သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဟာင္ေကာင္အပတ္စဥ္ဆႏၵျပမႈ အရွိန္ေလွ်ာ့


မ်က္ႏွာဖုံးမ်ားဝတ္ဆင္ၿပီး ေဟာင္ေကာင္ေဈးဝယ္စင္တာတခုတြင္ ဆႏၵျပေနသူမ်ား။ (ေအာက္တိုဘာ ၁၃၊ ၂၀၁၉)

ေဟာင္ေကာင္အစုိးရ အာဏာပိုင္ေတြက ဆႏၵျပပဲြေတြဟာ အမ်ားျပည္သူ ေဘးကင္းလုံၿခဳံေရးကို ၿခိမ္းေျခာက္ေနၿပီး ဆႏၵျပသူေတြဘက္က အၾကမ္းဖက္မႈေတြကို ျပည္တြင္း အၾကမ္းဖက္၀ါဒအျဖစ္ ေျပာဆုိလာေနတာေၾကာင့္ ေဟာင္ေကာင္က ဒီမုိကေရစီေရး ေထာက္ခံသူေတြဟာ အခုတပတ္အတြင္းမွာ ဆႏၵျပပဲြေတြကို အရွိန္ေလွ်ာ့ၿပီးေတာ့ လုပ္ေဆာင္ခဲ့ပါတယ္။

ဒီကေန႔ တနဂၤေႏြေန႔မွာေတာ့ ဆႏၵျပတဲ့သူ ၁ ေထာင္ေလာက္ ေဟာင္ေကာင္ကၽြန္းအလယ္က ေစ်း၀ယ္စင္တာအျပင္မွာ ဆႏၵျပခဲ့ၾကၿပီး လြတ္လပ္ေရးအတြက္ တုိက္ပဲြ၀င္ဖို႔ ေႂကြးေၾကာ္သံေတြကို ေအာ္ဟစ္ ဆႏၵျပခဲ့ၾကပါတယ္။

ေစ်း၀ယ္စင္တာအတြင္းမွာရွိတဲ့ တခ်ိဳ႕ မ်က္ႏွာဖုံးစြပ္ထားတဲ့ ဆႏၵျပတဲ့သူေတြကေတာ့ တ႐ုတ္ပိုင္လို႔ သံသယရွိတဲ့ စားေသာက္ဆုိင္မွာ အစားအေသာက္ေတြကို တကယ္၀ယ္တာမဟုတ္ဘဲ စက္ကေနတဆင့္ မွာၿပီး အေႏွာင့္အယွက္ေတြ ေပးခဲ့ပါတယ္။

ေဟာင္ေကာင္က လူငယ္ဆႏၵျပတဲ့သူေတြကို ေထာက္ခံေၾကာင္း ျပသတဲ့အေနနဲ႔ ေဟာင္ေကာင္မွာရွိတဲ့ သက္ႀကီးရြယ္အို လူႀကီးပိုင္းေတြကလည္း ေဟာင္ေကာင္ရဲဌာနခ်ဳပ္ေနရာမွာ အခုသီတင္းပတ္ကုန္အတြင္း ထုိင္သပိတ္ေမွာက္ခဲ့ၾကပါတယ္။

ၿပီးခဲ့တဲ့ ၄ လအတြင္းမွာေတာ့ ေဟာင္ေကာင္မွာ ဆႏၵျပပဲြေတြ အႀကီးအက်ယ္ျဖစ္ခဲ့ၿပီး တခါတရံမွာ အၾကမ္းဖက္တဲ့အထိပါ ျဖစ္ခဲ့တာပါ။ တ႐ုတ္အစုိးရက ေဟာင္ေကာင္ရဲ႕ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္နဲ႔ ႏုိင္ငံသားလြတ္လပ္ခြင့္ေတြကိုပါ ထိပါးလာေနတယ္လို႔ ယူဆလာတာေၾကာင့္ ေဟာင္ေကာင္ျပည္သူေတြက ဆႏၵျပခဲ့ၾကတာ ျဖစ္ပါတယ္။

----------------------------------

(Unicode)

ဟောင်ကောင်အပတ်စဉ်ဆန္ဒပြမှု အရှိန်လျှော့

ဟောင်ကောင်အစိုးရ အာဏာပိုင်တွေက ဆန္ဒပြပွဲတွေဟာ အများပြည်သူ ဘေးကင်းလုံခြုံရေးကို ခြိမ်းခြောက်နေပြီး ဆန္ဒပြသူတွေဘက်က အကြမ်းဖက်မှုတွေကို ပြည်တွင်း အကြမ်းဖက်ဝါဒအဖြစ် ပြောဆိုလာနေတာကြောင့် ဟောင်ကောင်က ဒီမိုကရေစီရေး ထောက်ခံသူတွေဟာ အခုတပတ်အတွင်းမှာ ဆန္ဒပြပွဲတွေကို အရှိန်လျှော့ပြီးတော့ လုပ်ဆောင်ခဲ့ပါတယ်။

ဒီကနေ့ တနင်္ဂနွေနေ့မှာတော့ ဆန္ဒပြတဲ့သူ ၁ ထောင်လောက် ဟောင်ကောင်ကျွန်းအလယ်က ဈေးဝယ်စင်တာအပြင်မှာ ဆန္ဒပြခဲ့ကြပြီး လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ဖို့ ကြွေးကြော်သံတွေကို အော်ဟစ် ဆန္ဒပြခဲ့ကြပါတယ်။

ဈေးဝယ်စင်တာအတွင်းမှာရှိတဲ့ တချို့ မျက်နှာဖုံးစွပ်ထားတဲ့ ဆန္ဒပြတဲ့သူတွေကတော့ တရုတ်ပိုင်လို့ သံသယရှိတဲ့ စားသောက်ဆိုင်မှာ အစားအသောက်တွေကို တကယ်ဝယ်တာမဟုတ်ဘဲ စက်ကနေတဆင့် မှာပြီး အနှောင့်အယှက်တွေ ပေးခဲ့ပါတယ်။

ဟောင်ကောင်က လူငယ်ဆန္ဒပြတဲ့သူတွေကို ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ ဟောင်ကောင်မှာရှိတဲ့ သက်ကြီးရွယ်အို လူကြီးပိုင်းတွေကလည်း ဟောင်ကောင်ရဲဌာနချုပ်နေရာမှာ အခုသီတင်းပတ်ကုန်အတွင်း ထိုင်သပိတ်မှောက်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ၄ လအတွင်းမှာတော့ ဟောင်ကောင်မှာ ဆန္ဒပြပွဲတွေ အကြီးအကျယ်ဖြစ်ခဲ့ပြီး တခါတရံမှာ အကြမ်းဖက်တဲ့အထိပါ ဖြစ်ခဲ့တာပါ။ တရုတ်အစိုးရက ဟောင်ကောင်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ နိုင်ငံသားလွတ်လပ်ခွင့်တွေကိုပါ ထိပါးလာနေတယ်လို့ ယူဆလာတာကြောင့် ဟောင်ကောင်ပြည်သူတွေက ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ေဟာင္ေကာင္အပတ္စဥ္ဆႏၵျပမႈ အရွိန္ေလွ်ာ့
please wait

No media source currently available

0:00 0:01:11 0:00
တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG