သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

TikTok app ကန္လံုၿခံဳေရးကို ေထာက္လွမ္းႏိုင္သလား


( Zawgyi/ Unicode )

တရုတ္ပိုင္ ဗီဒီယို application တခုျဖစ္တဲ့ TikTok ဟာ အေမရိကန္သံုးစြဲသူေတြကို တရုတ္အစိုးရ ေထာက္လွမ္းမႈလုပ္ႏုိင္ေအာင္ ဖန္တီးေပးႏိုင္တဲ့ အလားလာရွိေနတာေၾကာင့္ အမ်ိဳးသားလံုၿခံဳေရး အႏၱရာယ္ ရွိမရွိ စံုစမ္းေပးဖုိ႔ ထိပ္တန္း အေမရိကန္အထက္လႊတ္ေတာ္ အမတ္ ၂ ဦးက ေတာင္းဆို လိုက္ပါတယ္။

TikTok ဟာ အမ်ိဳးသားလံုၿခံဳေရးအတြက္ အႏၱရာယ္ရွိမရွိ စံုစမ္းေပးဖုိ႔ အမ်ိဳးသားေထာက္လွမ္းေရးဌာန DNI အႀကီးအကဲကို အထက္လႊတ္ေတာ္ ဒီမိုကရက္တစ္ပါတီ ေခါင္းေဆာင္ Chuck Schumer နဲ႔ ရီပတ္ဘလစ္ကင္ အထက္လႊတ္ေတာ္အမတ္ Tom Cotton တို႔က ေတာင္းဆိုလိုက္တာပါ။

အေမရိကန္ျပည္ေထာင္စု တခုထဲမွာတင္ လူေပါင္း သန္း ၁၁၀ အသံုးျပဳေနတဲ့TikTok ဟာ အေမရိကန္ႏုိင္ငံကို တန္ျပန္ေထာက္လွန္းမႈေတြ လုပ္ႏိုင္တဲ့ အႏ ၱရာယ္ရွိေနတာေၾကာင့္ လွ်စ္လ်ဴမရႈသင့္ဘူးလို႔ အမတ္ေတြက ေျပာပါတယ္။

TikTok ကိုပိုင္တဲ့ByteDance ဟာ အေမရိကန္ႏုိင္ငံသားေတြရဲ့ အခ်က္အလက္ေတြ မွ်ေဝဖို႔ တရုတ္ေထာက္လွမ္းေရးေတြက အတင္းအၾကပ္ ေတာင္းဆိုတာေတြ လုပ္ႏုိင္တယ္လုိ႔လည္း လႊတ္ေတာ္အမတ္ Schumer နဲ႔ Cotton တို႔က ေျပာပါတယ္။

ဒါ့အျပင္ တရုတ္ဆက္သြယ္ေရးကုမၸဏီ Huawei အေပၚစြပ္စြဲထားသလိုပဲ TikTok ကို အသံုးျပဳသူေတြရဲ ့စမတ္ဖုန္းေတြ ကြန္ျပဴတာေတြက အခ်က္အလက္ေတြကို တိတ္တဆိတ္ ေထာက္လွမ္းဖို႔ တရုတ္အစိုးရက ကမ္းလွမ္းႏုိင္ေခ်ရွိတယ္လို႔လည္း ေျပာပါတယ္။ တရုတ္အစိုးရ ဥပေဒေတြ အရ တရုတ္ကုမၸဏီေတြဟာ တရုတ္ကြန္ျမဴနစ္ပါတီ ထိန္းခ်ဳပ္ထားတဲ့ ေထာက္လွမ္းေရး ကြန္ယက္ကို ပံ့ပိုးေပးရမွာ ျဖစ္သလို ပူးေပါင္းေဆာင္ရြက္ရမွာ ျဖစ္ေၾကာင္းလည္း အမတ္ေတြက ေျပာပါတယ္။ TikTok ဟာ လြန္ခဲ့တဲ့ ၂ ႏွစ္ကမွ လူသံုးမ်ားလာတာ ျဖစ္ၿပီး ကမာၻတလႊား သံုးစြဲသူ သန္း ၅၀၀ ေလာက္ရွိေနတာပါ။

....................

( Unicode )

TikTok app ကန်လုံခြုံရေးကို ထောက်လှမ်းနိုင်သလား

တရုတ်ပိုင် ဗီဒီယို application တခုဖြစ်တဲ့ TikTok ဟာ အမေရိကန်သုံးစွဲသူတွေကို တရုတ်အစိုးရ ထောက်လှမ်းမှုလုပ်နိုင်အောင် ဖန်တီးပေးနိုင်တဲ့ အလားလာရှိနေတာကြောင့် အမျိုးသားလုံခြုံရေး အန္တရာယ် ရှိမရှိ စုံစမ်းပေးဖို့ ထိပ်တန်း အမေရိကန်အထက်လွှတ်တော် အမတ် ၂ ဦးက တောင်းဆို လိုက်ပါတယ်။

TikTok ဟာ အမျိုးသားလုံခြုံရေးအတွက် အန္တရာယ်ရှိမရှိ စုံစမ်းပေးဖို့ အမျိုးသားထောက်လှမ်းရေးဌာန DNI အကြီးအကဲကို အထက်လွှတ်တော် ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် Chuck Schumer နဲ့ ရီပတ်ဘလစ်ကင် အထက်လွှတ်တော်အမတ် Tom Cotton တို့က တောင်းဆိုလိုက်တာပါ။

အမေရိကန်ပြည်ထောင်စု တခုထဲမှာတင် လူပေါင်း သန်း ၁၁၀ အသုံးပြုနေတဲ့TikTok ဟာ အမေရိကန်နိုင်ငံကို တန်ပြန်ထောက်လှန်းမှုတွေ လုပ်နိုင်တဲ့ အန ္တရာယ်ရှိနေတာကြောင့် လျှစ်လျူမရှုသင့်ဘူးလို့ အမတ်တွေက ပြောပါတယ်။

TikTok ကိုပိုင်တဲ့ByteDance ဟာ အမေရိကန်နိုင်ငံသားတွေရဲ့ အချက်အလက်တွေ မျှဝေဖို့ တရုတ်ထောက်လှမ်းရေးတွေက အတင်းအကြပ် တောင်းဆိုတာတွေ လုပ်နိုင်တယ်လို့လည်း လွှတ်တော်အမတ် Schumer နဲ့ Cotton တို့က ပြောပါတယ်။

ဒါ့အပြင် တရုတ်ဆက်သွယ်ရေးကုမ္ပဏီ Huawei အပေါ်စွပ်စွဲထားသလိုပဲ TikTok ကို အသုံးပြုသူတွေရဲ့စမတ်ဖုန်းတွေ ကွန်ပြူတာတွေက အချက်အလက်တွေကို တိတ်တဆိတ် ထောက်လှမ်းဖို့ တရုတ်အစိုးရက ကမ်းလှမ်းနိုင်ချေရှိတယ်လို့လည်း ပြောပါတယ်။ တရုတ်အစိုးရ ဥပဒေတွေ အရ တရုတ်ကုမ္ပဏီတွေဟာ တရုတ်ကွန်မြူနစ်ပါတီ ထိန်းချုပ်ထားတဲ့ ထောက်လှမ်းရေး ကွန်ယက်ကို ပံ့ပိုးပေးရမှာ ဖြစ်သလို ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ကြောင်းလည်း အမတ်တွေက ပြောပါတယ်။ TikTok ဟာ လွန်ခဲ့တဲ့ ၂ နှစ်ကမှ လူသုံးများလာတာ ဖြစ်ပြီး ကမ္ဘာတလွှား သုံးစွဲသူ သန်း ၅၀၀ လောက်ရှိနေတာပါ။

TikTok app ကန္လံုၿခံဳေရးကို ေထာက္လွမ္းႏိုင္သလား
please wait

No media source currently available

0:00 0:00:48 0:00
တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG