သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဟာင္ေကာင္ ဒီမိုကေရစီေထာက္ခံတဲ့ ဥပေဒမူၾကမ္းႏွစ္ခု ကန္သမၼတ လက္မွတ္ထိုး


အေမရိကန္သမၼတ Donald Trump. (ႏုိဝင္ဘာ ၂၆၊ ၂၀၁၉)

(Zawgyi / Unicode)

ေဟာင္ေကာင္မွာ ဒီမုိကေရစီေရး လႈပ္ရွားသူေတြကုိ အားေပးေထာက္ခံတဲ့ ဥပေဒမူၾကမ္း ၂ ခုကုိ အေမရိကန္သမၼတ Donald Trump က လက္မွတ္ေရးထုိး အတည္ျပဳလိုက္ပါတယ္။

ၿပီးခဲ့တဲ့ သီတင္းပတ္ထဲ အေမရိကန္ အထက္နဲ႔ ေအာက္လႊတ္ေတာ္ေတြမွာ တခဲနက္နီးပါး မဲေပးအတည္ျပဳထားတဲ့ ဥပေဒေတြကုိေတာ့ ကုန္သြယ္ေရးဆုိင္ရာ အျငင္းပြားမႈေတြ ႀကံဳေနရတဲ့ တ႐ုတ္ႏုိင္ငံက သတိေပးေနတဲ့ ၾကားကပဲ သမၼတ Trump လက္မွတ္ထုိးလုိက္တာပါ။

ကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ရ ေဟာင္ေကာင္မွာ လြတ္လပ္ခြင့္ေတြ ရွိ မရွိ ဆုိတာကုိ ႏွစ္စဥ္ ျပန္လည္သုံးသပ္ၿပီး အေမရိကန္က ကုန္သြယ္ေရး အထူးခံစားခြင့္ေတြ ဆက္ေပးသင့္ မသင့္ ဆုံးျဖတ္ဖုိ႔လည္း ဥပေဒတခုမွာ ထည့္သြင္းထားပါတယ္။

ေနာက္ဥပေဒတခုမွာေတာ့ အဓိက႐ုဏ္း ႏွိမ္နင္းရာမွာ သုံးတဲ့ မ်က္ရည္ယုိဗုံးေတြ၊ င႐ုပ္ေကာင္းရည္ေတြ၊ ရာဘာက်ည္ဆန္ေတြကုိ ေဟာင္ေကာင္ရဲတပ္ဖဲြ႔အတြက္ တင္ပုိ႔ေရာင္းခ်ခြင့္ တားျမစ္ထားတာပါ။

တ႐ုတ္ႏုိင္ငံျခားေရး ၀န္ႀကီးဌာနကေတာ့ ျပည္တြင္းေရးကုိ စြက္ဖက္တဲ့ လုပ္ရပ္အျဖစ္ တုံ႔ျပန္သြားမယ့္အေၾကာင္း ေျပာဆုိလုိက္ပါတယ္။

ေဟာင္ေကာင္အစုိးရကလည္း အေမရိကန္ရဲ႕ လုပ္ရပ္အတြက္ အလြန္အမင္း စိတ္မေကာင္း ျဖစ္ရေၾကာင္းနဲ႔ ဆႏၵျပသူေတြကုိ လဲြမွားတဲ့ သတင္းစကားပါးရာ ေရာက္ေၾကာင္း ေျပာဆုိခဲ့တာပါ။

ေဟာင္ေကာင္ ဒီမုိကေရစီေရး ဥပေဒေတြကုိ အေမရိကန္သမၼတ Donald Trump က လက္မွတ္ေရးထုိး အတည္ျပဳလိုက္တဲ့အေပၚ အျပင္းအထန္ ကန္႔ကြက္ေၾကာင္း တ႐ုတ္ႏုိင္ငံက အေမရိကန္သံအမတ္ႀကီးကုိ ဒီကေန႔ပဲ ဆင့္ေခၚေျပာဆုိလုိက္ပါတယ္။

တ႐ုတ္ႏုိင္ငံ ျပည္တြင္းေရးကုိ ျပင္းျပင္းထန္ထန္ စြက္ဖက္တဲ့ လုပ္ရပ္ျဖစ္သလုိ ႏုိင္ငံတကာ ဥပေဒေတြကုိ အႀကီးအက်ယ္ ခ်ိဳးေဖာက္လုိက္တာျဖစ္ေၾကာင္း အေမရိကန္ သံအမတ္ႀကီး Terry Branstad ကုိ တ႐ုတ္ ဒုတိယႏုိင္ငံျခားေရး၀န္ႀကီး Le Yucheng က ေျပာဆုိလုိက္ေၾကာင္း ႏုိင္ငံျခားေရး ၀န္ႀကီးဌာန ေၾကညာခ်က္မွာ ေဖာ္ျပခဲ့တာပါ။

၂ ႏုိင္ငံ ဆက္ဆံေရး မထိခုိက္ေအာင္ အေမရိကန္က ဥပေဒေတြကုိ လက္ေတြ႔ အေကာင္အထည္ မေဖာ္ဖုိ႔လည္း တ႐ုတ္ ဒုတိယႏုိင္ငံျခားေရး၀န္ႀကီးက တုိက္တြန္းခဲ့ပါတယ္။

--------------------------------

(Unicode)

ဟောင်ကောင် ဒီမိုကရေစီထောက်ခံတဲ့ ဥပဒေမူကြမ်းနှစ်ခု ကန်သမ္မတ လက်မှတ်ထိုး

ဟောင်ကောင်မှာ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို အားပေးထောက်ခံတဲ့ ဥပဒေမူကြမ်း ၂ ခုကို အမေရိကန်သမ္မတ Donald Trump က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲ အမေရိကန် အထက်နဲ့ အောက်လွှတ်တော်တွေမှာ တခဲနက်နီးပါး မဲပေးအတည်ပြုထားတဲ့ ဥပဒေတွေကိုတော့ ကုန်သွယ်ရေးဆိုင်ရာ အငြင်းပွားမှုတွေ ကြုံနေရတဲ့ တရုတ်နိုင်ငံက သတိပေးနေတဲ့ ကြားကပဲ သမ္မတ Trump လက်မှတ်ထိုးလိုက်တာပါ။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟောင်ကောင်မှာ လွတ်လပ်ခွင့်တွေ ရှိ မရှိ ဆိုတာကို နှစ်စဉ် ပြန်လည်သုံးသပ်ပြီး အမေရိကန်က ကုန်သွယ်ရေး အထူးခံစားခွင့်တွေ ဆက်ပေးသင့် မသင့် ဆုံးဖြတ်ဖို့လည်း ဥပဒေတခုမှာ ထည့်သွင်းထားပါတယ်။

နောက်ဥပဒေတခုမှာတော့ အဓိကရုဏ်း နှိမ်နင်းရာမှာ သုံးတဲ့ မျက်ရည်ယိုဗုံးတွေ၊ ငရုပ်ကောင်းရည်တွေ၊ ရာဘာကျည်ဆန်တွေကို ဟောင်ကောင်ရဲတပ်ဖွဲ့အတွက် တင်ပို့ရောင်းချခွင့် တားမြစ်ထားတာပါ။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ပြည်တွင်းရေးကို စွက်ဖက်တဲ့ လုပ်ရပ်အဖြစ် တုံ့ပြန်သွားမယ့်အကြောင်း ပြောဆိုလိုက်ပါတယ်။

ဟောင်ကောင်အစိုးရကလည်း အမေရိကန်ရဲ့ လုပ်ရပ်အတွက် အလွန်အမင်း စိတ်မကောင်း ဖြစ်ရကြောင်းနဲ့ ဆန္ဒပြသူတွေကို လွဲမှားတဲ့ သတင်းစကားပါးရာ ရောက်ကြောင်း ပြောဆိုခဲ့တာပါ။

ဟောင်ကောင် ဒီမိုကရေစီရေး ဥပဒေတွေကို အမေရိကန်သမ္မတ Donald Trump က လက်မှတ်ရေးထိုး အတည်ပြုလိုက်တဲ့အပေါ် အပြင်းအထန် ကန့်ကွက်ကြောင်း တရုတ်နိုင်ငံက အမေရိကန်သံအမတ်ကြီးကို ဒီကနေ့ပဲ ဆင့်ခေါ်ပြောဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံ ပြည်တွင်းရေးကို ပြင်းပြင်းထန်ထန် စွက်ဖက်တဲ့ လုပ်ရပ်ဖြစ်သလို နိုင်ငံတကာ ဥပဒေတွေကို အကြီးအကျယ် ချိုးဖောက်လိုက်တာဖြစ်ကြောင်း အမေရိကန် သံအမတ်ကြီး Terry Branstad ကို တရုတ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Le Yucheng က ပြောဆိုလိုက်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။

၂ နိုင်ငံ ဆက်ဆံရေး မထိခိုက်အောင် အမေရိကန်က ဥပဒေတွေကို လက်တွေ့ အကောင်အထည် မဖော်ဖို့လည်း တရုတ် ဒုတိယနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းခဲ့ပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG