(Zawgyi / Unicode)
တိုင်ဝမ်ရွေးကောက်ပွဲမှာ သမ္မတ ဆိုင်အင်ဝမ်း အပြတ်အသတ် အနိုင်ရသွားတဲ့အပေါ်မှာ ထောက်ခံတဲ့အနေနဲ့ ဟောင်ကောင်ဒီမိုကရေစီရေး ဆန္ဒပြသူ ရာပေါင်းများစွာဟာ ဟောင်ကောင်မှာ ဒီကနေ့ စုဝေးချီတက်ခဲ့ကြပါတယ်။
တိုင်ဝမ်ရွေးကောက်ပွဲအတွင်း လက်ရှိသမ္မတ ဆိုင်အင်ဝမ်း သမိုင်းဝင်လောက်အောင် မဲအရေအတွက် ၈ သန်းကျော်ရရှိပြီး ဒုတိယအကြိမ် အနိုင်ရခဲ့တဲ့အပေါ် အောင်ပွဲခံခဲ့ကြပြီး ဆိုင်အင်ဝမ်း အနိုင်ရတဲ့အပေါ်မှာ သူတို့အနေနဲ့ ကြိုဆိုကြောင်း ဟောင်ကောင်ဆန္ဒပြတဲ့သူတွေက ပြောပါတယ်။
တိုင်ဝမ်ရွေးကောက်ပွဲမှာ အခုလို သမ္မတ ဆိုင်အင်ဝမ်း နိုင်လိုက်တာကြောင့် သူ့ရဲ့ ပုခုံးပေါ်မှာ ကျရောက်တဲ့ ဖိအားတွေကို အခုအခါမှာ ဖယ်ရှားပစ်နိုင်လိုက်ပြီလို့လည်း တိုင်ဝမ်မှာရောက်နေတဲ့ ဟောင်ကောင်ဆန္ဒပြတဲ့သူ တဦးက ပြောပါတယ်။
တကယ်လို့သာ တရုတ်ကို ထောက်ခံတဲ့ ကူမင်တန်ပါတီသာ အနိုင်ရခဲ့မယ်ဆိုရင် သူ့အနေနဲ့ တိုင်ဝမ်ကနေ မောင်းထုတ်ခံရမှာကို စိုးရိမ်တယ်လို့လည်း သူက ပြောပါတယ်။
ဟောင်ကောင် ဆန္ဒပြပွဲတွေနဲ့ ဆက်စပ်ပြီး အာဏာပိုင်တွေဘက်က ဖမ်းထားတာဟာ အခုဆိုရင် ၇ ထောင်ကျော်သွားခဲ့ပြီဖြစ်ပြီး အတော်များများကိုတော့ အဓိကရုဏ်း ဖန်တီးမှုနဲ့ တရားစွဲထားတာ ဖြစ်ပါတယ်။ အဲဒီလူတွေအနေနဲ့ တကယ်လို့သာ အပြစ်ရှိတယ်ဆိုရင် ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရမှာ ဖြစ်ပါတယ်။
----------------------------------
(Unicode)