သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်နဲ့ ဆက်ဆံရေး ကန်လျှော့ချမှု ဟောင်ကောင်တာဝန်ရှိသူတွေ ဝေဖန်


အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားနေတဲ့ အမေရိကန်သမ္မတ Donald Trump. (မေ ၂၉၊ ၂၀၂၀)
အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားနေတဲ့ အမေရိကန်သမ္မတ Donald Trump. (မေ ၂၉၊ ၂၀၂၀)

(Zawgyi / Unicode)

အမေရိကန်သမ္မတ Donald Trump ရဲ့ တရုတ်အစိုးရအပေါ် ရည်ရွယ်ပြီး ဟောင်ကောင်ကျွန်းနဲ့ ပတ်သက်တဲ့ အခွင့်အရေးတွေ ပိတ်ပင်မယ့် အစီအစဉ်ကို ဟောင်ကောင်အစိုးရ အရာရှိတွေ တန်ပြန်ရှုတ်ချ ဝေဖန်သွားပါတယ်။

“ဟောင်ကောင်အစိုးရကို ဒီလို လာခြိမ်းခြောက်လို့ ရမှာမဟုတ်ဘူး၊ အခု ဥပဒေသစ်ကိစ္စကို ဆက်လုပ်သွားမှာပဲ ဖြစ်တယ်” လို့ ဟောင်ကောင် လုံခြုံရေးဝန်ကြီး John Lee က သမ္မတ Trump ပြောသွားပြီး နာရီပိုင်းအတွင်းမှာပဲ ပြန်ပြောသွားတာ ဖြစ်ပါတယ်။

“သမ္မတ Trump လုပ်ရပ်ရဲ့ အခြေခံဟာ လုံးဝမှားယွင်းပါတယ်၊ ဟောင်ကောင်ရဲ့ အမျိုးသားလုံခြုံရေး ဥပဒေဟာ တရားနည်းလမ်းကျဖြစ်ပြီး လိုကို လိုအပ်ပါတယ်” လို့ ဟောင်ကောင်တရားရေးဝန်ကြီး Teresa Cheng ကလည်း ပြောပါတယ်။

တရုတ်အစိုးရက ဟောင်ကောင်မှာ လုံခြုံရေးဥပဒေတွေ အသစ်ထုတ်ပြန်မယ့် အစီအစဉ်ကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်သမ္မတ Donald Trump က ဟောင်ကောင်ကျွန်းအတွက် ထားတဲ့ အထူးဆက်ဆံရေးကို ဖျက်ပစ်မယ်လို့ သောကြာနေ့ကပဲ ပြောသွားတာ ဖြစ်ပါတယ်။

“တရုတ်အစိုးရဟာ ဟောင်ကောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ပတ်သက်ပြီး ပေးထားတဲ့ကတိကို ဖျက်တယ်၊ ဒီလို တရုတ်အစိုးရရဲ့ လုပ်ရပ်ဟာ ဟောင်ကောင်ကလူတွေ အတွက်ရော တရုတ်နိုင်ငံသားတွေနဲ့ ကမ္ဘာ့လူထုအတွက်ပါ သတင်းဆိုးဖြစ်တယ်” လို့ သောကြာနေ့က အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။

အမေရိကန်ပြည်ထောင်စုက ဟောင်ကောင်အတွက် အထူးအခွင့်အရေးတွေကို ပယ်ဖျက်မယ့်အပြင် ဟောင်ကောင်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးကို အနှောင့်အယှက်ပေးတဲ့ ဘယ်သူူ့မဆိုကိုလည်း ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်သွားမှာ ဖြစ်တယ်လို့ သမ္မတ Trump က ပြောပါတယ်။

ဒါ့အပြင် အမေရိကန်တက္ကသိုလ်တွေက အရေးကြီး သုတေသန လုပ်ငန်းတွေကို ကာကွယ်ဖို့အတွက် လုံခြုံရေးအတွက် မသင်္ကာစရာရှိတဲ့သူတွေ တရုတ်နိုင်ငံကနေ အမေရိကန်ပြည်ထောင်စုကို ဝင်ရောက်ခွင့် ဆိုင်းထားဖို့ ကြေညာချက်ထုတ်မယ်လို့လည်း ပြောပါတယ်။ ဒီလိုလုပ်ရင် တရုတ် ဘွဲ့လွန်ကျောင်းသား ၃၀၀၀ ကနေ ၅၀၀၀ လောက်ကို ရိုက်ခတ်မှု ဖြစ်စေမယ်လို့ အမေရိကန်အစိုးရ သတင်းရပ်ကွက်က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------------

(Unicode)









XS
SM
MD
LG