သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ဒဏ်ခတ်မှုကြောင့် စမတ်ဖုန်း Chip ပြား မလုံလောက်တော့ဘူးလို့ Huawei ပြော


လန်ဒန်မြို့လယ်က Huawei ကြော်ငြာတခု။ (ဧပြီ ၂၉၊ ၂၀၁၉)
လန်ဒန်မြို့လယ်က Huawei ကြော်ငြာတခု။ (ဧပြီ ၂၉၊ ၂၀၁၉)

(Zawgyi / Unicode)

အမေရိကန်ရဲ့ အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် Huawei ရဲ့ နောက်ဆုံးပေါ် စမတ်ဖုန်းတွေမှာ ထည့်သုံးနေတဲ့ ကွန်ပျူတာ Chip ပြား ထုတ်လုပ်မှုတွေ လာမယ့် စက်တင်ဘာလထဲ ရပ်ဆိုင်းတော့မှာ ဖြစ်တယ်လို့ Huawei က ပြောပါတယ်။ Chip ပြား ထုတ်လုပ်မှု အခုလို ရပ်ဆိုင်းသွားရင် Huawei အတွက် ကြီးမားတဲ့ဆုံးရှုံးမှု ရင်ဆိုင်လာရမယ်လို့ ဆိုပါတယ်။

Huawei ကြောင့် ဆိုက်ဘာအင်တာနက် လုံခြုံရေးပိုင်း အန္တရာယ်ရှိလာနိုင်ကြောင်း အမေရိကန်က ပြောဆိုနေပြီး 5G ဆက်သွယ်ရေးဆိုင်ရာ ကမ္ဘာအနှံ့ ပြိုင်ဆိုင်မှုတွေ ရှိလာချိန်မှာ Huawei ကို အထီးကျန်ဖြစ်အောင် အမေရိကန်အစိုးရက သံတမန်ထိုးစစ် ဆင်နွှဲလာတာ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် Huawei ကုမ္ပဏီသုံး Kirin 9000 ဈေးအကြီးဆုံး Chip ပြား ထုတ်လုပ်မှုကို စက်တင်ဘာလ ၁၅ ရက်နေ့ကစပြီး ရပ်ဆိုင်းရတော့မှာဖြစ်ကြောင်း Huawei ရဲ့ အကြီးအကဲ Yu Chengdong က သောကြာနေ့ နည်းပညာ အလုပ်ရုံဆွေးနွေးပွဲမှာ ပြောသွားပါတယ်။

အမေရိကန်ထုတ် စမတ်ဖုန်းပစ္စည်း အစိတ်အပိုင်း၊ Google တေးသီချင်းနဲ့ တခြား စမတ်ဖုန်း ဝန်ဆောင်မှုတွေကို ပြီးခဲ့တဲ့နှစ်ကစပြီး Huawei ကုမ္ပဏီက ရယူသုံးစွဲခွင့် မရှိတော့ဘဲ ပိတ်ပင်ခံထားရပါတယ်။

Kirin 9000 Chip ပြားတွေကို အမေရိကန် နည်းပညာနဲ့ ပစ္စည်းကိရိယာတွေသုံးပြီး ထိုင်ဝမ်ရဲ့ လျှပ်စစ်ပစ္စည်းထုတ် Taiwan Seminconductor Manufacturing Co. (TSMC) က ထုတ်နေတာ ဖြစ်ပါတယ်။

ဆိုးကျိုးသက်ရောက်မှုတွေ ဖြစ်လာမှာစိုးတဲ့အတွက် TSMC ကုမ္ပဏီကလည်း Huawei ဆီကလာတဲ့ ပစ္စည်းအမှာစာတွေကို ပြီးခဲ့တဲ့ မေလထဲမှာ ရပ်ပစ်ခဲ့တာပါ။

Huawei ကုမ္ပဏီဟာ သူ့ရဲ့ အဆင့်မြင့်စမတ်ဖုန်းတွေထဲမှာ သုံးတဲ့ Chip ပြားတွေကို ကိုယ်တိုင်ထုတ်လုပ်နိုင်ခြင်း မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

---------------------------

(Unicode)







ဆိုးကြိုးသကျရောကျမှုတှေ ဖွဈလာမှာစိုးတဲ့အတှကျ TSMC ကုမ်ပဏီကလညျး Huawei ဆီကလာတဲ့ ပစ်စညျးအမှာစာတှကေို ပွီးခဲ့တဲ့ မလေထဲမှာ ရပျပဈခဲ့တာပါ။


XS
SM
MD
LG