သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဟာင္ေကာင္ျပႆနာ ညင္သာစြာေျဖရွင္းဖို႔ ကန္ ေတာင္းဆို


ဆႏၵျပပြဲေတြ ရပ္သြားမယ့္ အရိပ္လကၡဏာမ်ဳိး လက္ရွိအခ်ိန္ထိ မေတြ႔ရေသးတဲ့ ေဟာင္ေကာင္ကၽြန္းက အေျခအေနကို ညင္သာတဲ့ နည္းလမ္းနဲ႔ေျဖရွင္းဖုိ႔ အေမရိကန္္ တာဝန္ရွိသူေတြက ထပ္ၿပီး ေတာင္းဆိုၾကပါတယ္။

“ေဟာင္ေကာင္လူထုနဲ႔ က်ေနာ္တို႔ၾကား တူညီတဲ့ အေျခခံတန္ဖိုးေတြျဖစ္တဲ့ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္နဲ႔ ၿငိမ္းခ်မ္းစြာ စုေဝးခြင့္ေတြကို အျပင္းအထန္ အကာအကြယ္ေပးရမယ္လို႔ က်ေနာ္တုို႔ယံုၾကည္ပါတယ္” ဆိုၿပီး အေရွ႕အာရွနဲ႔ ပစိဖိ္ေဒသေရးရာ အေမရိကန္ လက္ေထာက္ႏုိ္င္ငံျခားေရးဝန္ႀကီး David Stilwell က အထက္လႊတ္ေတာ္၊ ႏုိင္ငံျခား ဆက္ဆံေရးေကာ္မတီမွာ ဗုဒၶဟူးေန႔ကလုပ္တဲ့ ၾကားနာပြဲအတြင္း ေျပာသြားပါတယ္။

ေဟာင္ေကာင္ရဲ႕ ျမင့္မားတဲ့ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ အဆင့္အတန္းကို ေလးစားလိုက္နာေရး ကတိကဝတ္ေတြကို ထိန္းသိမ္းဖို႔ အေမရိကန္က တ႐ုတ္ကို ဆက္ၿပီး တိုက္တြန္းေနတဲ့အေၾကာင္း လက္ေထာက္ဝန္ႀကီး Stilwell က ေျပာပါတယ္။

ဆႏၵျပသူေတြဟာ ၁၉၈၄ ခုႏွစ္၊ တ႐ုတ္-ၿဗိတိန္ ပူးတြဲေၾကညာခ်က္ပါ ကတိျပဳခ်က္ေတြနဲ႔ “တႏုိင္ငံ၊ စနစ္ႏွစ္ခု” လို႔ သတ္မွတ္ထား တာကို တ႐ုတ္အစိုးရက အသိအမွတ္ျပဳဖို႔ ေတာင္းဆိုေနၾကတာလို႔ ႏုိင္ငံျခားေရးဝန္ႀကီး Mike Pompeo ကလည္း Fox စီးပြားေရး ႐ုပ္သံသတင္းဌာနနဲ႔ ဗုဒၶဟူးေန႔အေစာပိုင္း ေတြ႔ဆံုေမးျမန္းခန္းတခုမွာ ေျပာသြားပါတယ္။

၁၉၉၇ ခုႏွစ္၊ ဇူလိုင္လ ၁ ရက္ေန႔မွာ ၿဗိတိန္ လက္ထဲကေန ေဟာင္ေကာင္ကၽြန္းကို ျပန္လႊဲေျပာင္းယူၿပီးတဲ့ေနာက္ တ႐ုတ္က လိုက္နာလုပ္ေဆာင္မယ့္ မူေဘာင္ေတြကို ၁၉၈၄ ခုႏွစ္ ပူးတြဲေၾကညာခ်က္ထဲမွာ ေဖာ္ျပခဲ့တာပါ။ ေဟာင္ေကာင္က လူတိုင္းကို တ႐ုတ္က ညင္ညင္သာသာ ျပဳမူဆက္ဆံေစခ်င္တယ္ဆိုတာ သမၼတ ေဒၚနယ္လ္ဒ္ ထရမ့္ပ္က လည္း ေျပာထားတဲ့အေၾကာင္း၊ အဲဒီအခ်က္ေတြဟာ ေဟာင္ေကာင္ဆုိင္ရာ အေမရိကန္မူဝါဒရဲ႕ အဓိကအခ်က္ေတြ ျဖစ္တဲ့ အေၾကာင္း ဝန္ႀကီး Pompeo ကေျပာပါတယ္။
အေမရိကန္ေအာက္လႊတ္ေတာ္ကလည္း ေဟာင္ေကာင္ လူ႔အခြင့္အေရးနဲ႔ ဒီမိုကေရစီဆိုင္ရာဥပေဒကို အဂၤါေန႔မွာ တညီတၫြတ္ ထဲ အတည္ျပဳခဲ့ပါေသးတယ္။ အဲဒီဥပေဒအရ ဘ႑ာေငြေၾကးဆိုင္ရာ အဓိကဗဟိုခ်က္တခုအျဖစ္ ေဟာင္ေကာင္ကို အထူး အခြင့္ အေရး ဆက္ေပးဖို႔အတြက္ ေဟာင္ေကာင္မွာ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ ဆက္ရွိေနတယ္ဆိုတာ ႏုိင္္ငံျခားေရးဝန္ႀကီးက ေထာက္ခံေပး ရမွာျဖစ္ပါတယ္။

(Unicode)

ဟောင်ကောင်ပြဿနာ ညင်သာစွာဖြေရှင်းဖို့ ကန် တောင်းဆို

ဆန္ဒပြပွဲတွေ ရပ်သွားမယ့် အရိပ်လက္ခဏာမျိုး လက်ရှိအချိန်ထိ မတွေ့ရသေးတဲ့ ဟောင်ကောင်ကျွန်းက အခြေအနေကို ညင်သာတဲ့ နည်းလမ်းနဲ့ဖြေရှင်းဖို့ အမေရိကန် တာဝန်ရှိသူတွေက ထပ်ပြီး တောင်းဆိုကြပါတယ်။

“ဟောင်ကောင်လူထုနဲ့ ကျနော်တို့ကြား တူညီတဲ့ အခြေခံတန်ဖိုးတွေဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်တွေကို အပြင်းအထန် အကာအကွယ်ပေးရမယ်လို့ ကျနော်တို့ယုံကြည်ပါတယ်” ဆိုပြီး အရှေ့အာရှနဲ့ ပစိဖိဒေသရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး David Stilwell က အထက်လွှတ်တော်၊ နိုင်ငံခြားဆက်ဆံရေးကော်မတီမှာ ဗုဒ္ဓဟူးနေ့ကလုပ်တဲ့ ကြားနာပွဲအတွင်း ပြောသွားပါတယ်။

ဟောင်ကောင်ရဲ့ မြင့်မားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အဆင့်အတန်းကို လေးစားလိုက်နာရေး ကတိကဝတ်တွေကို ထိန်းသိမ်းဖို့ အမေရိကန်က တရုတ်ကို ဆက်ပြီး တိုက်တွန်းနေတဲ့အကြောင်း လက်ထောက်ဝန်ကြီး Stilwell က ပြောပါတယ်။
ဆန္ဒပြသူတွေဟာ ၁၉၈၄ ခုနှစ်၊ တရုတ်-ဗြိတိန် ပူးတွဲကြေညာချက်ပါ ကတိပြုချက်တွေနဲ့ “တနိုင်ငံ၊ စနစ်နှစ်ခု” လို့ သတ်မှတ်ထား တာကို တရုတ်အစိုးရက အသိအမှတ်ပြုဖို့ တောင်းဆိုနေကြတာလို့ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကလည်း Fox စီးပွားရေး ရုပ်သံသတင်းဌာနနဲ့ ဗုဒ္ဓဟူးနေ့အစောပိုင်း တွေ့ဆုံမေးမြန်းခန်းတခုမှာ ပြောသွားပါတယ်။

၁၉၉၇ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှာ ဗြိတိန် လက်ထဲကနေ ဟောင်ကောင်ကျွန်းကို ပြန်လွှဲပြောင်းယူပြီးတဲ့နောက် တရုတ်က လိုက်နာလုပ်ဆောင်မယ့် မူဘောင်တွေကို ၁၉၈၄ ခုနှစ် ပူးတွဲကြေညာချက်ထဲမှာ ဖော်ပြခဲ့တာပါ။ ဟောင်ကောင်က လူတိုင်းကို တရုတ်က ညင်ညင်သာသာ ပြုမူဆက်ဆံစေချင်တယ်ဆိုတာ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က လည်း ပြောထားတဲ့အကြောင်း၊ အဲဒီအချက်တွေဟာ ဟောင်ကောင်ဆိုင်ရာ အမေရိကန်မူဝါဒရဲ့ အဓိကအချက်တွေ ဖြစ်တဲ့ အကြောင်း ဝန်ကြီး Pompeo ကပြောပါတယ်။
အမေရိကန်အောက်လွှတ်တော်ကလည်း ဟောင်ကောင် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီဆိုင်ရာဥပဒေကို အင်္ဂါနေ့မှာ တညီတညွတ် ထဲ အတည်ပြုခဲ့ပါသေးတယ်။ အဲဒီဥပဒေအရ ဘဏ္ဍာငွေကြေးဆိုင်ရာ အဓိကဗဟိုချက်တခုအဖြစ် ဟောင်ကောင်ကို အထူး အခွင့် အရေး ဆက်ပေးဖို့အတွက် ဟောင်ကောင်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဆက်ရှိနေတယ်ဆိုတာ နိုင်ငံခြားရေးဝန်ကြီးက ထောက်ခံပေး ရမှာဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္
XS
SM
MD
LG