သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဟာင္ေကာင္တကၠသိုလ္ဝင္းေတြမွာ ဆႏၵျပသူေတြစု႐ုံး


ေဟာင္ေကာင္မွာ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ ပိုရဖို႔ ေတာင္းဆိုေနတဲ့ ဆႏၵျပသူေတြရဲ႕ ေနာက္ဆုံးစုရပ္ဟာ အခုအခါမွာ တကၠသိုလ္ေက်ာင္းေတြ ျဖစ္လာေနၿပီး ေက်ာင္းသားအမ်ားစုပါဝင္တဲ့ ဒီမိုကေရစီေရး ဆႏၵျပသူေတြက တကၠသိုလ္ဝင္းေတြထဲမွာ အတားအဆီးေတြ လုပ္ၿပီး စုေဝးေနၾကပါတယ္။ ဆႏၵျပသူေတြနဲ႔ အာဏာပိုင္ေတြၾကား အဓိက႐ုန္းေတြကလည္း ဆက္လက္ျဖစ္ပြါးေနတာပါ။

လမ္းမေတြေပၚမွာ ဆႏၵျပမႈေတြကို ထိန္းဖို႔ႀကိဳးစားေနတဲ့ ရဲေတြက CUHK ေဟာင္ေကာင္ တ႐ုတ္တကၠသိုလ္၊ Polytechnic တကၠသိုလ္နဲ႔ ေဟာင္ေကာင္တကၠသိုလ္ ေတြထဲ ဝင္ေရာက္ခဲ့သလို တကၠသိုလ္ ၂ ခုမွာ မ်က္ရည္ယိုဗုံးေတြနဲ႔ ပစ္ခတ္ခဲ့တဲ့အတြက္ ဒီလိုလုပ္ေဆာင္မႈက တျခားေက်ာင္း အမ်ားအျပားမွာပါ အဓိက႐ုန္းေတြ ျဖစ္လာေစတာပါ။

အဆိုးဆုံးကေတာ့ CUHK တ႐ုတ္တကၠသိုလ္မွာ ျဖစ္ပါတယ္။ ေက်ာင္းသား အမ်ားအျပားကို ေက်ာင္းဝင္းထဲဝင္ၿပီး ရဲေတြက ဖမ္းခဲ့တဲ့အျပင္ အၾကမ္းဖက္မႈနဲ႔ပါ သူတို႔ကို တရားစြဲဆိုခဲ့တဲ့ေနာက္ ေက်ာင္းပရဝဏ္ဟာ ေက်ာင္းသားေတြရဲ႕ ခုခံကာကြယ္ေရးစခန္း အျဖစ္ေျပာင္းလဲ သြားခဲ့ပါတယ္။

လက္ရွိေက်ာင္းတက္ေနတဲ့ ေက်ာင္သားေတြေရာ ေက်ာင္းသားေဟာင္းေတြနဲ႔ တျခားတကၠသိုလ္ေတြက ေက်ာင္းသားေတြပါ ေရာက္လာၾကၿပီး ေက်ာင္းထဲက တံတားကို သိမ္းပိုက္ခဲ့ၾကသလို ရဲေတြ ေက်ာင္းဝင္းထဲ မလာေအာင္ လက္လုပ္ မီးေလာင္ဗုံးနဲ႔ ပစ္တာေတြ မီးတင္ရႈိ႕တာေတြ လုပ္ခဲ့ၾကပါတယ္။ အၾကမ္းဖက္ ႏွိမ္နင္းေရး ရဲေတြဟာ အဂၤါေန႔ညက ေက်ာင္းဝင္းထဲကေန ျပန္ဆုတ္သြားခဲ့ပါတယ္။ ဗုဒၶဟူးေန႔ ညေနအထိ ဆႏၵျပသူေတြက ေက်ာင္းဝင္းကို သိမ္းပိုက္ထားဆဲပဲလို႔ ရဲေတြက ေျပာပါတယ္။
ရဲေတြကေတာ့ အင္အားကို တတ္ႏိုင္သမွ် အနည္းဆုံးသုံးမွာ ျဖစ္ၿပီး ေက်ာင္းဝင္းထဲက ထြက္သြားခ်င္သူေတြကို အကူညီေပးဖို႔ သူတို႔ ရွိေနမွာ ျဖစ္ေၾကာင္း ေျပာပါတယ္။ လူအုပ္ထဲကေန အုတ္ခဲေတြ၊ လက္လုပ္မီးေလာင္ဗုံးနဲ႔ ပစ္သူေတြ ၊ ျမွားနဲ႔ ပစ္သူေတြကို အေရးယူခဲ့တယ္လို႔ ရဲက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ဟောင်ကောင်တက္ကသိုလ်ဝင်းတွေမှာ ဆန္ဒပြသူတွေစုရုံး

ဟောင်ကောင်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုရဖို့ တောင်းဆိုနေတဲ့ ဆန္ဒပြသူတွေရဲ့ နောက်ဆုံးစုရပ်ဟာ အခုအခါမှာ တက္ကသိုလ်ကျောင်းတွေ ဖြစ်လာနေပြီး ကျောင်းသားအများစုပါဝင်တဲ့ ဒီမိုကရေစီရေး ဆန္ဒပြသူတွေက တက္ကသိုလ်ဝင်းတွေထဲမှာ အတားအဆီးတွေ လုပ်ပြီး စုဝေးနေကြပါတယ်။ ဆန္ဒပြသူတွေနဲ့ အာဏာပိုင်တွေကြား အဓိကရုန်းတွေကလည်း ဆက်လက်ဖြစ်ပွါးနေတာပါ။

လမ်းမတွေပေါ်မှာ ဆန္ဒပြမှုတွေကို ထိန်းဖို့ကြိုးစားနေတဲ့ ရဲတွေက CUHK ဟောင်ကောင် တရုတ်တက္ကသိုလ်၊ Polytechnic တက္ကသိုလ်နဲ့ ဟောင်ကောင်တက္ကသိုလ် တွေထဲ ဝင်ရောက်ခဲ့သလို တက္ကသိုလ် ၂ ခုမှာ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒီလိုလုပ်ဆောင်မှုက တခြားကျောင်း အများအပြားမှာပါ အဓိကရုန်းတွေ ဖြစ်လာစေတာပါ။

အဆိုးဆုံးကတော့ CUHK တရုတ်တက္ကသိုလ်မှာ ဖြစ်ပါတယ်။ ကျောင်းသား အများအပြားကို ကျောင်းဝင်းထဲဝင်ပြီး ရဲတွေက ဖမ်းခဲ့တဲ့အပြင် အကြမ်းဖက်မှုနဲ့ပါ သူတို့ကို တရားစွဲဆိုခဲ့တဲ့နောက် ကျောင်းပရဝဏ်ဟာ ကျောင်းသားတွေရဲ့ ခုခံကာကွယ်ရေးစခန်း အဖြစ်ပြောင်းလဲ သွားခဲ့ပါတယ်။

လက်ရှိကျောင်းတက်နေတဲ့ ကျောင်သားတွေရော ကျောင်းသားဟောင်းတွေနဲ့ တခြားတက္ကသိုလ်တွေက ကျောင်းသားတွေပါ ရောက်လာကြပြီး ကျောင်းထဲက တံတားကို သိမ်းပိုက်ခဲ့ကြသလို ရဲတွေ ကျောင်းဝင်းထဲ မလာအောင် လက်လုပ် မီးလောင်ဗုံးနဲ့ ပစ်တာတွေ မီးတင်ရှို့တာတွေ လုပ်ခဲ့ကြပါတယ်။ အကြမ်းဖက် နှိမ်နင်းရေး ရဲတွေဟာ အင်္ဂါနေ့ညက ကျောင်းဝင်းထဲကနေ ပြန်ဆုတ်သွားခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့ ညနေအထိ ဆန္ဒပြသူတွေက ကျောင်းဝင်းကို သိမ်းပိုက်ထားဆဲပဲလို့ ရဲတွေက ပြောပါတယ်။

ရဲတွေကတော့ အင်အားကို တတ်နိုင်သမျှ အနည်းဆုံးသုံးမှာ ဖြစ်ပြီး ကျောင်းဝင်းထဲက ထွက်သွားချင်သူတွေကို အကူညီပေးဖို့ သူတို့ ရှိနေမှာ ဖြစ်ကြောင်း ပြောပါတယ်။ လူအုပ်ထဲကနေ အုတ်ခဲတွေ၊ လက်လုပ်မီးလောင်ဗုံးနဲ့ ပစ်သူတွေ ၊ မြှားနဲ့ ပစ်သူတွေကို အရေးယူခဲ့တယ်လို့ ရဲက ပြောပါတယ်။

XS
SM
MD
LG