သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print

ေဟာင္ေကာင္ဆႏၵျပေက်ာင္းသားေသဆံုး


ေက်ာင္းသား Chow Tsz-Lok ရဲ႕ ဓာတ္ပံု (ႏို၀င္ဘာ၊ ၀၈၊ ၂၀၁၉)

(Zawgyi/Unicode)

ေဟာင္ေကာင္မွာ ၿပီးခဲ့တဲ့တနဂၤေႏြေန႔ဆႏၵျပမႈအတြင္း ကား Parking အျမင့္ေပၚကျပဳတ္က်တဲ့ ဆႏၵျပတကၠသိုလ္ေက်ာင္းသား ၁ ေယာက္ဒီကေန႔ ေသဆံုးသြားပါတယ္။

ေဟာင္ေကာင္သိပၸံနဲ႔နည္းပညာတကၠသိုလ္က အသက္ ၂၂ ႏွစ္အ႐ြယ္ ေက်ာင္းသား Chow Tsz-Lok တေယာက္ Parking ထဲမွာ ေသြးအိုင္ၾကား ေမ့ေျမာေနတာကို တနလၤာေန႔အေစာပိုင္းက ေတြ႔ခဲ့ၿပီးေနာက္ ေဆး႐ံုတင္ခဲ့တာျဖစ္ပါတယ္။

Kowloon ကၽြန္းက ဆႏၵျပပြဲေတြအတြင္း အဲဒီကား Parking နားမွာ ရဲေတြနဲ႔ဆႏၵျပသူေတြ အဓိက႐ုဏ္းျဖစ္ခဲ့တာပါ။ ရဲေတြကို အရာဝတၳဳေတြနဲ႔ ပစ္ေပါက္ခဲ့တဲ့ ဆႏၵျပသူေတြကုိ ရဲေတြဘက္က မ်က္ရည္ယိုဗံုးေတြနဲ႔ လူစုခဲြပါတယ္။

ေသဆံုးသြားတဲ့ေက်ာင္းသား Chow ဘယ္လိုေၾကာင့္ ကား Parking အျမင့္ကေန ျပဳတ္က်သလဲဆိုတာ အတိအက် မသိရေပမ့ဲ မ်က္ရည္ယိုဗံုးေတြ ေ႐ွာင္ရင္းျပဳတ္က်ခဲ့ပံုရတယ္လို႔ ေဟာင္ေကာင္ကလာတဲ့သတင္းေတြကေျပာပါတယ္။

ရဲေတြေနာက္ကလိုက္လို႔ ေက်ာင္းသားထြက္ေျပးရင္းနဲ႔ ျပဳတ္က်ေသဆံုးတယ္ဆိုတဲ့ ေျပာၾကားမႈကိုေတာ့ ေဟာင္ေကာင္ရဲတပ္ဖဲြ႔က ျငင္းဆိုပါတယ္။

သူဘာေၾကာင့္ ေသဆံုးခဲ့တယ္ဆိုတာ အျပည့္အဝ စံုစမ္းသြားမယ္လို႔လည္း ရဲတပ္ဖဲြ႔တာဝန္႐ွိသူက ဒီကေန႔ သတင္းစာ႐ွင္းပြဲမွာ ကတိေပးသြားပါတယ္။

ေဟာင္ေကာင္ဆႏၵျပပြဲေတြကို ဦးေဆာင္လႈပ္႐ွားေနတဲ့ Joshua Wong က ဝမ္းနည္းျခင္းအထိမ္းအမွတ္ အမည္းေရာင္ေတြဝတ္ၾကဖုိ႔ ေဟာင္ေကာင္ၿမိဳ႕ခံေတြကို တိုက္တြန္းခဲ့ပါတယ္။

ဆႏၵျပေက်ာင္းသား ေသဆံုးခဲ့တဲ့သတင္းထြက္လာခဲ့ၿပီးေနာက္မွာပဲ ေဟာင္ေကာင္တဝန္းမွာ ေအာက္ေမ့ျခင္း အထိမ္းအမွတ္အခမ္းအနားေတြ က်င္းပေနၾကပါတယ္။

