သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်တက္ကသိုလ်မှာ ဆန္ဒပြကျောင်းသားတွေနဲ့ လုံခြုံရေး ထိပ်တိုက်တွေ့


ဟောင်ကောင် Polytechnic တက္ကသိုလ် အပြင်ဘက်တွင် ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့နေသည့် ဆန္ဒပြသူများ။ (နိုဝင်ဘာ ၁၇၊ ၂၀၁၉)
ဟောင်ကောင် Polytechnic တက္ကသိုလ် အပြင်ဘက်တွင် ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့နေသည့် ဆန္ဒပြသူများ။ (နိုဝင်ဘာ ၁၇၊ ၂၀၁၉)

(Zawgyi / Unicode)

ဟောင်ကောင်မှာ ဆန္ဒပြတဲ့သူတွေနဲ့ ရဲတပ်ဖွဲ့တွေ ဟောင်ကောင်တက္ကသိုလ်မှာ ဒီကနေ့ ထိပ်တိုက်တွေ့ခဲ့ကြပြီး အကြမ်းဖက်တဲ့အထိပါ ဖြစ်ခဲ့ပါတယ်။

ဆန္ဒပြတဲ့သူတွေက မြားတွေ၊ ဓာတ်ဆီထည့်ထားတဲ့ ပုလင်းဗုံးတွေနဲ့ ရဲတွေကို ပစ်ခဲ့ပြီး ဟောင်ကောင် Polytechnic တက္ကသိုလ်မှာ ဆန္ဒပြတဲ့သူတွေဘက်က ပစ်လိုက်တဲ့ မြားတစင်းက ဟောင်ကောင်ရဲအရာရှိတယောက်ရဲ့ ခြေထောက်ကို ထိမှန်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်ရဲ့ ခြေထောက်ကို ထိမှန်ပြီး သူ့ကို ဆေးရုံခေါ်သွားချိန်မှာတော့ သတိရှိနေတယ်လို့ ရဲတပ်ဖွဲ့ရဲ့ ကြေညာချက်မှာ ပြောထားပါတယ်။

ဟောင်ကောင် ဆန္ဒပြတဲ့သူတွေဟာ အဲဒီတက္ကသိုလ်မှာ အခြေစိုက်ပြီး ဆန္ဒပြပွဲတွေကို လှုပ်ရှားနေကြတာပါ။

ဆန္ဒပြတဲ့သူတွေက ဓာတ်ဆီထည့်ထားတဲ့ ပုလင်းဗုံးတွေနဲ့ ရဲတွေကို ပစ်ခဲ့ပြီး ရဲတွေဘက်က ဒါကို မျက်ရည်ယိုဗုံးတွေနဲ့သုံးပြီး တန်ပြန်နှိမ်နင်းခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

စနေနေ့ကတော့ တရုတ်စစ်သားတွေက တီရှပ်တွေ ဘောင်းဘီတိုတွေဝတ်ပြီး တံမြက်စည်းတွေ ရေပုံးတွေနဲ့ လမ်းတွေပေါ်က အပျက်အစီး အပိုင်းအစတွေကို ရှင်းဖို့အတွက် ဟောင်ကောင်ဒေသခံတွေကို အကူအညီပေးဖို့ လုပ်ခဲ့တာကြောင့် ဟောင်ကောင်အတိုက်အခံ လွှတ်တော်အမတ်တွေ အကြီးအကျယ် ဒေါသထွက်ခဲ့ကြပါတယ်။

ဟောင်ကောင်အစိုးရက တောင်းဆိုရင် တရုတ်စစ်တပ်အနေနဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ဘေးကင်းလုံခြုံမှု ရှိဖို့အတွက် အကူအညီပေးဖို့ ခွင့်ပြုထားပါတယ်။ ဒါပေမယ့် ဟောင်ကောင်အစိုးရက သူတို့အနေနဲ့ အဲဒီလို တောင်းဆိုထားတာ မရှိဘူးလို့ ဆိုပါတယ်။

တရုတ်နိုင်ငံ ပြည်မကြီးကို တရားခံလွှဲပြောင်းပေးရေး ဥပဒေကြမ်းကို မကျေနပ်လို့ အခုဆိုရင် ဟောင်ကောင်မှာ ဆန္ဒပြပွဲတွေ ဖြစ်နေတာဟာ ၅ လကျော် ရှိသွားခဲ့ပြီဖြစ်ပါတယ်။

--------------------------------

(Unicode)





ဟောငျကောငျ ဆန်ဒပွတဲ့သူတှဟော အဲဒီတက်ကသိုလျမှာ အခွစေိုကျပွီး ဆန်ဒပွပှဲတှကေို လှုပျရှားနကွေတာပါ။





တိုက်ရိုက် လင့်ခ်


XS
SM
MD
LG