သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဟာင္ေကာင္အဓိက႐ုဏ္း ကန္စိုးရိမ္


(Zawgyi/Unicode)

ေဟာင္ေကာင္ကြ်န္းမွာ ရဲေတြနဲ႔ ဆႏၵျပသူေတြၾကား ထိပ္တိုက္ေတြ႔ အဓိကရုန္းေတြ ျဖစ္ေနတာနဲ႔ အတူဘဲ ႏုိင္ငံေရး မတည္ၿငိမ္မႈန႔ဲ အၾကမ္းဖက္မႈေတြ ပိုၿပီး ႀကီးထြားလာေနတဲ႔ အေပၚ အထူးဘဲ စိုးရိမ္ေၾကာင္း အေမရိကန္ ျပည္ေထာင္စုက ေျပာဆိုပါတယ္။

ေဟာင္ေကာင္က ပါ၀င္ ပတ္သက္သူ အသီးသီး အေနနဲ႔ တည္တည္ၿငိမ္ၿငိမ္ ေအးေအးေဆးေဆး ရွိၾကဖို႔ အႀကိမ္ႀကိမ္ တိုက္တြန္းထားပါေၾကာင္း၊ ဘယ္ဘက္က အၾကမ္းဖက္သည္ ျဖစ္ေစ လက္ခံႏုိင္ဖြယ္ မရွိေၾကာင္း၊ ေဟာင္ေကာင္ကြ်န္း တည္ၿငိမ္လာေရး အတြက္ ေဟာင္ေကာင္ အစိုးရမွာ အဓိက တာ၀န္ရွိပါတယ္လို႔ ႏုိင္ငံျခားေရး ၀န္ႀကီး Mike Pompeo က ႏုိင္ငံျခားေရး ဌာန တနလာၤေန႔ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာဆိုပါတယ္။

ေဟာင္ေကာင္က ဆႏၵျပသူေတြ အေနနဲ႔ တိုက္ခုိက္ေနတာေတြ မရပ္ဘူးဆိုရင္ က်ည္အစစ္ အသံုးျပဳမယ္လို႔ ရဲတပ္ဖြဲ႔က ၿခိမ္းေျခာက္ထားၿပီး ေနာက္မွာဘဲ အေမရိကန္ ႏုိင္ငံျခားေရး ၀န္ႀကီးက အခုလို ေျပာဆိုတာ ျဖစ္ပါတယ္။

မတည္ၿငိမ္မႈေတြ အၾကမ္းဖက္မႈေတြကို တရားဥပေဒ စိုးမိုးေရး လုပ္ရပ္ တခုတည္းနဲ႔ ေျဖရွင္းလို႔ ရတာမ်ိဳး မဟုတ္ေၾကာင္း၊ ျပည္သူေတြရဲ႕ စိုးရိမ္ခ်က္ လိုလားခ်က္ေတြကို အစိုးရဘက္က ရွင္းရွင္းလင္းလင္း အေရးယူ ေဆာင္ရြက္ေပးရမွာ ျဖစ္တယ္လို႔လည္း အေမရိကန္ ႏုိင္ငံျခားေရး ၀န္ႀကီးက ထပ္ေလာင္း ေျပာပါတယ္။

ေဟာင္ေကာင္ Polytechnic တကၠသိုလ္ ထဲက ဒါဇင္နဲ႔ခ်ီတဲ႔ ေက်ာင္းသားေတြ ရဲ အတားအဆီးကို မေက်ာ္ႏုိင္ဖို႔ တကၠသိုလ္ ပတ္လည္မွာ အတားအဆီးေတြ ကာရံထားသလို ရဲတပ္ဖြဲ႔ကိုလည္း တိုးျမွင့္ခ်ထားပါတယ္။

တကၠသိုလ္၀င္းထဲမွာ ပိတ္မိေနတဲ႔ ရာနဲ႔ခ်ီတဲ႔ ဆႏၵျပ ေက်ာင္းသားေတြ ေအးေအးေဆးေဆး ထြက္ခြာသြားႏုိင္ေရး အတြက္ ရဲတပ္ဖြဲ႔နဲ႔ ညွိႏိႈင္းသေဘာတူခ်က္ ရထားၿပီလို႔ တကၠသိုလ္ အႀကီးအကဲက ေျပာဆိုထားပါတယ္။ အဲဒီ သေဘာတူညီခ်က္ ဘယ္အခ်ိန္မွာ စၿပီး သက္ေရာက္မႈ ရွိမလဲေတာ့ မသိရေသးပါဘူး။

ေဟာင္ေကာင္အဓိက႐ုဏ္း ကန္စိုးရိမ္
please wait

No media source currently available

0:00 0:01:31 0:00
တိုက္႐ိုက္ လင့္ခ္


.........................

ဟောင်ကောင်အဓိကရုဏ်း ကန်စိုးရိမ်

(Unicode)

ဟောင်ကောင်ကျွန်းမှာ ရဲတွေနဲ့ ဆန္ဒပြသူတွေကြား ထိပ်တိုက်တွေ့ အဓိကရုန်းတွေ ဖြစ်နေတာနဲ့ အတူဘဲ နိုင်ငံရေး မတည်ငြိမ်မှုနဲ့ အကြမ်းဖက်မှုတွေ ပိုပြီး ကြီးထွားလာနေတဲ့ အပေါ် အထူးဘဲ စိုးရိမ်ကြောင်း အမေရိကန် ပြည်ထောင်စုက ပြောဆိုပါတယ်။ ဟောင်ကောင်က ပါဝင် ပတ်သက်သူ အသီးသီး အနေနဲ့ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး ရှိကြဖို့ အကြိမ်ကြိမ် တိုက်တွန်းထားပါကြောင်း၊ ဘယ်ဘက်က အကြမ်းဖက်သည် ဖြစ်စေ လက်ခံနိုင်ဖွယ် မရှိကြောင်း၊ ဟောင်ကောင်ကျွန်း တည်ငြိမ်လာရေး အတွက် ဟောင်ကောင် အစိုးရမှာ အဓိက တာဝန်ရှိပါတယ်လို့ နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က နိုင်ငံခြားရေး ဌာန တနလာၤနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။

ဟောင်ကောင်က ဆန္ဒပြသူတွေ အနေနဲ့ တိုက်ခိုက်နေတာတွေ မရပ်ဘူးဆိုရင် ကျည်အစစ် အသုံးပြုမယ်လို့ ရဲတပ်ဖွဲ့က ခြိမ်းခြောက်ထားပြီး နောက်မှာဘဲ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက အခုလို ပြောဆိုတာ ဖြစ်ပါတယ်။

မတည်ငြိမ်မှုတွေ အကြမ်းဖက်မှုတွေကို တရားဥပဒေ စိုးမိုးရေး လုပ်ရပ် တခုတည်းနဲ့ ဖြေရှင်းလို့ ရတာမျိုး မဟုတ်ကြောင်း၊ ပြည်သူတွေရဲ့ စိုးရိမ်ချက် လိုလားချက်တွေကို အစိုးရဘက်က ရှင်းရှင်းလင်းလင်း အရေးယူ ဆောင်ရွက်ပေးရမှာ ဖြစ်တယ်လို့လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ထပ်လောင်း ပြောပါတယ်။

ဟောင်ကောင် Polytechnic တက္ကသိုလ် ထဲက ဒါဇင်နဲ့ချီတဲ့ ကျောင်းသားတွေ ရဲ အတားအဆီးကို မကျော်နိုင်ဖို့ တက္ကသိုလ် ပတ်လည်မှာ အတားအဆီးတွေ ကာရံထားသလို ရဲတပ်ဖွဲ့ကိုလည်း တိုးမြှင့်ချထားပါတယ်။ တက္ကသိုလ်ဝင်းထဲမှာ ပိတ်မိနေတဲ့ ရာနဲ့ချီတဲ့ ဆန္ဒပြ ကျောင်းသားတွေ အေးအေးဆေးဆေး ထွက်ခွာသွားနိုင်ရေး အတွက် ရဲတပ်ဖွဲ့နဲ့ ညှိနှိုင်းသဘောတူချက် ရထားပြီလို့ တက္ကသိုလ် အကြီးအကဲက ပြောဆိုထားပါတယ်။ အဲဒီ သဘောတူညီချက် ဘယ်အချိန်မှာ စပြီး သက်ရောက်မှု ရှိမလဲတော့ မသိရသေးပါဘူး။

XS
SM
MD
LG