သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဟာင္ေကာင္မွာ မ်က္ႏွာဖုံးတပ္ ဆႏၵမျပဖုိ႔ အမိန္႔ထုတ္


ဆႏၵျပပြဲ အ႐ွိန္ပိုျမင့္လာတဲ့ ေဟာင္ေကာင္မွာ ဆႏၵျပသူေတြ မ်က္ႏွာဖံုးစြပ္ ဆႏၵျပတာကို တားျမစ္ မိန္႔ထုတ္ျပန္လိုက္ပါတယ္။ စေနေန႔၊ ေအာက္တိုဘာ ၅ ရက္ကေန စတင္အသက္ဝင္မယ့္ ဒီတားျမစ္ခ်က္ကို ေဟာင္ေကာင္အစိုးရအႀကီးအကဲ အုပ္ခ်ဳပ္ေရးမွဴး Carrie Lam က ဒီကေန႔ ေၾကညာလိုက္တာ ျဖစ္ပါတယ္။

လက္႐ွိအေျခအေနက အမ်ားျပည္သူအတြက္ အလြန္စုိးရိမ္စရာျဖစ္လာတာေၾကာင့္ အုပ္ခ်ဳပ္ေရးအဖဲြ႔ရဲ႕ ဒီမနက္ အထူးအစည္းအေဝးပြဲကေန အေရးေပၚလုပ္ပိုင္ခြင့္ကို က်င့္သံုးဖုိ႔ ဆံုးျဖတ္ခဲ့ပါတယ္။

ဒီလုပ္ပိုင္ခြင့္အရ မ်က္ႏွာေတြကို ဖံုးအုပ္ကာကြယ္တာ တားျမစ္တဲ့ဥပေဒကို ထုတ္ျပန္တယ္လို႔ အုပ္ခ်ဳပ္ေရးမွဴး Carrie Lam က ေၾကညာသြားတာ ျဖစ္ပါတယ္။ ဒီဥပေဒသစ္ေၾကာင့္ မ်က္ႏွာဖံုးေတြစြပ္ၿပီး အၾကမ္းဖက္ ဆႏၵျပသူေတြ ေႏွာင့္ယွက္ဖ်က္စီးသူေတြကို ရဲက ဥပေဒအတိုင္း ေဆာင္႐ြက္တဲ့ေနရာမွာ အေထာက္အကူျဖစ္မယ္လုိ႔ သူက ေျပာပါတယ္။

အေရးေပၚဥပေဒေတြ က်င့္သံုးဖုိ႔ ဆံုးျဖတ္ခ်က္ဟာ ခက္ခဲေပမဲ့ အမ်ားျပည္သူ အက်ဳိးစီးပြားကို ကာကြယ္ဖုိ႔အတြက္ လိုအပ္တယ္လို႔လည္း ေဟာင္ေကာင္အစိုးရ အႀကီးအကဲက ဒီကေန႔ ေျပာၾကားသြားပါတယ္။ သူ႔ရဲ႕ ေၾကညာခ်က္ ထြက္လာခဲ့ၿပီးမၾကာခင္မွာပဲ မ်က္ႏွာဖံုးစြပ္ထားတဲ့ ဆႏၵျပသူ ရာနဲ႔ခ်ီ ေဟာင္ေကာင္ၿမိဳ႕လယ္မွာ ဆႏၵျပခဲ့ၾကပါတယ္။

မ်က္ႏွာေတြ ဖံုးအုပ္ဆႏၵျပသူေတြကို အစိုးရက တားျမစ္တာဟာ အဓိပၸါယ္မ႐ွိဘူးလို႔ သူတုိ႔က တံု႔ျပန္ခဲ့ၾကပါတယ္။ ေဟာင္ေကာင္အစိုးရက ဆႏၵျပပြဲေတြကို ထိန္းသိမ္းႏိုင္ဖို႔ ေဆာင္႐ြက္ခ်က္ေတြဟာ ဥပေဒနဲ႔အညီျဖစ္ဖုိ႔ လိုသလို လြတ္လပ္စြာ ဆႏၵေဖာ္ထုတ္ခြင့္ကို မထိခိုက္ဖုိ႔ အေရးႀကီးတယ္လို႔ ကုလသမဂ ၢလူ႔အခြင့္အေရးဆုိင္ရာ မဟာမင္းႀကီး႐ံုးက ဒီကေန႔ေျပာၾကားပါတယ္။

တ႐ုတ္ျပည္မႀကီးအစိုးရရဲ႕ ထိန္းခ်ဳပ္လႊမ္းမိုးမႈကို ဆန္႔က်င္တဲ့ ဆႏၵျပပြဲေတြ ေဟာင္ေကာင္မွာ ျဖစ္ေနတာ ေလးလ ေလာက္႐ွိေနပါၿပီ။ အမ်ားအားျဖင့္ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ဆႏၵျပၾကေပမဲ့ တခ်ဳိ႕က ရဲေတြနဲ႔ ထိပ္တိုက္ေတြ႔ အၾကမ္းဖက္ ဖ်က္ဆီးမႈေတြ လုပ္လာၾကပါတယ္။

အဂၤါေန႔တုန္းကေတာ့ ရဲကိုသံပိုက္နဲ႔႐ိုက္ဖုိ႔ႀကိဳးစားတဲ့ ဆယ္ေက်ာ္သက္ ေက်ာင္းသားတေယာက္ကို ရဲက အနီးကပ္ေသနတ္နဲ႔ပစ္ခတ္ခဲ့ပါတယ္။

[Unicode Version]

ဆန္ဒပြပွဲအရှိန်ပိုမြင့်လာတဲ့ ဟောင်ကောင်မှာ ဆန္ဒပြသူတွေ မျက်နှာဖုံးစွပ် ဆန္ဒပြတာကို တားမြစ်မိန့်ထုတ်ပြန်လိုက်ပါတယ်။ စနေနေ့၊ အောက်တိုဘာ ၅ ရက်ကနေ စတင်အသက်ဝင်မယ့် ဒီတားမြစ်ချက်ကို ဟောင်ကောင်အစိုးရအကြီးအကဲ အုပ်ချုပ်ရေးမှူး Carrie Lam က ဒီကနေ့ ကြေညာလိုက်တာ ဖြစ်ပါတယ်။

လက်ရှိအခြေအနေက အများပြည်သူအတွက် အလွန်စိုးရိမ်စရာဖြစ်လာတာကြောင့် အုပ်ချုပ်ရေးအဖွဲ့ရဲ့ ဒီမနက်အထူးအစည်းအဝေးပွဲကနေ အရေးပေါ်လုပ်ပိုင်ခွင့်ကို ကျင့်သုံးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီလုပ်ပိုင်ခွင့်အရ မျက်နှာတွေကို ဖုံးအုပ်ကာကွယ်တာ တားမြစ်တဲ့ဥပဒေကို ထုတ်ပြန်တယ်လို့ အုပ်ချုပ်ရေးမှူး Carrie Lam က ကြေညာသွားတာ ဖြစ်ပါတယ်။ ဒီဥပဒေသစ်ကြောင့် မျက်နှာဖုံးတွေစွပ်ပြီး အကြမ်းဖက် ဆန္ဒပြသူတွေ နှောင့်ယှက်ဖျက်စီးသူတွေကို ရဲက ဥပဒေအတိုင်းဆောင်ရွက်တဲ့နေရာမှာ အထောက်အကူဖြစ်မယ်လို့ သူက ပြောပါတယ်။

အရေးပေါ်ဥပဒေတွေ ကျင့်သုံးဖို့ ဆုံးဖြတ်ချက်ဟာ ခက်ခဲပေမဲ့ အများပြည်သူ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် လိုအပ်တယ်လို့လည်း ဟောင်ကောင်အစိုးရ အကြီးအကဲက ဒီကနေ့ ပြောကြားသွားပါတယ်။ သူ့ရဲ့ ကြေညာချက် ထွက်လာခဲ့ပြီးမကြာခင်မှာပဲ မျက်နှာဖုံးစွပ်ထားတဲ့ ဆန္ဒပြသူ ရာနဲ့ချီ ဟောင်ကောင်မြို့လယ်မှာ ဆန္ဒပြခဲ့ကြပါတယ်။

မျက်နှာတွေ ဖုံးအုပ်ဆန္ဒပြသူတွေကို အစိုးရက တားမြစ်တာဟာ အဓိပ္ပါယ်မရှိဘူးလို့ သူတို့က တုံ့ပြန်ခဲ့ကြပါတယ်။ ဟောင်ကောင်အစိုးရက ဆန္ဒပြပွဲတွေကို ထိန်းသိမ်းနိုင်ဖို့ ဆောင်ရွက်ချက်တွေဟာ ဥပဒေနဲ့အညီဖြစ်ဖို့လိုသလို လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ကို မထိခိုက်ဖို့ အရေးကြီးတယ်လို့ ကုလသမဂ ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ဒီကနေ့ပြောကြားပါတယ်။

တရုတ်ပြည်မကြီးအစိုးရရဲ့ ထိန်းချုပ်လွှမ်းမိုးမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဟောင်ကောင်မှာ ဖြစ်နေတာ လေးလ လောက်ရှိနေပါပြီ။ အများအားဖြင့် ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြကြပေမဲ့ တချို့က ရဲတွေနဲ့ ထိပ်တိုက်တွေ့ အကြမ်းဖက် ဖျက်ဆီးမှုတွေ လုပ်လာကြပါတယ်။

အင်္ဂါနေ့တုန်းကတော့ ရဲကိုသံပိုက်နဲ့ရိုက်ဖို့ကြိုးစားတဲ့ ဆယ်ကျော်သက် ကျောင်းသားတယောက်ကို ရဲက အနီးကပ်သေနတ်နဲ့ပစ်ခတ်ခဲ့ပါတယ်။

တိုက္႐ိုက္ လင့္ခ္

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG