သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္ မႏွစ္သက္တဲ႔ Huawei ကုမၸဏီကို ၿဗိတိန္ လက္ခံမလား


(Zawgyi/ Unicode)

ၿဗိတိန္ႏုိင္ငံအတြင္း 5G အင္တာနက္ ဆက္သြယ္မႈေတြ တည္ေဆာက္မယ့္ လုပ္ငန္းစဥ္ေတြမွာ တရုတ္အေျခစုိက္ Huawei ကုမၸဏီကုိ ပါ၀င္ခြင့္ျပဳသင့္ မသင့္ဆုိတာကုိ စဥ္းစားေနတဲ့အခ်ိန္မွာဘဲ အေမရိကန္ႏုိင္ငံျခားေရး၀န္ႀကီး Mike Pompeo ဟာ ဒီသီတင္းပတ္အတြင္း ၿဗိတိန္ကုိ သြားဖုိ႔ ရွိေနပါတယ္။

Huawei ဆက္သြယ္ေရး ခြင့္မျပဳဖို႔ ၿဗိတိန္ကို ကန္သတိေပးတဲ့သတင္းကို ဖတ္ရႈႏိုင္ပါၿပီ။

Huawei ကုမၸဏီကုိ ပါခြင့္ျပဳသင့္ မသင့္ဆုိတဲ့ကိစၥကုိ ၿဗိတိန္အစုိးရက ဒီကေန႔ အဂၤါေန႔မွာ ဆုံးျဖတ္ခ်က္ခ်မွာ ျဖစ္ပါတယ္။ ၿဗိတိန္အစုိးရက 5G ဆက္သြယ္မႈလုပ္ငန္းေတြအတြက္ Huawei ကုိ တစိတ္တပုိင္း ပါ၀င္ခြင့္ျပဳလိမ့္မယ္လုိ႔ ေမွ်ာ္လင့္ရေၾကာင္း အေမရိကန္အေျခစုိက္ စီးပြားေရးဆုိင္ရာ ရုပ္သံသတင္းဌာနျဖစ္တဲ့ CNBC က ေျပာပါတယ္။

၀န္ႀကီး Pompeo ဟာ ၿဗိတိန္၀န္ႀကီးခ်ဳပ္ Boris Johnson ၊ ႏုိင္ငံျခားေရး၀န္ႀကီး Dominic Raab တုိ႔နဲ႔ ၿဗိတိန္နဲ႔ အေမရိကန္အၾကားက အထူးဆက္ဆံေရး တည္ရွိမႈ ထပ္ေလာင္းခုိင္မာေရးကိစၥရပ္ေတြကုိ ေဆြးေႏြးသြားမယ္လုိ႔ အေမရိကန္ႏုိင္ငံျခားေရးဌာနက ေျပာပါတယ္။

ႏွစ္ႏုိင္ငံအၾကား အင္မတန္ရင္းႏွီးတဲ့ ဆက္ဆံေရးရွိေနတဲ့အျပင္ အားမာန္ပါတဲ့ ေဆြးေႏြးမႈေတြလည္း ရွိေနေၾကာင္း အေမရိကန္ ႏုိင္ငံျခားေရးဌာန အႀကီးတန္း အရာရွိတဦးက ေျပာပါတယ္။ သူတုိ႔ရဲ႕ အၿပီးသတ္ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္လုိ႔ ၿဗိတိန္ဘက္က ေျပာဆုိထားျခင္း မရွိေသးဘူးလုိ႔ အေမရိကန္ႏုိင္ငံျခားေရးဌာန တျခား အရာရွိတဦးကလည္း ေျပာပါတယ္။

Huawei ကုိ ၀င္ေရာက္ခြင့္ျပဳလုိက္ျခင္းအားျဖင့္ ေနာက္ကြယ္ကေန တရုတ္အစုိးရက သူလွ်ဳိလုပ္ဖုိ႔ အခြင့္အလန္း ရသြားေစႏုိင္တယ္လုိ႔ အေမရိကန္က ေျပာဆုိထားေပမယ့္ Huawei ဘက္က အဲဒီလုိ ေျပာဆုိမႈကုိ ျငင္းထားပါတယ္။

အေမရိကန္ဖိအားေၾကာင့္ တ႐ုတ္ Huawei ကုမၸဏီ ထိခုိက္မႈနဲ႔ ႀကံဳတဲ့သတင္းကို ဖတ္ရႈႏိုင္ပါၿပီ။

တိုက္႐ိုက္ လင့္ခ္


.................

ကန် မနှစ်သက်တဲ့ Huawei ကုမ္ပဏီကို ဗြိတိန် လက်ခံမလား

(Unicode)

ဗြိတိန်နိုင်ငံအတွင်း 5G အင်တာနက် ဆက်သွယ်မှုတွေ တည်ဆောက်မယ့် လုပ်ငန်းစဉ်တွေမှာ တရုတ်အခြေစိုက် Huawei ကုမ္ပဏီကို ပါဝင်ခွင့်ပြုသင့် မသင့်ဆိုတာကို စဉ်းစားနေတဲ့အချိန်မှာဘဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ဟာ ဒီသီတင်းပတ်အတွင်း ဗြိတိန်ကို သွားဖို့ ရှိနေပါတယ်။

Huawei ဆက်သွယ်ရေး ခွင့်မပြုဖို့ ဗြိတိန်ကို ကန်သတိပေးတဲ့သတင်းကို ဖတ်ရှုနိုင်ပါပြီ။

Huawei ကုမ္ပဏီကို ပါခွင့်ပြုသင့် မသင့်ဆိုတဲ့ကိစ္စကို ဗြိတိန်အစိုးရက ဒီကနေ့ အင်္ဂါနေ့မှာ ဆုံးဖြတ်ချက်ချမှာ ဖြစ်ပါတယ်။ ဗြိတိန်အစိုးရက 5G ဆက်သွယ်မှုလုပ်ငန်းတွေအတွက် Huawei ကို တစိတ်တပိုင်း ပါဝင်ခွင့်ပြုလိမ့်မယ်လို့ မျှော်လင့်ရကြောင်း အမေရိကန်အခြေစိုက် စီးပွားရေးဆိုင်ရာ ရုပ်သံသတင်းဌာနဖြစ်တဲ့ CNBC က ပြောပါတယ်။

ဝန်ကြီး Pompeo ဟာ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson ၊ နိုင်ငံခြားရေးဝန်ကြီး Dominic Raab တို့နဲ့ ဗြိတိန်နဲ့ အမေရိကန်အကြားက အထူးဆက်ဆံရေး တည်ရှိမှု ထပ်လောင်းခိုင်မာရေးကိစ္စရပ်တွေကို ဆွေးနွေးသွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။

နှစ်နိုင်ငံအကြား အင်မတန်ရင်းနှီးတဲ့ ဆက်ဆံရေးရှိနေတဲ့အပြင် အားမာန်ပါတဲ့ ဆွေးနွေးမှုတွေလည်း ရှိနေကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန အကြီးတန်း အရာရှိတဦးက ပြောပါတယ်။ သူတို့ရဲ့ အပြီးသတ်ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ဗြိတိန်ဘက်က ပြောဆိုထားခြင်း မရှိသေးဘူးလို့ အမေရိကန်နိုင်ငံခြားရေးဌာန တခြား အရာရှိတဦးကလည်း ပြောပါတယ်။

Huawei ကို ဝင်ရောက်ခွင့်ပြုလိုက်ခြင်းအားဖြင့် နောက်ကွယ်ကနေ တရုတ်အစိုးရက သူလျှိုလုပ်ဖို့ အခွင့်အလန်း ရသွားစေနိုင်တယ်လို့ အမေရိကန်က ပြောဆိုထားပေမယ့် Huawei ဘက်က အဲဒီလို ပြောဆိုမှုကို ငြင်းထားပါတယ်။

အမေရိကန်ဖိအားကြောင့် တရုတ် Huawei ကုမ္ပဏီ ထိခိုက်မှုနဲ့ ကြုံတဲ့သတင်းကို ဖတ်ရှုနိုင်ပါပြီ။

XS
SM
MD
LG