သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-တရုတ် ကုန်သွယ်ရေး နောက်ထပ်ဆွေးနွေးမှု မရေရာ


တရုတ် ကွန်တိန်နာ သေတ္တာများ (ဓာတ်ပုံ-AP)
တရုတ် ကွန်တိန်နာ သေတ္တာများ (ဓာတ်ပုံ-AP)

အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား နောက်တကြော့ ကုန်သွယ်ရေး ဆွေးနွေးပွဲတွေ ပြန်လည်စတင်ချင်မှ စတင်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့မှာ ပြောပါတယ်။ ဝါရှင်တန်မှာ ကျင်းပဖို့ရှိတဲ့ ကုန်သွယ်ရေး ဆွေးနွေးပွဲတွေကို ဖျက်သိမ်းကောင်း ဖျက်သိမ်း နိုင်ကြောင်းနဲ့ ဖျက်သိမ်း မသိမ်း စောင့်ကြည်ရမယ်ဖြစ်ကြောင်း VoA ရဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာမှာ သမ္မတ ထရမ့်က ပြောခဲ့ ပါတယ်။

အိမ်ဖြူတော်မှာ မိနစ် ၃၀ ကြာ သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့ရာမှာ သဘောတူညီချက်ရဖို့ အဆင့်သင့် မဖြစ်သေးကြောင်း၊ အခု ကျွန်တော်တို့ လုပ်နေတာတွေကို ဆက်လက် လုပ်သွားရုံကလွဲလို့ တစ်ခြား ရွေးစရာမရှိကြောင်း ပြောပါတယ်။ သမ္မတ ထရမ့်က တရုတ် ကုန်ပစ္စည်းတွေအပေါ် နှစ်ကြိမ် ဆက်တိုက် အခွန်တိုးမြှင့် ကောက်ယူခဲ့တာကို ရည်ညွှန်းပြောကြားသွားခဲ့တာပါ။ အခု လောလောဆယ် တရုတ်နိုင်ငံအနေနဲ့ အဆိုးရွားဆုံး အချိန်ကို ရင်ဆိုင်ကြုံတွေ့နေပြီဖြစ်ကြောင်းလည်း ပြောပါတယ်။

တရုတ် ဆက်သွယ်ရေး ကုမ္ပဏီ Huawei ကို အမေရိကန် ကုမ္ပဏီတွေက နည်းပညာရောင်းချတာကို ပိတ်ပင်ထားတာကို ဆက်လက်ထား ရှိမလားဆိုတဲ့ မေးခွန်းကိုတော့ Huawei နဲ့ ကျွန်တော်တို့ စီးပွားရေး လုပ်ကိုင်နေတာ မရှိကြောင်းနဲ့ ကုန်သွယ်ရေး သဘောတူညီချက်ရရင် တော့ ဒီကိစ္စ အပြောင်းအလဲ ရှိနိုင်ကြောင်း ပြောပါတယ်။

Huawei ဟာ တရုတ်စစ်တပ်နဲ့ သိပ်နီးစပ်မှုရှိလို့ အမေရိကန် အမျိုးသား လုံခြုံရေးအတွက် စိုးရိမ်ရတဲ့ အကြောင်းပြချက်နဲ့ Huawei ကုမ္ပဏီကို နည်းပညာတွေ မရောင်းဖို့ Google and Broadcom အပါအဝင် အမေရိကန် ကုမ္ပဏီတွေကို အခုနှစ် မေလအတွင်းက သမ္မတ ထရမ့် အစိုးရက ညွှန်ကြားထားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG