(Zawgyi / Unicode)
ေဟာင္ေကာင္က အစိုးရဆန္႔က်င္ေရး ဆႏၵျပသူေတြ ထိန္းခ်ဳပ္ထားတဲ့ တကၠသိုလ္ကို ရဲတပ္ဖြဲ႔က တနဂၤေႏြေန႔ တညလံုး ၀ိုင္းရံထားခဲ့ၿပီးေနာက္ တနလၤာေန႔မနက္ အေစာပိုင္းမွာေတာ့ ရဲတပ္ဖြဲ႔က ၀င္ေရာက္စီးနင္းခဲ့ပါတယ္။
တနလာၤေန႔ အ႐ုဏ္မတက္ခင္အခ်ိန္ ရဲတပ္ဖြဲ႔က လႈပ္ရွားေဆာင္ရြက္တာမွာ တကၠသိုလ္၀င္းအတြင္း မီးေလာင္ေပါက္ကြဲမႈေတြလည္း ေတြ႔ရပါတယ္။
တကၠသိုလ္အေဆာင္ေတြအတြင္း ၀င္ေရာက္စီးနင္းဖို႔အတြက္လည္း အထူးဗ်ဴဟာအဖြဲ႔ကို အသံုးျပဳခဲ့ပါတယ္။
ဆႏၵျပသူ ဒါဇင္နဲ႔ခ်ီ အဖမ္းခံရၿပီး တိုက္႐ုိက္ထုတ္လႊင့္ေနတဲ့ ႐ုပ္သံထဲမွာေတာ့ ရဲကားတစင္းနဲ႔ တကၠသိုလ္ အ၀င္ဂိတ္မွာလည္း မီးေတာက္ေတြ ေတြ႔ေနရပါတယ္။
ေဟာင္ေကာင္က တကၠသိုလ္၀င္းထဲမွာ တနဂၤေႏြေန႔ သန္းေခါင္ေက်ာ္ တနလာၤေန႔ အကူး မနက္ခင္း အေစာပိုင္းက ဆႏၵျပ ေက်ာင္းသားေတြနဲ႔ ရဲတပ္ဖြဲ႔ၾကား ထိပ္တိုက္ေတြ႔ၿပီး ႐ုန္းရင္းဆန္ခတ္ ျဖစ္ခဲ့ပါတယ္။
ေဟာင္ေကာင္ကြ်န္းမွာ ၿပီးခဲ့တဲ့ ၅ လေက်ာ္က စခဲ့တဲ့ အစိုးရဆန္႔က်င္ေရး ဆႏၵျပပြဲေတြ အတြင္း အဆိုးရြားဆံုး အၾကမ္းဖက္မႈတခုလို ျဖစ္ခဲ့တာပါ။
ဆႏၵျပေက်ာင္းသားတဖြဲ႔က သီတင္းပတ္နဲ႔ခ်ီၿပီး အတားအဆီးေတြ လုပ္ထားၿပီး အုတ္ခဲေတြ၊ ေလာက္ေလးခြေတြ၊ ဓာတ္ဆီပုလင္းေတြ အပါအ၀င္ လက္ျဖစ္လက္နက္ေတြ သိုေလွာင္ထားရာ ေဟာင္ေကာင္ Polytechnic တကၠသိုလ္ အေဆာင္ေတြမွာ တနဂၤေႏြေန႔ ေႏွာင္းပိုင္းက ရဲတပ္ဖြဲ႔က ၀င္ေရာက္ စီးနင္းခဲ့တာပါ။
ရဲေတြက ညအေမွာင္ကို အသာစီးရယူၿပီး မီးသတ္ပိုက္ေတြ အသံုးျပဳခဲ့သလို မ်က္ရည္ယိုဗံုးေတြနဲ႔လည္း ပစ္ခတ္ခဲ့ပါတယ္။ ဆႏၵျပသူေတြက ေရနံဆီပုလင္းကို မီး႐ႈိ႕ ပစ္ေပါက္ခဲ့ၾကသလို တျခား ရရာလက္နက္ေတြနဲ႔လည္း တုံ႔ျပန္ခဲ့ၾကၿပီးေနာက္ ရဲေတြ ျပန္ဆုတ္သြားတာပါ။
ဒါေပမယ့္ တကၠသိုလ္အေဆာင္၀င္းကို ရဲေတြက ၀ိုင္းရံထားၿပီး ဆႏၵျပသူေတြ တကၠသိုလ္၀င္းထဲကေန ထြက္ခြာဖို႔ ေနာက္ဆံုးအခ်ိန္ သတ္မွတ္ခ်က္ေတြ အႀကိမ္ႀကိမ္ ေပးခဲ့ပါတယ္။
ဆႏၵျပသူေတြဘက္က ဆက္ၿပီး တိုက္ခုိက္ေနရင္ က်ည္အစစ္ေတြ သံုးရေတာ့မယ့္ အေျခအေန ေရာက္သြားမယ္လို႔ ရဲတပ္ဖြဲ႔ဘက္က ေဒသစံေတာ္ခ်ိန္ ညသန္းေခါင္ေက်ာ္မွာ သတိေပးခဲ့ပါတယ္။ ေသဆံုးမႈနဲ႔ပတ္သက္တဲ့ အစီရင္ခံခ်က္ေတြေတာ့ အခုအခ်ိန္ထိ မရွိေသးပါဘူး။
ဗီြအိုေအ သတင္းေထာက္ေတြ အပါအ၀င္ ႏုိင္ငံတကာ သတင္းေထာက္အဖြဲ႔ တခုလည္း တကၠသိုလ္၀င္းအတြင္းမွာ ရွိေနၿပီး အမ်ားစုကေတာ့ အေျခအေန မေျပလည္မခ်င္း ဆက္ၿပီး ေနမယ္လို႔ ေျပာဆိုထားၾကပါတယ္။
တကၠသိုလ္၀င္း အျပင္ဘက္ လမ္းေတြေပၚမွာလည္း ဆႏၵျပသူေတြနဲ႔ ရဲတပ္ဖြဲ႔ၾကား ထိပ္တိုက္ေတြ႔ခဲ့ၾကပါတယ္။
----------------------------------
(Unicode)
ဟောင်ကောင် တက္ကသိုလ် ရဲတပ်ဖွဲ့ ဝင်ရောက်စီးနင်း
ဟောင်ကောင်က အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေ ထိန်းချုပ်ထားတဲ့ တက္ကသိုလ်ကို ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့ တညလုံး ဝိုင်းရံထားခဲ့ပြီးနောက် တနလာၤနေ့မနက် အစောပိုင်းမှာတော့ ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပါတယ်။
တနင်္လာနေ့ အရုဏ်မတက်ခင်အချိန် ရဲတပ်ဖွဲ့က လှုပ်ရှားဆောင်ရွက်တာမှာ တက္ကသိုလ်ဝင်းအတွင်း မီးလောင်ပေါက်ကွဲမှုတွေလည်း တွေ့ရပါတယ်။
တက္ကသိုလ်အဆောင်တွေအတွင်း ဝင်ရောက်စီးနင်းဖို့အတွက်လည်း အထူးဗျူဟာအဖွဲ့ကို အသုံးပြုခဲ့ပါတယ်။
ဆန္ဒပြသူ ဒါဇင်နဲ့ချီ အဖမ်းခံရပြီး တိုက်ရိုက်ထုတ်လွှင့်နေတဲ့ ရုပ်သံထဲမှာတော့ ရဲကားတစင်းနဲ့ တက္ကသိုလ် အဝင်ဂိတ်မှာလည်း မီးတောက်တွေ တွေ့နေရပါတယ်။
ဟောင်ကောင်က တက္ကသိုလ်ဝင်းထဲမှာ တနင်္ဂနွေနေ့ သန်းခေါင်ကျော် တနလာၤနေ့ အကူး မနက်ခင်း အစောပိုင်းက ဆန္ဒပြ ကျောင်းသားတွေနဲ့ ရဲတပ်ဖွဲ့ကြား ထိပ်တိုက်တွေ့ပြီး ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။
ဟောင်ကောင်ကျွန်းမှာ ပြီးခဲ့တဲ့ ၅ လကျော်က စခဲ့တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အတွင်း အဆိုးရွားဆုံး အကြမ်းဖက်မှုတခုလို ဖြစ်ခဲ့တာပါ။
ဆန္ဒပြကျောင်းသားတဖွဲ့က သီတင်းပတ်နဲ့ချီပြီး အတားအဆီးတွေ လုပ်ထားပြီး အုတ်ခဲတွေ၊ လောက်လေးခွတွေ၊ ဓာတ်ဆီပုလင်းတွေ အပါအဝင် လက်ဖြစ်လက်နက်တွေ သိုလှောင်ထားရာဟောင်ကောင် Polytechnic တက္ကသိုလ် အဆောင်တွေမှာ တနင်္ဂနွေနေ့ နှောင်းပိုင်းက ရဲတပ်ဖွဲ့က ဝင်ရောက် စီးနင်းခဲ့တာပါ။
ရဲတွေက ညအမှောင်ကို အသာစီးရယူပြီး မီးသတ်ပိုက်တွေ အသုံးပြုခဲ့သလို မျက်ရည်ယိုဗုံးတွေနဲ့လည်း ပစ်ခတ်ခဲ့ပါတယ်။ ဆန္ဒပြသူတွေက ရေနံဆီပုလင်းကို မီးရှို့ ပစ်ပေါက်ခဲ့ကြသလို တခြား ရရာလက်နက်တွေနဲ့လည်း တုံ့ပြန်ခဲ့ကြပြီးနောက် ရဲတွေ ပြန်ဆုတ်သွားတာပါ။
ဒါပေမယ့် တက္ကသိုလ်အဆောင်ဝင်းကို ရဲတွေက ဝိုင်းရံထားပြီး ဆန္ဒပြသူတွေ တက္ကသိုလ်ဝင်းထဲကနေ ထွက်ခွာဖို့ နောက်ဆုံးအချိန် သတ်မှတ်ချက်တွေ အကြိမ်ကြိမ် ပေးခဲ့ပါတယ်။
ဆန္ဒပြသူတွေဘက်က ဆက်ပြီး တိုက်ခိုက်နေရင် ကျည်အစစ်တွေ သုံးရတော့မယ့် အခြေအနေ ရောက်သွားမယ်လို့ ရဲတပ်ဖွဲ့ဘက်က ဒေသစံတော်ချိန် ညသန်းခေါင်ကျော်မှာ သတိပေးခဲ့ပါတယ်။ သေဆုံးမှုနဲ့ပတ်သက်တဲ့ အစီရင်ခံချက်တွေတော့ အခုအချိန်ထိ မရှိသေးပါဘူး။
ဗွီအိုအေ သတင်းထောက်တွေ အပါအဝင် နိုင်ငံတကာ သတင်းထောက်အဖွဲ့ တခုလည်း တက္ကသိုလ်ဝင်းအတွင်းမှာ ရှိနေပြီး အများစုကတော့ အခြေအနေ မပြေလည်မချင်း ဆက်ပြီး နေမယ်လို့ ပြောဆိုထားကြပါတယ်။
တက္ကသိုလ်ဝင်း အပြင်ဘက် လမ်းတွေပေါ်မှာလည်း ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ကြား ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။