သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္ဥပေဒ ေက်းဇူးတင္ေၾကာင္း ေဟာင္ေကာင္ဆႏၵျပသူမ်ား ထုတ္ေဖာ္


သမၼတ Trump ကုိ ေက်းဇူးတင္ေၾကာင္း ျပသသည့္အေနျဖင့္ ေဟာင္ေကာင္ရွိ အေမရိကန္ ေကာင္စစ္ဝန္း႐ုံးေရွ႕တြင္ စုေဝးေနသည့္ ဆႏၵျပသူမ်ား။ (ဒီဇင္ဘာ ၁၊ ၂၀၁၉)

(Zawgyi / Unicode)

ေဟာင္ေကာင္မွာ ေထာင္နဲ႔ခ်ီတဲ့ ဒီမိုကေရစီေရး လႈပ္ရွားသူေတြဟာ ဒီကေန႔ တနဂၤေႏြေႏွာင္းပိုင္းမွာ ေစ်းဆိုင္ေတြနဲ႔ စည္ကားတဲ့ Tsim Tsa Tsui အရပ္မွာ စုေ၀းခဲ့ၾကတဲ့အတြက္ ရဲတပ္ဖြဲ႔က မ်က္ရည္ယိုဗံုးသံုး လူစုခြဲခဲ့ပါတယ္။ ဒီမိုကေရစီေရး လႈပ္ရွားသူေတြက ဒီကေန႔ စုေ၀းခ်ီတက္ပြဲ ၃ ခုျပဳလုပ္ဖို႔ စီစဥ္ထားတာပါ။

ေဟာင္ေကာင္ ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရး ေထာက္ခံတဲ့ ဥပေဒမူၾကမ္း ၂ ခုကို သမၼတ Trump က လက္မွတ္ေရးထိုးလိုက္တဲ့အေပၚ ေက်းဇူးတင္ေၾကာင္း ျပသတဲ့အေနနဲ႔ သူတို႔ဟာ အေမရိကန္ ေကာင္စစ္၀န္႐ုံးေရွ႕ကိုလည္း သြားေရာက္ခဲ့ပါတယ္။

ဆႏၵျပသူ ၂၀၀ ေလာက္ဟာလည္း Edinburgh ရင္ျပင္ကေန အစိုးရ႐ုံး အေဆာက္အဦေတြကို သြားေရာက္ၿပီး ရဲတပ္ဖြဲ႔က မ်က္ရည္ယိုဗံုး အသံုးျပဳတဲ့အေပၚ ဆန္႔က်င္ ဆႏၵျပခဲ့ၾကပါတယ္။

ဒီမိုကေရစီေရး လႈပ္ရွားသူေတြက ေဟာင္ေကာင္အုပ္ခ်ဳပ္ေရးမွဴး Carrie Lam ကို ရာထူးက နုတ္ထြက္ေပးဖို႔ ေတာင္းဆိုထားေပမယ့္ Lam က ျငင္းဆန္ေနတာပါ။

ဆႏၵျပပြဲေတြကို ရဲတပ္ဖြဲ႔က အၾကမ္းဖက္ ႏွိမ္နင္းခဲ့တဲ့အေပၚ လြတ္လပ္တဲ့ စံုစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ေပးဖို႔ကိုလည္း သူက ျငင္းဆန္ပါတယ္။

၁၉၉၇ ခုႏွစ္မွာ ေဟာင္ေကာင္ကို တ႐ုတ္အုပ္ခ်ဳပ္မႈေအာက္ ၿဗိတိန္က လႊဲေျပာင္းေပးခ်ိန္တုန္းက ကတိကဝတ္ျပဳခဲ့တဲ့ လြတ္လပ္ခြင့္ေတြကို တ႐ုတ္က ဝင္စြက္ဖက္ေနၿပီလို႔ ျမင္ေနၾကၿပီး ၿပီးခဲ့တဲ့ ၆ လအတြင္းကစၿပီး ဆႏၵျပပြဲေတြ ေပၚေပါက္ခဲ့တာ ျဖစ္ပါတယ္။

တ႐ုတ္ကေတာ့ ဝင္စြက္ဖက္တယ္ဆိုတာ မဟုတ္ဘူးလို႔ ျငင္းထားၿပီး အဲဒီအခ်ိန္က ခ်မွတ္ခဲ့တဲ့ တႏိုင္ငံ စနစ္ႏွစ္ခုအေပၚ အခိုင္အမာ ဆက္ရွိတယ္လို႔ ေျပာထားပါတယ္။ ျပည္ပအင္အားစုေတြက ေဟာင္ေကာင္မွာ မတည္မၿငိမ္ျဖစ္ေအာင္ ေသြးထိုးလႈံ႔ေဆာ္ေနတာ ျဖစ္တယ္လို႔လည္း အျပစ္တင္ထားပါတယ္။

-----------------------------

(Unicode)

ကန်ဥပဒေ ကျေးဇူးတင်ကြောင်း ဟောင်ကောင်ဆန္ဒပြသူများ ထုတ်ဖော်

ဟောင်ကောင်မှာ ထောင်နဲ့ချီတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေဟာ ဒီကနေ့ တနင်္ဂနွေနှောင်းပိုင်းမှာ ဈေးဆိုင်တွေနဲ့ စည်ကားတဲ့ Tsim Tsa Tsui အရပ်မှာ စုဝေးခဲ့ကြတဲ့အတွက် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးသုံး လူစုခွဲခဲ့ပါတယ်။ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ဒီကနေ့ စုဝေးချီတက်ပွဲ ၃ ခုပြုလုပ်ဖို့ စီစဉ်ထားတာပါ။

ဟောင်ကောင် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ထောက်ခံတဲ့ ဥပဒေမူကြမ်း ၂ ခုကို သမ္မတ Trump က လက်မှတ်ရေးထိုးလိုက်တဲ့အပေါ် ကျေးဇူးတင်ကြောင်း ပြသတဲ့အနေနဲ့ သူတို့ဟာ အမေရိကန် ကောင်စစ်ဝန်ရုံးရှေ့ကိုလည်း သွားရောက်ခဲ့ပါတယ်။

ဆန္ဒပြသူ ၂၀၀ လောက်ဟာလည်း Edinburgh ရင်ပြင်ကနေ အစိုးရရုံး အဆောက်အဦတွေကို သွားရောက်ပြီး ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံး အသုံးပြုတဲ့အပေါ် ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။

ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ဟောင်ကောင်အုပ်ချုပ်ရေးမှူး Carrie Lam ကို ရာထူးက နုတ်ထွက်ပေးဖို့ တောင်းဆိုထားပေမယ့် Lam က ငြင်းဆန်နေတာပါ။

ဆန္ဒပြပွဲတွေကို ရဲတပ်ဖွဲ့က အကြမ်းဖက် နှိမ်နင်းခဲ့တဲ့အပေါ် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပေးဖို့ကိုလည်း သူက ငြင်းဆန်ပါတယ်။

၁၉၉၇ ခုနှစ်မှာ ဟောင်ကောင်ကို တရုတ်အုပ်ချုပ်မှုအောက် ဗြိတိန်က လွှဲပြောင်းပေးချိန်တုန်းက ကတိကဝတ်ပြုခဲ့တဲ့ လွတ်လပ်ခွင့်တွေကို တရုတ်က ဝင်စွက်ဖက်နေပြီလို့ မြင်နေကြပြီး ပြီးခဲ့တဲ့ ၆ လအတွင်းကစပြီး ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

တရုတ်ကတော့ ဝင်စွက်ဖက်တယ်ဆိုတာ မဟုတ်ဘူးလို့ ငြင်းထားပြီး အဲဒီအချိန်က ချမှတ်ခဲ့တဲ့ တနိုင်ငံ စနစ်နှစ်ခုအပေါ် အခိုင်အမာ ဆက်ရှိတယ်လို့ ပြောထားပါတယ်။ ပြည်ပအင်အားစုတွေက ဟောင်ကောင်မှာ မတည်မငြိမ်ဖြစ်အောင် သွေးထိုးလှုံ့ဆော်နေတာ ဖြစ်တယ်လို့လည်း အပြစ်တင်ထားပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG