သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ဖိအားကြောင့် တရုတ် Huawei ကုမ္ပဏီ ထိခိုက်မှုနဲ့ ကြုံ


Huawei ကုမ္ပဏီ တံဆိပ် (ဇွန်၊ ၀၃၊ ၂၀၁၉)
Huawei ကုမ္ပဏီ တံဆိပ် (ဇွန်၊ ၀၃၊ ၂၀၁၉)

မျှော်လင့်မထားတဲ့ အခြေအနေမျိုးတွေကြောင့်သာ မဟုတ်ဘူးဆိုရင် Huawei ကုမ္ပဏီဟာ ဒီနှစ်ကုန်မှာ ကမ္ဘာ့ နံပါတ်တစ် စမတ် ဖုန်းထုတ်တဲ့ ကုမ္ပဏီ ဖြစ်သွားခြေ ရှိတယ်လို့ ကုမ္ပဏီရဲ့ မဟာဗျူဟာရေးရာ အကြီးအကဲက ပြောလိုက်ပါတယ်။ ဒီပြောဆိုချက်က အမေရိကန်ရဲ့ ဖိအားပေးမှုကြောင့် ကုမ္ပဏီ ရောင်းအားကို ထိခိုက်သွားနိုင်ခြေ ရှိတယ်ဆိုတာ ပြလိုက်တာ ဖြစ်နိုင်ပါတယ်။

တရုတ်နိုင်ငံ၊ ရှန်ဟဲမြို့မှာကျင်းပတဲ့ လူသုံး လျှပ်စစ်ပစ္စည်းပြပွဲမှာ Shao Yang က အဲဒီလိုပြောလိုက်တာပါ။ 5G မျိုးဆက်သစ် ဆက်သွယ်ရေးနည်းပညာပိုင်းကနေ Huawei နည်းပညာကုမ္ပဏီကို ဖယ်ထုတ်ထားဖို့ တခြားနိုင်ငံတွေကို အမေရိကန်က ဖိအား တိုးပေးနေချိန်မှာပဲ Huawei မဟာဗျူဟာပိုင်း အကြီးအကဲက ပြောလိုက်တာပါ။ 5G ဆက်သွယ်ရေးကွန်ယက် နည်းပညာမှာ Huawei ကုမ္ပဏီကို ထိပ်တန်းဦးဆောင် ကုမ္ပဏီတခုအဖြစ် ယူဆထားကြပါတယ်။

"မျှော်လင့်မထားတဲ့ တခုခုသာ ဖြစ်မလာဘူးဆိုရင် စတုတ္ထလေးလပတ်မှာ ကျနော်တို့ဟာ ကမ္ဘာ့နံပါတ်တစ် ဖြစ်သွားမှာပါပဲ။ ဒါပေမယ့် အခုတော့ အဲဒီနေရာကိုရောက်ဖို့ ကျနော်တို့ နည်းနည်းထပ် စောင့်ရပါတော့မယ်။” လို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ကိုပဲ ဖြစ်ဖြစ်၊ ကုန်သွယ်ရေးစစ်ကိုပဲဖြစ်ဖြစ် တိုက်ရိုက်ထည့် မပြောဘဲ Shao Yang က ပြောသွားပါတယ်။

Huawei ကုမ္ပဏီကို အမေရိကန်အစိုးရက ပြီးခဲ့တဲ့လမှာ အမည်မည်းစာရင်း သွင်းလိုက်တဲ့အတွက် အမေရိကန် ကုမ္ပဏီတွေအနေ နဲ့ Huawei ကုမ္ပဏီကို အစိုးရအတည်ပြုချက် မယူဘဲ ပစ္စည်းတွေ ရောင်းချတာကို ပိတ်ပင်ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။ အမေ ရိကန်အစိုးရရဲ့ အဲဒီလုပ်ဆောင်ချက်ဟာ တရုတ်နဲ့ အမေရိကန်ကြား ကုန်သွယ်ရေးဆိုင်ရာ အငြင်းပွားနေတာရဲ့ တစိတ်တပိုင်းပါ။ Huawei လို တရုတ်နည်းပညာ ကုမ္ပဏီတွေဟာ ကုန်သွယ်ရေးလျှို့ဝှက်ချက်တွေကို ခိုးယူနေပြီး ဆိုင်ဘာလုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ အမေရိကန်က စွပ်စွဲထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG