(Zawgyi / Unicode)
ကုိ႐ုိနာဗိုင္းရပ္စ္ေၾကာင့္ လူ ၄ ဦးထက္ ပိုမစုရလို႔ တားျမစ္ထားတဲ့ ေဟာင္ေကာင္မွာ ေစ်းဝယ္စင္တာတခုထဲ လူအင္အား ၃၀၀ ေလာက္ရွိတဲ့ ဆႏၵျပသူေတြက တနဂၤေႏြေန႔မွာ သီခ်င္းဆုိၿပီး ဆႏၵျပခဲ့ၾကပါတယ္။
ဒါကို လက္နက္နဲ႔ ဒုိင္းေတြ ကုိင္ေဆာင္ထားတဲ့ ေဟာင္ေကာင္ အဓိက႐ုဏ္းႏွိမ္နင္းေရး ရဲေတြက လူစုခြဲခဲ့တာပါ။
ဆႏၵျပသူ လူငယ္အမ်ားစုဟာ အနက္ေရာင္အက်ႌကုိ ဝတ္ဆင္ထားၾကၿပီး ေစ်းဝယ္စင္တာထဲမွာ "ေဟာင္ေကာင္လြတ္ေျမာက္ေရးဟာ ငါတို႔ေခတ္ရဲ႕ ေတာ္လွန္ေရးပဲ" လို႔ ေႂကြးေၾကာ္ခဲ့ၾကပါတယ္။
က်န္တဲ့ ဆႏၵျပသူေတြကေတာ့ တေလာက ဖမ္းဆီးခံထားရတဲ့ ဒီမုိကေရစီအေရး လႈပ္ရွားသူေတြကို ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုခဲ့ၾကပါတယ္။
မတ္လကုန္ပိုင္း ကို႐ုိနာဗိုင္းရပ္စ္ အႏၱရာယ္ ပိုဆိုးလာခ်ိန္ လူမစုၾကဖို႔ ေဟာင္ေကာင္အစိုးရက တားျမစ္ခဲ့ၿပီးေနာက္ပိုင္း အခုလို လူစုလူေဝးနဲ႔ ဆႏၵျပၾကတာ ဒါ ပထမဆုံးအႀကိမ္ပဲ ျဖစ္ပါတယ္။
လူစုလူေဝး မလုပ္ရဆိုတဲ့ တင္းက်ပ္မႈေတြ ေဟာင္ေကာင္မွာ စတင္ေျဖေလွ်ာ့လာၿပီးေနာက္ အခုလိုလုပ္လာတဲ့ အစိုးရဆန္႔က်င္ေရး ဆႏၵျပပြဲေတြ အေပၚ တ႐ုတ္အစိုးရက တင္းတင္းက်ပ္က်ပ္ ကိုင္တြယ္လာမွာကို စိုးရိမ္ေနၾကပါတယ္။
ေဟာင္ေကာင္ၿမဳိ႕အုပ္ခ်ဳပ္ေရးနဲ႔ ပတ္သက္လို႔ တ႐ုတ္အစိုးရက ဝင္ေရာက္ စြက္ဖက္မႈ တုိးလာတဲ့အေပၚ ပိုစုိးရိမ္စရာ ျဖစ္လာေနၿပီး ေဟာင္ေကာင္အေနနဲ႔ အမ်ဳိးသားလုံၿခဳံေရး ဥပေဒကို တတ္ႏိုင္သမွ် အျမန္ဆုံး ျပ႒ာန္းေပးဖို႔ ျပည္မအစိုးရ ေခါင္းေဆာင္ေတြက ၿပီးခဲ့တဲ့အပတ္ထဲ တိုက္တြန္းခဲ့ပါတယ္။
--------------------------------
(Unicode)
COVID-19 ကြောင့် လူမစုရ တားမြစ်ထားတဲ့ ဟောင်ကောင်မှာ ရာချီ ဆန္ဒပြ
ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ ၄ ဦးထက် ပိုမစုရလို့ တားမြစ်ထားတဲ့ ဟောင်ကောင်မှာ ဈေးဝယ်စင်တာတခုထဲ လူအင်အား ၃၀၀ လောက်ရှိတဲ့ ဆန္ဒပြသူတွေက တနင်္ဂနွေနေ့မှာ သီချင်းဆိုပြီး ဆန္ဒပြခဲ့ကြပါတယ်။
ဒါကို လက်နက်နဲ့ ဒိုင်းတွေ ကိုင်ဆောင်ထားတဲ့ ဟောင်ကောင် အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေက လူစုခွဲခဲ့တာပါ။
ဆန္ဒပြသူ လူငယ်အများစုဟာ အနက်ရောင်အင်္ကျီကို ဝတ်ဆင်ထားကြပြီး ဈေးဝယ်စင်တာထဲမှာ "ဟောင်ကောင်လွတ်မြောက်ရေးဟာ ငါတို့ခေတ်ရဲ့ တော်လှန်ရေးပဲ" လို့ ကြွေးကြော်ခဲ့ကြပါတယ်။
ကျန်တဲ့ ဆန္ဒပြသူတွေကတော့ တလောက ဖမ်းဆီးခံထားရတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
မတ်လကုန်ပိုင်း ကိုရိုနာဗိုင်းရပ်စ် အန္တရာယ် ပိုဆိုးလာချိန် လူမစုကြဖို့ ဟောင်ကောင်အစိုးရက တားမြစ်ခဲ့ပြီးနောက်ပိုင်း အခုလို လူစုလူဝေးနဲ့ ဆန္ဒပြကြတာ ဒါ ပထမဆုံးအကြိမ်ပဲ ဖြစ်ပါတယ်။
လူစုလူဝေး မလုပ်ရဆိုတဲ့ တင်းကျပ်မှုတွေ ဟောင်ကောင်မှာ စတင်ဖြေလျှော့လာပြီးနောက် အခုလိုလုပ်လာတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အပေါ် တရုတ်အစိုးရက တင်းတင်းကျပ်ကျပ် ကိုင်တွယ်လာမှာကိုစိုးရိမ်နေကြပါတယ်။
ဟောင်ကောင်မြို့အုပ်ချုပ်ရေးနဲ့ ပတ်သက်လို့ တရုတ်အစိုးရက ဝင်ရောက် စွက်ဖက်မှု တိုးလာတဲ့အပေါ် ပိုစိုးရိမ်စရာ ဖြစ်လာနေပြီး ဟောင်ကောင်အနေနဲ့ အမျိုးသားလုံခြုံရေး ဥပဒေကို တတ်နိုင်သမျှ အမြန်ဆုံး ပြဋ္ဌာန်းပေးဖို့ ပြည်မအစိုးရ ခေါင်းဆောင်တွေက ပြီးခဲ့တဲ့အပတ်ထဲ တိုက်တွန်းခဲ့ပါတယ်။