သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်အမျိုးသားလုံခြုံရေးဥပဒေ တရုတ်လွှတ်တော် အတည်ပြုပြဌာန်း


တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်
တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်

[Zawgyi/Unicode]

တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်က ဟောင်ကောင် အမျိုးသားလုံခြုံရေးဥပဒေကြမ်းကို ဥပဒေအဖြစ်နဲ့ ဒီနေ့မှာ အတည်ပြုလိုက်ပါတယ်။ အခုလို ဥပဒေအဖြစ်နဲ့ အတည်ပြုလိုက်တာကြောင့် တရုတ်နိုင်ငံနဲ့ အမေရိကန်၊ ဗြိတိန်နိုင်ငံတို့ကြားမှာ ဆက်ဆံရေး တင်းမာလာပါတယ်။ နှစ်စဉ်ကျင်းပတဲ့ တရုတ် အမျိုးသားကွန်ဂရက်ရဲ့ ညီလာခံကို ဒီကနေ့အဆုံးသတ်ခဲ့ချိန်မှာ ဒီဥပဒေကြမ်းကို အတည်ပြုခဲ့တာဖြစ်ပါတယ်။

အခုအတည်ပြုလိုက်တဲ့ အမျိုးသားလုံခြုံရေးဥပဒေက Basic Law လို့ခေါ်တဲ့ ဟောင်ကောင် အခြေခံဥပဒေကို အပြောင်းအလဲ လုပ်လိုက်တာပါပဲ။ အခုဥပဒေအရ နောက်ပိုင်းမှာ တရုတ်ခေါင်းဆောင်တွေက ဆုံးဖြတ်မယ့် အရေးယူဆောင်ရွက်ချက်တွေကို ဟောင်ကောင်အစိုးရအနေနဲ့ လိုက်နာဆောင်ရွက်ရမှာဖြစ်ပါတယ်။

တရုတ်အစိုးရဘက်က ဒီဥပဒေကိုပြဌာန်းဖို့ လုပ်လာတဲ့အတွက် အမေရိကန်အနေနဲ့ ဟောင်ကောင်ကို တရုတ်အစိုးရလက်အောက်ကနေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ဒေသအဖြစ်နဲ့ ဆက်ဆံသွားတော့မှာ မဟုတ်ဘူးလို့ အမေရိကန်အစိုးရက ကြေငြာထားပါတယ်။

ဒီဥပဒေက ဟောင်ကောင်ပြည်သူတွေရဲ့ နိုင်ငံသားလွတ်လပ်ခွင့်ကို ထိခိုက်စေမှာဖြစ်ပြီး နိုင်ငံရေးလှုပ်ရှားမှုတွေကို ဖိနှိပ်ဖို့အတွက် အသုံးပြုလာနိုင်တယ်လို့ ဟောင်ကောင်က တက်ကြွလှုပ်ရှားသူတွေက ဝေဖန် ကန့်ကွက်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]






XS
SM
MD
LG