့်ပြုမှာမဟုတ်ဘူးလို့ ကာကွယ်ပြောဆိုလိုက်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG