သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

HRW လူ့အခွင့်အရေးအဖွဲ့ ဟောင်ကောင်ကို မဝင်ရ


ဟောင်ကောင်လေဆိပ်သို့ ရောက်ရှိလာသည့် ခရီးသည်များအား စောင့်ကြည့် စစ်ဆေးနေသည့် အရာရှိတဦး။ (ဇန်နဝါရီ ၄၊ ၂၀၂၀)
ဟောင်ကောင်လေဆိပ်သို့ ရောက်ရှိလာသည့် ခရီးသည်များအား စောင့်ကြည့် စစ်ဆေးနေသည့် အရာရှိတဦး။ (ဇန်နဝါရီ ၄၊ ၂၀၂၀)

(Zawgyi / Unicode)

နိုင်ငံတကာ အခွင့်အရေးလှုပ်ရှားမှု အဖွဲ့ဖြစ်တဲ့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူးကို ဟောင်ကောင်က ပြည်ဝင်ခွင့် မပေးခဲ့ကြောင်း HRW က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

HRW ရဲ့ World Report 2020 အစီရင်ခံစာ ထုတ်ပြန်ဖို့အတွက် ဟောင်ကောင်ကို သွားရောက်တဲ့ HRW ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Kennneth Roth က ဟောင်ကောင် နိုင်ငံတကာလေဆိပ်ကို တနင်္ဂနွေနေ့က ဆိုက်ရောက်လာချိန်မှာ ပြည်ဝင်ခွင့် ငြင်းပယ်ခံရတာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံသားဖြစ်တဲ့ သူ့ကို ဘာကြောင့် ပြည်ဝင်ခွင့် မပေးသလဲ ဆိုတာကိုတော့ လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူတွေက မပြောတဲ့အကြောင်း HRW က ပြောဆိုထားပါတယ်။

လူ့အခွင့်အရေးကို ထိန်းသိမ်းရေး နိုင်ငံတကာရဲ့ ကြိုးပမ်းအားထုတ်မှုအပေါ် တရုတ်အစိုးရဘက်က ပိုပြီး အားထည့် တိုက်ခိုက်နေတာ ပေါ်လွင်စေဖို့ မျှော်လင့်ကြောင်း၊ သူ့ကို ပြည်ဝင်ခွင့် မပေးတာဟာဆိုရင် ဒီပြဿနာကို ထင်ထင်ရှားရှား ဖော်ပြလိုက်တာ ဖြစ်ကြောင်းလည်း ပြည်ဝင်ခွင့် ငြင်းပယ်ခံခဲ့ရတဲ့ Roth က ပြောဆိုထားပါတယ်။

HRW က ဇန်နဝါရီလ ၁၅ ရက်နေ့မှာ အစီရင်ခံစာကို ထုတ်ပြန်ဖို့ စီစဉ်ထားတာပါ။ စာမျက်နှာ ၆၅၂ မျက်နှာပါ အစီရင်ခံစာမှာ ရေးထားတဲ့ Roth ရဲ့ အမှာစာမှာတော့ လူ့အခွင့်အရေး ထိန်းသိမ်းဆောင်ရွက်ရေး ကမ္ဘာလုံးဆိုင်ရာ စနစ်အပေါ် တရုတ်အစိုးရဘက်က ပြင်းပြင်းထန်ထန် ထိုးနှက် တိုက်ခိုက်နေတယ်လို့ သတိပေးထားတာပါ။ အခုတော့ ဒီအစီရင်ခံစာကို ဇန်နဝါရီလ ၁၄ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု New York မှာ Roth က ထုတ်ပြန်မယ်လို့လည်း HRW က ပြောဆိုထားပါတယ်။

-------------------------------

(Unicode)







တိုက်ရိုက် လင့်ခ်


XS
SM
MD
LG