သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင် အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးမူ တရုတ်ပြောင်းမည်


 ဟောင်ကောင်၊ မကာအိုနဲ့ အခြေခံဥပဒေကော်မရှင် ညွှန်ကြားရေးမှူး Shen Chunyao (နိုဝင်ဘာ၊ ၀၁၊ ၂၀၁၉)
ဟောင်ကောင်၊ မကာအိုနဲ့ အခြေခံဥပဒေကော်မရှင် ညွှန်ကြားရေးမှူး Shen Chunyao (နိုဝင်ဘာ၊ ၀၁၊ ၂၀၁၉)

(Zawgyi/Unicode)

ဟောင်ကောင်မှာ အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်နဲ့ တခြားတာဝန်ရှိသူတွေ ခန့်အပ်၊ အစားထိုးတဲ့ ပုံစံကို တရုတ်က ပိုတိုးတက်အောင်လုပ်သွားမယ်လို့ တရုတ်တာဝန်ရှိသူ တယောက်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

အမျိုးသားလုံခြုံရေးကို ကာကွယ်နိုင်ဖို့ ဟောင်ကောင်ရဲ့ ဥပဒေစနစ် တိုးတက်အောင်ဆောင်ရွက်သွားမယ်လို့ တရုတ်ကွန်မြူနစ်ပါတီ တာဝန်ရှိသူတွေက ဒီတပတ်ထဲ ဆုံးဖြတ်ခဲ့ကြကြောင်း ဟောင်ကောင်၊ မကာအိုနဲ့ အခြေခံဥပဒေကော်မရှင် ညွှန်ကြားရေးမှူး Shen Chunyao က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ခွဲထွက်အားပေးတဲ့ လုပ်ရပ်တွေ၊ အမျိုးသားလုံခြုံရေးကို ထိခိုက်စေတဲ့ လုပ်ရပ်တွေကို တရုတ်အစိုးရက လုံးဝလက်ခံမှာ မဟုတ်ဘူးလို့ သူကဆိုပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟောင်ကောင်နဲ့ မကာအိုတို့မှာ နိုင်ငံခြားအစိုးရတွေ ဝင်စွက်ဖက်တာနဲ့ ခွဲထွက်ရေး၊ နိုင်ငံတော်ပုံကန်ရေးလုပ်ရပ်တွေလုပ်နေတာတွေကနေ အပြည့်အဝ ကာကွယ်သွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ဟောင်ကောင်မှာ တရုတ်ပြည်မကြီး အစိုးရရဲ့ ထိန်းချုပ်မှုတွေ ပိုများလာပြီး လွတ်လပ်ခွင့်တွေ ဆုံးရှုံးလာပြီလို့ဆိုပြီး အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဖြစ်နေတာ ၅ လရှိနေချိန်မှာ Shen Chunyao က ခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]






XS
SM
MD
LG