သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်ဆန္ဒပြသူများ ဝီဂါမွတ်စလင်တွေနဲ့ အတူရှိကြောင်း ပြသ


ဝီဂါမွတ်စလင်များနှင့် တသားတည်းရှိကြောင်း ဖော်ထုတ် ဆန္ဒပြနေသည့် ဟောင်ကောင်ဒီမိုကရေစီရေး လှုပ်ရှားသူများ။ (ဒီဇင်ဘာ ၂၂၊ ၂၀၁၉)
ဝီဂါမွတ်စလင်များနှင့် တသားတည်းရှိကြောင်း ဖော်ထုတ် ဆန္ဒပြနေသည့် ဟောင်ကောင်ဒီမိုကရေစီရေး လှုပ်ရှားသူများ။ (ဒီဇင်ဘာ ၂၂၊ ၂၀၁၉)

(Zawgyi / Unicode)

ဟောင်ကောင်က ဒီမိုကရေစီရေး ထောက်ခံဆန္ဒပြတဲ့သူတွေဟာ တရုတ်နိုင်ငံက ဝီဂါမွတ်စလင်တွေနဲ့ တသားတည်း ရှိနေတယ်ဆိုတာကို ပြသတဲ့အနေနဲ့ ဒီကနေ့မှာ စုဝေးဆန္ဒပြခဲ့ကြပါတယ်။

ဟောင်ကောင်မှာ ဒီကနေ့ပြုလုပ်တဲ့ ဆန္ဒပြပွဲတွေအတွင်း ဝီဂါတွေကို ထောက်ခံတဲ့ ကြွေးကြော်သံတွေကို အော်ဟစ်ခဲ့ကြသလို ဝီဂါအလံတွေကိုလည်း ဝှေ့ယမ်းခဲ့ကြပါတယ်။

ဒါဟာ ဟောင်ကောင်ဆန္ဒပြပွဲတွေအတွင်း ပထမဆုံးအကြိမ်အဖြစ်နဲ့ ဝီဂါတွေကို ထောက်ခံကြောင်း ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

အခုလိုမျိုး ဟောင်ကောင်ဆန္ဒပြတဲ့သူတွေက သူတို့ရဲ့ ဒုက္ခအကျပ်အတည်းတွေဟာ တရုတ်နိုင်ငံ ပြည်မကြီးမှာ ဖိနှိပ်ခံနေရတဲ့ ဝီဂါမွတ်စလင်တွေနဲ့ တူတယ်လို့ ခိုင်းနှိုင်းပြောဆိုပြီး အခုလို လုပ်ဆောင်လိုက်တဲ့အတွက် တရုတ်အစိုးရ အနေနဲ့လည်း အကြီးအကျယ် ဒေါသထွက်လာနိုင်ဖွယ် ရှိနေပါတယ်။

ဆန္ဒပြတဲ့သူတချို့က တရုတ်အလံကို အနီးနားမှာရှိတဲ့ အစိုးရ အဆောက်အအုံကနေ ဖယ်ရှားလိုက်ပြီးတဲ့နောက် အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့က ဆန္ဒပြတဲ့သူတွေကို ဝင်ရောက်စီးနင်းပြီး လူစုခွဲ နှိမ်နင်းခဲ့ပါတယ်။

တရုတ်အစိုးရဟာ နိုင်ငံအနောက်မြောက်ပိုင်းက ရှင်းကျန်းဒေသမှာ ဝီဂါလူမျိုးတွေနဲ့ တခြား လူနည်းစု မွတ်စလင် ၁ သန်းလောက်ကို ထိန်းသိမ်းရေးစခန်းတွေမှာ ထိန်းသိမ်းထားတာကြောင့် နိုင်ငံတကာရဲ့ ဝေဖန်တာတွေကို အကြီးအကျယ် ခံနေရတာ ဖြစ်ပါတယ်။

---------------------------------

(Unicode)








တိုက်ရိုက် လင့်ခ်


XS
SM
MD
LG