ေဟာင္ေကာင္ဆႏၵျပေက်ာင္းသားေသဆံုး
please wait

No media source currently available

0:00 0:01:10 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဂိုဒေါင်ပေါ်ကပြုတ်ကျတဲ့ ဟောင်ကောင်ဆန္ဒပြကျောင်းသားသေဆုံး

ဟောင်ကောင်မှာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ဆန္ဒပြမှုအတွင်း ကား Parking အမြင့်ပေါ်ကပြုတ်ကျတဲ့ ဆန္ဒပြတက္ကသိုလ်ကျောင်းသား ၁ ယောက်ဒီကနေ့ သေဆုံးသွားပါတယ်။

ဟောင်ကောင်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်က အသက် ၂၂ နှစ်အရွယ် ကျောင်းသား Chow Tsz-Lok တယောက် Parking ထဲမှာ သွေးအိုင်ကြား မေ့မြောနေတာကို တနင်္လာနေ့အစောပိုင်းက တွေ့ခဲ့ပြီးနောက် ဆေးရုံတင်ခဲ့တာဖြစ်ပါတယ်။

Kowloon ကျွန်းက ဆန္ဒပြပွဲတွေအတွင်း အဲဒီကား Parking နားမှာ ရဲတွေနဲ့ဆန္ဒပြသူတွေ အဓိကရုဏ်းဖြစ်ခဲ့တာပါ။ ရဲတွေကို အရာဝတ္ထုတွေနဲ့ ပစ်ပေါက်ခဲ့တဲ့ ဆန္ဒပြသူတွေကို ရဲတွေဘက်က မျက်ရည်ယိုဗုံးတွေနဲ့ လူစုခွဲပါတယ်။

သေဆုံးသွားတဲ့ကျောင်းသား Chow ဘယ်လိုကြောင့် ကား Parking အမြင့်ကနေ ပြုတ်ကျသလဲဆိုတာ အတိအကျ မသိရပေမဲ့ မျက်ရည်ယိုဗုံးတွေ ရှောင်ရင်းပြုတ်ကျခဲ့ပုံရတယ်လို့ ဟောင်ကောင်ကလာတဲ့သတင်းတွေကပြောပါတယ်။

ရဲတွေနောက်ကလိုက်လို့ ကျောင်းသားထွက်ပြေးရင်းနဲ့ ပြုတ်ကျသေဆုံးတယ်ဆိုတဲ့ ပြောကြားမှုကိုတော့ ဟောင်ကောင်ရဲတပ်ဖွဲ့က ငြင်းဆိုပါတယ်။

သူဘာကြောင့် သေဆုံးခဲ့တယ်ဆိုတာ အပြည့်အဝ စုံစမ်းသွားမယ်လို့လည်း ရဲတပ်ဖွဲ့တာဝန်ရှိသူက ဒီကနေ့ သတင်းစာရှင်းပွဲမှာ ကတိပေးသွားပါတယ်။

ဟောင်ကောင်ဆန္ဒပြပွဲတွေကို ဦးဆောင်လှုပ်ရှားနေတဲ့ Joshua Wong က ဝမ်းနည်းခြင်းအထိမ်းအမှတ် အမည်းရောင်တွေဝတ်ကြဖို့ ဟောင်ကောင်မြို့ခံတွေကို တိုက်တွန်းခဲ့ပါတယ်။

ဆန္ဒပြကျောင်းသား သေဆုံးခဲ့တဲ့သတင်းထွက်လာခဲ့ပြီးနောက်မှာပဲ ဟောင်ကောင်တဝန်းမှာ အောက်မေ့ခြင်း အထိမ်းအမှတ်အခမ်းအနားတွေ ကျင်းပနေကြပါတယ်။

XS
SM
MD
LG