ေဟာင္ေကာင္မွာ မ်က္ႏွာဖုံးမတပ္ဆင္ဖို႔ တားျမစ္ထားတဲ့ အေရးေပၚဥပေဒ ထုတ္ျပန္ထားတာကို ဆန္႔က်င္တဲ့အေနနဲ႔ ဒီမုိကေရစီေရး ေထာက္ခံဆႏၵျပတဲ့သူ ေထာင္ေပါင္းမ်ားစြာဟာ လမ္းေတြေပၚထြက္ ဆႏၵျပခဲ့ၾကၿပီး ဒါကို ရဲတပ္ဖဲြ႔က ေနရာအေတာ္မ်ားမ်ားမွာ မ်က္ရည္ယုိဗုံးေတြသုံးၿပီး ႏွိမ္နင္းခဲ့ပါတယ္။
ဆႏၵျပတဲ့သူေတြဟာ မုိးေတြရြာေနတဲ့ၾကားကပဲ ထီးေတြေဆာင္းၿပီးေတာ့ လမ္းေပၚထြက္ ဆႏၵျပခဲ့ၾကတာပါ။
ဆႏၵျပတဲ့သူေတြဟာ ေဟာင္ေကာင္က Pacific Place နာမည္ႀကီး ေစ်း၀ယ္စင္တာမွာ ၿငိမ္းခ်မ္းစြာ ဆႏၵျပေနၾကတာျဖစ္ၿပီး ဒါကို မ်က္ရည္ယိုဗုံးေတြသုံးၿပီး လူစုခဲြစရာ အေၾကာင္း မရွိဘူးလို႔ မ်က္ျမင္သက္ေသေတြက ေျပာပါတယ္။
ကိုလိုနီေခတ္က အသုံးျပဳခဲ့တဲ့ အေရးေပၚဥပေဒကို အသုံးျပဳခဲ့တာကို ဆန္႔က်င္တဲ့အေနနဲ႔ ဆႏၵျပတဲ့သူ ေထာင္ေပါင္းမ်ားစြာဟာ မ်က္ႏွာဖုံးေတြတပ္ဆင္ၿပီး ဆႏၵျပခဲ့ၾကတာ ျဖစ္ပါတယ္။ အဲဒီ အေရးေပၚဥပေဒအရ ဆႏၵျပတဲ့သူေတြအေနနဲ႔ သူတုိ႔ရဲ႕မ်က္ႏွာကို မ်က္ႏွာဖုံးေတြ တပ္ဆင္ၿပီး ကာထားမယ္ဆုိရင္ ေထာင္ဒဏ္ ၁ ႏွစ္ က်ခံရမွာျဖစ္ပါတယ္။
ေဟာင္ေကာင္ရဲတပ္ဖဲြ႔ေတြဟာ ဆႏၵျပပဲြႀကီး ၂ ခုနဲ႔ ရင္ဆုိင္ေနရၿပီး ေသာၾကာေန႔ ညတုန္းကလိုမ်ိဳး ဆႏၵျပပဲြေတြကေန အၾကမ္းဖက္တဲ့အထိ ျဖစ္လာမွာကို စိုးရိမ္ေနၾကပါတယ္။
ၿပီးခဲ့တဲ့ ေသာၾကာေန႔က ဆႏၵျပပဲြေတြဟာ အၾကမ္းဖက္တဲ့အထိ ျဖစ္ခဲ့တာေၾကာင့္ ေဟာင္ေကာင္က ေျမေအာက္ရထားနဲ႔ ရထားေျပးဆဲြတာေတြကို ရပ္တန္႔လိုက္ရၿပီး မေန႔ စေနေန႔မွာေတာ့ ေဟာင္ေကာင္ရဲ႕ လုပ္ငန္းလည္ပတ္မႈေတြဟာ တ၀က္ေလာက္ကို ရပ္ဆုိင္းသြားခဲ့တာ ျဖစ္ပါတယ္။
------------------------------
(Unicode)
အရေးပေါ်ဥပဒေကို အာခံတဲ့ မျက်နှာဖုံးတပ် ဟောင်ကောင်ဆန္ဒပြပွဲ
ဟောင်ကောင်မှာ မျက်နှာဖုံးမတပ်ဆင်ဖို့ တားမြစ်ထားတဲ့ အရေးပေါ်ဥပဒေ ထုတ်ပြန်ထားတာကို ဆန့်ကျင်တဲ့အနေနဲ့ ဒီမိုကရေစီရေး ထောက်ခံဆန္ဒပြတဲ့သူ ထောင်ပေါင်းများစွာဟာ လမ်းတွေပေါ်ထွက် ဆန္ဒပြခဲ့ကြပြီး ဒါကို ရဲတပ်ဖွဲ့က နေရာအတော်များများမှာ မျက်ရည်ယိုဗုံးတွေသုံးပြီး နှိမ်နင်းခဲ့ပါတယ်။
ဆန္ဒပြတဲ့သူတွေဟာ မိုးတွေရွာနေတဲ့ကြားကပဲ ထီးတွေဆောင်းပြီးတော့ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြတာပါ။
ဆန္ဒပြတဲ့သူတွေဟာ ဟောင်ကောင်က Pacific Place နာမည်ကြီး ဈေးဝယ်စင်တာမှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတာဖြစ်ပြီး ဒါကို မျက်ရည်ယိုဗုံးတွေသုံးပြီး လူစုခွဲစရာ အကြောင်း မရှိဘူးလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
ကိုလိုနီခေတ်က အသုံးပြုခဲ့တဲ့ အရေးပေါ်ဥပဒေကို အသုံးပြုခဲ့တာကို ဆန့်ကျင်တဲ့အနေနဲ့ ဆန္ဒပြတဲ့သူ ထောင်ပေါင်းများစွာဟာ မျက်နှာဖုံးတွေတပ်ဆင်ပြီး ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီ အရေးပေါ်ဥပဒေအရ ဆန္ဒပြတဲ့သူတွေအနေနဲ့ သူတို့ရဲ့မျက်နှာကို မျက်နှာဖုံးတွေ တပ်ဆင်ပြီး ကာထားမယ်ဆိုရင် ထောင်ဒဏ် ၁ နှစ် ကျခံရမှာဖြစ်ပါတယ်။
ဟောင်ကောင်ရဲတပ်ဖွဲ့တွေဟာ ဆန္ဒပြပွဲကြီး ၂ ခုနဲ့ ရင်ဆိုင်နေရပြီး သောကြာနေ့ ညတုန်းကလိုမျိုး ဆန္ဒပြပွဲတွေကနေ အကြမ်းဖက်တဲ့အထိ ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့က ဆန္ဒပြပွဲတွေဟာ အကြမ်းဖက်တဲ့အထိ ဖြစ်ခဲ့တာကြောင့် ဟောင်ကောင်က မြေအောက်ရထားနဲ့ ရထားပြေးဆွဲတာတွေကို ရပ်တန့်လိုက်ရပြီး မနေ့ စနေနေ့မှာတော့ ဟောင်ကောင်ရဲ့ လုပ်ငန်းလည်ပတ်မှုတွေဟာ တဝက်လောက်ကို ရပ်ဆိုင်းသွားခဲ့တာ ဖြစ်ပါတယ်။