(Zawgyi / Unicode)
ၿဗိတိန္ႏိုင္ငံရဲ႕ မုိဘိုင္းဖုန္း 5G Network လုပ္ငန္းမွာ တ႐ုတ္ ဆက္သြယ္ေရး ကုမၸဏီႀကီးျဖစ္တဲ့ Huawei နဲ႔ ပူးတဲြလုပ္ေနတဲ့ အစီအစဥ္ကို အဆုံးသတ္ေတာ့မယ့္ အေျခအေနမွာ ရွိေနပါတယ္။
ဒီလုပ္ရပ္ဟာ ၿဗိတိန္နဲ႔ တ႐ုတ္ႏိုင္ငံၾကား ဆက္ဆံေရး အေျခအေနကို ပိုဆုိးရြားေစၿပီး ေနာက္ျပန္လွည့္တဲ့ မူဝါဒျဖစ္ေပမယ့္လည္း အေမရိကန္အစိုးရနဲ႔ တာဝန္ရွိသူေတြကေတာ့ ဒီအေပၚမွာ စိတ္ေက်နပ္မႈ ရွိၾကမွာပဲလို႔ ၿဗိတိန္မီဒီယာေတြက ေရးေနၾကပါတယ္။
အခုလုိ ၿဗိတိန္ရဲ႕မူဝါဒ အဓိက ေျပာင္းသြားရတာဟာ NCSC ေခၚ ၿဗိတိသွ် ဆိုက္ဘာလုံၿခဳံေရးစင္တာရဲ႕ ျပန္လည္ဆန္းစစ္ခ်က္ အသစ္တရပ္ေၾကာင့္ျဖစ္ၿပီး တ႐ုတ္ Huawei ကုမၸဏီရဲ႕ ၾကားျဖတ္ခိုးနားေထာင္တဲ့ အႏၱရာယ္ရွိေနတာေၾကာင့္ ျဖစ္ေၾကာင္း ၿဗိတိန္ႏိုင္ငံထုတ္ Sunday Telegraph သတင္းစာက ေရးပါတယ္။ အဲဒီသတင္းစာပါ ေရးသားခ်က္ေတြ မွန္ကန္ေၾကာင္း ၿဗိတိသွ်အစိုးရ အရာရွိေတြက ဗြီအိုေအကုိ အတည္ျပဳ ေျပာဆိုပါတယ္။
Huawei ကုမၸဏီေၾကာင့္ အႏၱရာယ္ရွိလာႏိုင္တဲ့ကိစၥကို ေလ်ာ့ပါးသြားေအာင္ လုပ္ေဆာင္ႏိုင္တယ္လုိ႔ NCSC က အေစာပုိင္းမွာ ေျပာခဲ့ေပမယ့္ အေမရိကန္ ေထာက္လွမ္းေရးေတြကေတာ့ ဒီအျမင္ကို လက္မခံပါဘူး။
--------------------------------
(Unicode)
Huawei နဲ့ ဗြိတိန် လက်တွဲဖြုတ်မယ့် အလားအလာရှိ
ဗြိတိန်နိုင်ငံရဲ့ မိုဘိုင်းဖုန်း 5G Network လုပ်ငန်းမှာ တရုတ် ဆက်သွယ်ရေး ကုမ္ပဏီကြီးဖြစ်တဲ့ Huawei နဲ့ ပူးတွဲလုပ်နေတဲ့ အစီအစဉ်ကို အဆုံးသတ်တော့မယ့် အခြေအနေမှာ ရှိနေပါတယ်။
ဒီလုပ်ရပ်ဟာ ဗြိတိန်နဲ့ တရုတ်နိုင်ငံကြား ဆက်ဆံရေး အခြေအနေကို ပိုဆိုးရွားစေပြီး နောက်ပြန်လှည့်တဲ့ မူဝါဒဖြစ်ပေမယ့်လည်း အမေရိကန်အစိုးရနဲ့ တာဝန်ရှိသူတွေကတော့ ဒီအပေါ်မှာ စိတ်ကျေနပ်မှု ရှိကြမှာပဲလို့ ဗြိတိန်မီဒီယာတွေက ရေးနေကြပါတယ်။
အခုလို ဗြိတိန်ရဲ့မူဝါဒ အဓိက ပြောင်းသွားရတာဟာ NCSC ခေါ် ဗြိတိသျှ ဆိုက်ဘာလုံခြုံရေးစင်တာရဲ့ ပြန်လည်ဆန်းစစ်ချက် အသစ်တရပ်ကြောင့်ဖြစ်ပြီး တရုတ် Huawei ကုမ္ပဏီရဲ့ ကြားဖြတ်ခိုးနားထောင်တဲ့ အန္တရာယ်ရှိနေတာကြောင့် ဖြစ်ကြောင်း ဗြိတိန်နိုင်ငံထုတ် Sunday Telegraph သတင်းစာက ရေးပါတယ်။ အဲဒီသတင်းစာပါ ရေးသားချက်တွေ မှန်ကန်ကြောင်း ဗြိတိသျှအစိုးရ အရာရှိတွေက ဗွီအိုအေကို အတည်ပြု ပြောဆိုပါတယ်။
Huawei ကုမ္ပဏီကြောင့် အန္တရာယ်ရှိလာနိုင်တဲ့ကိစ္စကို လျော့ပါးသွားအောင် လုပ်ဆောင်နိုင်တယ်လို့ NCSC က အစောပိုင်းမှာ ပြောခဲ့ပေမယ့် အမေရိကန် ထောက်လှမ်းရေးတွေကတော့ ဒီအမြင်ကို လက်မခံပါဘူး။