(Zawgyi/Unicode)
ေဟာင္ေကာင္ တကၠသိုလ္ေက်ာင္း၀န္းထဲမွာ လံုထိန္းရဲေတြရဲ႕ ၀ိုင္း၀န္း ပိတ္ဆို႔ထားမႈေၾကာင့္ အေရအတြက္အားျဖင့္ ၂၀၀ ေအာက္ရွိတဲ့ ဆႏၵျပေက်ာင္းသားေတြ ေက်ာင္း၀န္းထဲမွာ ပိတ္မိေနျပီး ရဲတပ္ဖြဲ႔ရဲ႕ အတားအဆီးေတြကို ေက်ာ္ျဖတ္ဖုိ႔ ေက်ာင္းသားေတြက ဒီကေန႔ ၾကိဳးစားခဲ့ၾကပါတယ္။
အတြင္းမွာ ပိတ္မိေနတဲ့ ဆႏၵျပေက်ာင္းသားေတြအေနနဲ႔ အေတာ္ၾကီး စိတ္ပ်က္လက္ပ်က္ျဖစ္ေနၾကျပီး ကိုယ့္ကိုယ္ကို အဆံုးစီရင္ဖုိ႔ ၾကိဳးစားတဲ့အထိ ေမွ်ာ္လင့္ခ်က္မဲ့ျပီး စိတ္ဓာတ္က်ဆင္းေနသူ ဆယ္ေက်ာ္သက္ ႏွစ္ ဦးထက္ မနည္းရွိတဲ့အေၾကာင္း ေဟာင္ေကာင္ Polytechnic တကၠသိုလ္၀န္းထဲမွာ ေက်ာင္းသားေတြနဲ႔အတူ ရွိေနတဲ့ ဗြီအိုေအ သတင္းေထာက္ Iris Tong က ေျပာျပပါတယ္။
ေက်ာင္းသားေတြကို သူတို႔ရဲ႕ လက္ျဖစ္ အိမ္လုပ္လက္နက္ေတြကို ထားျပီး ေက်ာင္း၀င္း ထြက္ေပါက္ တခုထဲကေနပဲ ထြက္ခြာဖို႔ ရဲက တနဂၤေႏြေန႔ကတည္းက အမိန္႔ေပးထားတာပါ။ ေက်ာင္းသားေတြအေနနဲ႔ ဒီလို ထြက္ေပါက္ တခုထဲကထြက္တဲ့အခါ ဆႏၵျပ ဆူပူလႈပ္ရွားမႈနဲ႔ အေရးယူခံရတာမ်ိဳး ၾကံဳရႏုိင္တာပါ။
ဒီကေန႔ အဂၤါေန႔ အေစာပိုင္းကေတာ့ ေဒသခံအာဏာပိုင္ေတြ၊ ရပ္ကြက္လူၾကီးေတြရဲ႕ ၾကား၀င္ ေစ့စပ္ေပးမႈေၾကာင့္ ေက်ာင္းသားေတြ ရာနဲ႔ခ်ီ ေက်ာင္း၀န္းထဲကေန ထြက္ခြာဖို႔ သေဘာတူခဲ့ၾကပါတယ္။
ဒါေပမဲ့ တျခား ေက်ာင္းသားေတြက သတ္မွတ္ေပးထားတဲ့ ထြက္ေပါက္က မထြက္ဘဲ ရဲအတားအဆီးေတြကို ေက်ာ္ျပီး အျပင္မွာေစာင့္ေနတဲ့ ေမာ္ေတာ္ဆိုင္ကယ္ေတြဆီကို ေရာက္ေအာင္ ၾကိဳးနဲ႔ ေလ်ာစီးျပီး ထြက္ေျပးဖို႔ ၾကိဳးစားခဲ့ၾကပါတယ္။
ဒီလိုထြက္ေျပးဖို႔ ၾကိဳးစားတဲ့ ေက်ာင္းသားေတြကို လံုျခံဳေရးတပ္ဖြဲ႔ေတြက မ်က္ရည္ယိုဗံုးေတြ၊ ရာဘာက်ည္ေတြသံုးျပီး တားဆီးခဲ့ပါတယ္။
[Unicode Version]
ဟောင်ကောင်ဆန္ဒပြကျောင်းသားတွေ တက္ကသိုလ်ဝန်းထဲပိတ်မိနေ
ဟောင်ကောင် တက္ကသိုလ်ကျောင်းဝန်းထဲမှာ လုံထိန်းရဲတွေရဲ့ ဝိုင်းဝန်း ပိတ်ဆို့ထားမှုကြောင့် အရေအတွက်အားဖြင့် ၂၀၀ အောက်ရှိတဲ့ ဆန္ဒပြကျောင်းသားတွေ ကျောင်းဝန်းထဲမှာ ပိတ်မိနေပြီး ရဲတပ်ဖွဲ့ရဲ့ အတားအဆီးတွေကို ကျော်ဖြတ်ဖို့ ကျောင်းသားတွေက ဒီကနေ့ ကြိုးစားခဲ့ကြပါတယ်။
အတွင်းမှာ ပိတ်မိနေတဲ့ ဆန္ဒပြကျောင်းသားတွေအနေနဲ့ အတော်ကြီး စိတ်ပျက်လက်ပျက်ဖြစ်နေကြပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ကြိုးစားတဲ့အထိ မျှော်လင့်ချက်မဲ့ပြီး စိတ်ဓာတ်ကျဆင်းနေသူ ဆယ်ကျော်သက် ၂ ဦးထက် မနည်းရှိတဲ့အကြောင်း ဟောင်ကောင် Polytechnic တက္ကသိုလ်ဝန်းထဲမှာ ကျောင်းသားတွေနဲ့အတူ ရှိနေတဲ့ ဗွီအိုအေ သတင်းထောက် Iris Tong က ပြောပြပါတယ်။
ကျောင်းသားတွေကို သူတို့ရဲ့ လက်ဖြစ် အိမ်လုပ်လက်နက်တွေကို ထားပြီး ကျောင်းဝင်း ထွက်ပေါက်တခုထဲကနေပဲ ထွက်ခွာဖို့ ရဲက တနင်္ဂနွေနေ့ကတည်းက အမိန့်ပေးထားတာပါ။ ကျောင်းသားတွေအနေနဲ့ ဒီလို ထွက်ပေါက် တခုထဲကထွက်တဲ့အခါ ဆန္ဒပြ ဆူပူလှုပ်ရှားမှုနဲ့ အရေးယူခံရတာမျိုး ကြုံရနိုင်တာပါ။
ဒီကနေ့ အင်္ဂါနေ့အစောပိုင်းကတော့ ဒေသခံအာဏာပိုင်တွေ၊ ရပ်ကွက်လူကြီးတွေရဲ့ ကြားဝင် စေ့စပ်ပေးမှုကြောင့် ကျောင်းသားတွေ ရာနဲ့ချီ ကျောင်းဝန်းထဲကနေ ထွက်ခွာဖို့ သဘောတူခဲ့ကြပါတယ်။
ဒါပေမဲ့ တခြား ကျောင်းသားတွေက သတ်မှတ်ပေးထားတဲ့ ထွက်ပေါက်က မထွက်ဘဲ ရဲအတားအဆီးတွေကို ကျော်ပြီး အပြင်မှာစောင့်နေတဲ့ မော်တော်ဆိုင်ကယ်တွေဆီကို ရောက်အောင် ကြိုးနဲ့ လျောစီးပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့ကြပါတယ်။
ဒီလိုထွက်ပြေးဖို့ ကြိုးစားတဲ့ ကျောင်းသားတွေကို လုံခြုံရေးတပ်ဖွဲ့တွေက မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်တွေသုံးပြီး တားဆီးခဲ့ပါတယ်။