သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခရစ္စမတ်နေ့ ဟောင်ကောင်ဆန္ဒပြမှု


(Zawgyi/Unicode)

ခရစ္စမတ်နေ့မှာပဲ ဟောင်ကောင်မှာ အစိုးရဆန့်ကျင် ဆန္ဒပြပွဲတွေ ဆက်လက်ပေါ်ပေါက်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေကြား ထိပ်တိုက်ရင်ဆိုင်တဲ့အထိ ဖြစ်ခဲ့အပြီး နောက်တနေ့မှာပဲ ဒီမိုကရေစီ ကြွေးကြော်သံတွေ အော်ဟစ်ပြီး ကုန်တိုက်တွေထဲဖြတ်ပြီး ချီတက်ဆန္ဒပြခဲ့ကြတာပါ။ မနေ့တုန်းက ခရစ္စမတ်အကြိုနေ့မှာတော့ ဆန္ဒပြသူတွေက နေရာတော်တော်များများမှာ မီးရှို့ဆန္ဒပြခဲ့ကြသလို၊ လုံထိန်းရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ နှိမ်နင်းမှုတွေနဲ့ ကြုံခဲ့ရပါတယ်။

အစိုးရဆန့်ကျင်ရေး၊ ဒီမိုကရေစီလွတ်လပ်ခွင့်တွေ ရရှိရေး အွန်လိုင်းက စည်းရုံးလှုံ့ဆော်ခဲ့ရာက မနေ့တုန်းက ဆန္ဒပြသူတွေ ကုန်တိုက်တွေ၊ ခရီးသွားတွေ အသွားအလာများတဲ့ နေရာတွေမှာ ဆန္ဒပြခဲ့ကြတာပါ။ ရာဇဝတ်မှုနဲ့ သံသယရှိသူတွေကို တရုတ်ပြည်မကြီးကို ပို့ဆောင်ခွင့်ရမယ့် ဥပဒေကို ဆန့်ကျင်ကန့်ကွက်ရာက စတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေ အခုဆိုရင် ၇ လအထိ ရှိလာနေပြီး၊ အရှိန်လျော့မယ့် လက္ခဏာလည်း မတွေ့ရသေးပါဘူး။

နိုင်ငံရေး လွတ်လပ်ခွင့်နဲ့ ရဲတပ်ဖွဲ့ရဲ့ အလွန်အကျွံ နှိမ်နင်းမှုတွေကို သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးဖို့ တောင်းဆိုမှုတွေ မရမချင်း ဆန္ဒပြတောင်းဆိုမှုတွေ အဆုံးသတ်မှာ မဟုတ်ကြောင်းလည်း ဆန္ဒပြသူတွေက ပြောဆိုထားကြတာပါ။ မနေ့ည ၉ နာရီ နောက်ပိုင်းမှာတော့ ဟောင်ကောင်က Peninsula ဇိမ်ခံဟိုတယ် အပါအဝင် ခရီးသွားတွေ အသွားအလာများတဲ့ နေရာတွေမှာ ဆန္ဒပြသူတွေကိုတော့ ရဲတွေက မျက်ရည်ယိုဗုံးတွေသုံးပြီး နှိမ်နင်းခဲ့ပါတယ်။ အစောပိုင်းမှာလည်း လမ်းတွေကို ပိတ်ဆို့ဆန္ဒပြခဲ့ကြရာမှာ ရဲတပ်ဖွဲ့က ဥပဒေနဲ့မညီကြောင်း သတိပေးခဲ့ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ မျက်ရည်ယိုဗုံးတွေကတော့ ခရစ္စမတ်ကာလ အလှပြထွန်းညှိထားတဲ့ မီးရောင်စုံတွေနဲ့ ခရီးသွားတွေ လည်ပတ်ရာ နေရာတွေကိုပါ ဖုံးလွှမ်းခဲ့တာပါ။

ကလေးငယ်တွေနဲ့ သွားလာနေတဲ့ မိသားစုတွေလည်း မီးခိုးတွေလွတ်ရာ တိမ်းရှောင်ခဲ့ကြရသလို၊ ခရစ္စမတ်ပွဲဆင်နွှဲဖို့ ကမ်းနားမှာ ရောက်နေကြတဲ့ လူတွေကိုလည်း စုဝေးမနေကြဖို့ ရဲတပ်ဖွဲ့က သတိပေးခဲ့ပါတယ်။ ရဲတပ်ဖွဲ့ကတော့ ည ၁၁ နာရီလောက်မှာ ဆန္ဒပြသူတွေက ရဲစခန်းတခုကို မီးလောင်ဗုံးတွေနဲ့ ပစ်ပေါက်ခဲ့ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

ခရစ်စမတ်နေ့ ဟောင်ကောင်ဆန္ဒပြမှု
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်

......................

ခရစ်စမတျနေ့ ဟောငျကောငျဆန်ဒပွမှု

(Unicode)





XS
SM
MD
LG