သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဟာင္ေကာင္အေရးဥပေဒၾကမ္းပယ္ခ်ဖို႔ ကန္သမၼတကို တ႐ုတ္တိုက္တြန္း


တ႐ုတ္ႏုိင္ငံျခားေရး၀န္ႀကီးဌာန ေျပာခြင့္ရ Geng Shuang

(Zawgyi/Unicode)

ေဟာင္ေကာင္က လူ႔အခြင့္အေရး အေျခအေနနဲ႔ ပတ္သက္လုိ႔ အေမရိကန္လႊတ္ေတာ္က အတည္ျပဳခဲ့တဲ့ ဥပေဒမူၾကမ္းကုိ သမၼတ Donald Trump က ပယ္ခ်ဖုိ႔ တ႐ုတ္ႏုိင္ငံက ဒီကေန႔ပဲ ေတာင္းဆုိလုိက္ပါတယ္။

ဥပေဒကုိ အတည္ျပဳမယ္ ဆုိရင္ေတာ့ ျပင္းျပင္းထန္ထန္ တုံ႔ျပန္သြားမွာ ျဖစ္ေၾကာင္းလည္း သတိေပးခဲ့တာပါ။ ေဟာင္ေကာင္ လူ႔အခြင့္အေရးနဲ႔ ဒီမုိကေရစီေရးရာ အက္ဥပေဒဟာ ေဟာင္ေကာင္မွာရွိတဲ့ တ႐ုတ္နဲ႔ အေမရိကန္တုိ႔ရဲ႕ အက်ဳိးစီးပြားေတြကုိ ထိခုိက္ႏုိင္ေၾကာင္းလည္း တ႐ုတ္ႏုိင္ငံျခားေရး၀န္ႀကီးဌာန ေျပာခြင့္ရ Geng Shuang က ဒီကေန႔ပဲ ေျပာဆုိလုိက္တာပါ။

ေဟာင္ေကာင္အေရးနဲ႔ တ႐ုတ္ႏုိင္ငံ ျပည္တြင္းေရးကုိ ၀င္ေရာက္စြက္ဖက္ ေနတာေတြကုိ ခ်က္ျခင္းရပ္ဖုိ႔နဲ႔ ဥပေဒအျဖစ္ အတည္မျပဳခင္ အခ်ိန္မွီ မွားယြင္းတဲ့လုပ္ရပ္ကုိ ျပင္ဆင္ဖုိ႔ တုိက္တြန္းေၾကာင္းလည္း ဒီကေန႔ ေဘဂ်င္းၿမိဳ႕ေတာ္က သတင္းစာရွင္းလင္းပဲြမွာ ေျပာဆုိသြားပါတယ္။ အခ်ိန္မီမျပင္ဆင္ဘူး ဆုိရင္ေတာ့ တ႐ုတ္ႏုိင္ငံအေနနဲ႔ ျပင္းျပင္းထန္ထန္ တုံ႔ျပန္သြားမွာ ျဖစ္ေၾကာင္းလည္း ေျပာဆုိခဲ့တာပါ။

အေမရိကန္လႊတ္ေတာ္က အတည္ျပဳလုိက္တဲ့ ဥပေဒမွာေတာ့ လူ႔အခြင့္အေရး ခ်ဳိးေဖာက္တဲ့ တ႐ုတ္နဲ႔ ေဟာင္ေကာင္အစုိးရ တာ၀န္ရွိသူတြကုိ ပိတ္ဆုိ႔ဒဏ္ခတ္ အေရးယူဖုိ႔နဲ႔ ေဟာင္ေကာင္ကုိ ကုန္သြယ္ေရးမွာ အေမရိကန္က အထူးအခြင့္အေရး ေပးထားတာကုိလည္း ႏွစ္စဥ္ျပန္သုံးသပ္ဖုိ႔ ထည့္သြင္းထားပါတယ္။

ေနာက္ထပ္ ဥပေဒမူၾကမ္း တခုမွာေတာ့ မ်က္ရည္ယုိဗုံး၊ င႐ုတ္ရည္၊ ရာဘာက်ည္ဆံ၊ မီးသတ္ပုိက္၊ မွင္သက္မိေစတဲ့ ေသနတ္၊ ဓာတ္လုိက္ေမ့ေမ်ာေစတဲ့ ကိရိယာ စတဲ့ လုံထိန္းရဲေတြ အသုံးျပဳတဲ့ ပစၥည္းေတြကုိ ေဟာင္ေကာင္ရဲတပ္ဖဲြ႔အတြက္ တင္ပုိ႔တာေတြ မလုပ္ဖုိ႔ တားျမစ္ထားတာပါ။

ဥပေဒမူၾကမ္းေတြကုိေတာ့ အေမရိကန္ အထက္လႊတ္ေတာ္မွာ အသံနဲ႔ မဲေပးအတည္ျပဳခဲ့ၿပီး ေနာက္တရက္ျဖစ္တဲ့ မေန႔တုန္းကပဲ ေအာက္လႊတ္ေတာ္ကလည္း တခဲနက္ အတည္ျပဳထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဟောင်ကောင်အရေးဥပဒေကြမ်းပယ်ချဖို့ ကန်သမ္မတကို တရုတ်တိုက်တွန်း

ဟောင်ကောင်က လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ အမေရိကန်လွှတ်တော်က အတည်ပြုခဲ့တဲ့ ဥပဒေမူကြမ်းကို သမ္မတ Donald Trump က ပယ်ချဖို့ တရုတ်နိုင်ငံက ဒီကနေ့ပဲ တောင်းဆိုလိုက်ပါတယ်။

ဥပဒေကို အတည်ပြုမယ် ဆိုရင်တော့ ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမှာ ဖြစ်ကြောင်းလည်း သတိပေးခဲ့တာပါ။ ဟောင်ကောင် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးရာ အက်ဥပဒေဟာ ဟောင်ကောင်မှာရှိတဲ့ တရုတ်နဲ့ အမေရိကန်တို့ရဲ့ အကျိုးစီးပွားတွေကို ထိခိုက်နိုင်ကြောင်းလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Geng Shuang က ဒီကနေ့ပဲ ပြောဆိုလိုက်တာပါ။

ဟောင်ကောင်အရေးနဲ့ တရုတ်နိုင်ငံ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် နေတာတွေကို ချက်ခြင်းရပ်ဖို့နဲ့ ဥပဒေအဖြစ် အတည်မပြုခင် အချိန်မှီ မှားယွင်းတဲ့လုပ်ရပ်ကို ပြင်ဆင်ဖို့ တိုက်တွန်းကြောင်းလည်း ဒီကနေ့ ဘေဂျင်းမြို့တော်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။ အချိန်မီမပြင်ဆင်ဘူး ဆိုရင်တော့ တရုတ်နိုင်ငံအနေနဲ့ ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမှာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။

အမေရိကန်လွှတ်တော်က အတည်ပြုလိုက်တဲ့ ဥပဒေမှာတော့ လူ့အခွင့်အရေး ချိုးဖောက်တဲ့ တရုတ်နဲ့ ဟောင်ကောင်အစိုးရ တာဝန်ရှိသူတွကို ပိတ်ဆို့ဒဏ်ခတ် အရေးယူဖို့နဲ့ ဟောင်ကောင်ကို ကုန်သွယ်ရေးမှာ အမေရိကန်က အထူးအခွင့်အရေး ပေးထားတာကိုလည်း နှစ်စဉ်ပြန်သုံးသပ်ဖို့ ထည့်သွင်းထားပါတယ်။

နောက်ထပ် ဥပဒေမူကြမ်း တခုမှာတော့ မျက်ရည်ယိုဗုံး၊ ငရုတ်ရည်၊ ရာဘာကျည်ဆံ၊ မီးသတ်ပိုက်၊ မှင်သက်မိစေတဲ့ သေနတ်၊ ဓာတ်လိုက်မေ့မျောစေတဲ့ ကိရိယာ စတဲ့ လုံထိန်းရဲတွေ အသုံးပြုတဲ့ ပစ္စည်းတွေကို ဟောင်ကောင်ရဲတပ်ဖွဲ့အတွက် တင်ပို့တာတွေ မလုပ်ဖို့ တားမြစ်ထားတာပါ။

ဥပဒေမူကြမ်းတွေကိုတော့ အမေရိကန် အထက်လွှတ်တော်မှာ အသံနဲ့ မဲပေးအတည်ပြုခဲ့ပြီး နောက်တရက်ဖြစ်တဲ့ မနေ့တုန်းကပဲ အောက်လွှတ်တော်ကလည်း တခဲနက် အတည်ပြုထားပါတယ်။

XS
SM
MD
LG