သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ပစ္စည်း အခွန်တိုးကောက်လို့ ကန်ကြုံရတဲ့ အခက်အခဲ


အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ကြား ကုန်သွယ်ရေးတင်းမာနေမှုတွေကြောင့် စက်ရုပ်၊ ဒရုန်းယာဉ်နဲ့ လျှပ်စစ်ကားတို့လို အဆင့်မြင့် နည်းပညာပစ္စည်းတွေအတွက် လိုအပ်တဲ့ ရှားပါးသတ္ထု ၁၇ မျိုး ရရှိနိုင်ရေး အမေရိကန်အတွက် စိုးရိမ်ဖွယ်အခြေအနေ ရှိနေပါတယ်။

အမေရိကန်ကို တင်ပို့တဲ့ ရှားပါးသတ္ထုတွေအပေါ် ကုန်သွယ်ခွန် ၂၅ ရာခိုင်နှုန်း တရုတ်က မကြာခင်တုန်းက တိုးမြှင့်လိုက်ပါတယ်။ Trump အစိုးရက တရုတ်ကုန်ပစ္စည်းတွေအပေါ် ကုန်သွယ်ခွန် တိုးမြှင့်လိုက်ပြီး တရုတ်ဆက်သွယ်ရေး နည်းပညာကုမ္ပဏီကြီး Huawei ကို ပိတ်ပင်လိုက်တဲ့နောက် အမေရိကန်ကို တင်ပို့ကုန်တွေအားလုံးကို ရပ်ပစ်မယ်လို့တောင် တရုတ်က ခြိမ်းခြောက်ခဲ့ပါတယ်။

Europium, scandium နဲ့ ytterbium တို့လို ရှားပါး သတ္ထုတွေကို လုပ်ခနည်းပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းတွေ တင်းကြပ်မထားတာကြောင့် စရိတ်သက်သာစွာ အလွယ်တကူတူးဖော်နိုင်တဲ့ တရုတ်မိုင်းတွင်းတွေက တူးဖော်ရရှိပါတယ်။

ဒါပေမယ့် ဒီသတ္ထုတွေကို အမေရိကန်ဆီ မတင်ပို့တော့ဘူးဆိုတဲ့ တရုတ်ရဲ့ ခြိမ်းခြောက်မှုကြောင့် အထိတ်တလန့် ဖြစ်သွားစရာ မလိုဘူးလို့ ကုန်သွယ်ရေးပညာရှင်တွေက သုံးသပ်ပါတယ်။

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ ရှားပါးသတ္ထုတွင်းတွေ ရှိနေသလို သြစတြေးလျ၊ မြန်မာ၊ ရုရှားနဲ့ အိန္ဒိယနိုင်ငံတွေမှာလည်း ရှားပါးသတ္ထုတွင်းထွက်တွေ ရှိနေပါတယ်။ ဗီယက်နမ်နဲ့ ဘရာဇီးမှာလည်း သတ္ထုသိုက်ကြီးတွေရှိနေတာကြောင့် စိုးရိမ်တကြီး ဖြစ်စရာမလိုဘူးလို့ တရုတ်ရေးရာကျွမ်းကျင်သူ Mary B. Teagarden ကတော့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG