သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိရုိနာဗုိင္းရပ္ေၾကာင့္ Huawei ရဲ႕ 5G အေပၚ ဆုံးျဖတ္ခ်က္ေျပာင္းႏုိင္ေၾကာင္း ၿဗိတိန္ေျပာ


(Zawgyi/Unicode)

တ႐ုတ္ ဆက္သြယ္ေရး ကုမၸဏီ Huawei ရဲ့ 5G ဆက္သြယ္ေရး နည္းပညာ အသုံးျပဳေရး ၿဗိတိန္နိုင္ငံရဲ့ ဆုံးျဖတ္ခ်က္ ဟာ ကိုရိုနာ ဗိုင္းရပ္စ္ ကပ္ေရာဂါ ျပႆနာေၾကာင့္ေျပာင္းလဲသြားနိုင္တယ္လို႔ ၿဗိတိန္ တာဝန္ရွိသူေတြက ေျပာပါတယ္။

ဗိုင္းရပ္စ္ စတင္ျဖစ္ပြားတဲ့ မူရင္းဇစ္ျမစ္ သတင္းမွားေတြကို တ႐ုတ္တို႔ ထုတ္ျပန္ေနတာနဲ႔ ဒီ ေရာဂါ ကူးစက္မႈနဲ႔ အႏၲရာယ္ ရွိမႈ အတိုင္းအတာကို ေဝ့လည္ ေၾကာင္ပတ္လုပ္ ေျပာဆိုေနတာေတြကို လက္တံု႔ျပန္တဲ့အေနနဲ႔ အခုလို ဆုံးျဖတ္ခ်က္ ေျပာင္းလဲမွာ ျဖစ္တယ္လို႔လည္း ဆိုပါတယ္။

ၿဗိတိန္နိုင္ငံအတြင္း COVID 19 ေၾကာင့္ ေသဆုံးသူ အေရအတြက္ မ်ားျပားလာတာနဲ႔အမၽွ ၿဗိတိန္နိုင္ငံအတြင္း 5 G ကြန္ယက္ တည္ေဆာက္ခြင့္ တ႐ုတ္ကုမၸဏီ Huawei ကို ေပးအပ္ထားတာကို ျပန္ေျပာင္းပစ္ဖို႔ ၿဗိတိန္ အစိုးရ အဖြဲ႕ဝင္ ဝန္ႀကီးေတာ္ေတာ္ မ်ားမ်ားက ဝန္ႀကီးခ်ဳပ္ Boris Johnson ကို တိုက္တြန္းေနၾကၿပီ ျဖစ္ပါတယ္။ ဝန္ႀကီးခ်ဳပ္ Johnson ကလည္း ဆုံးျဖတ္ခ်က္ကို ေျပာင္းပစ္ဖို႔ မ်ားတယ္လို႔လည္း ၿဗိတိသၽွ သတင္းစာေတြမွာ ေရးသားထားပါတယ္။အမ်ိဳးသား လုံျခဳံေရးအရ Huawei ကို လက္မခံဖို႔ ဗိုင္းရပ္စ္ ျပႆနာ မေပၚခင္ကတည္းက အေမရိကန္တို႔က တိုက္တြန္းထားတာပါ။

တ႐ုတ္နိုင္ငံတြင္း ဝါဒ ျဖန္႔ခ်ီေနသူေတြကကိုရိုနာဗိုင္းရပ္စ္ ျဖစ္ပြားရမႈမွာ အေမရိကန္ စစ္တပ္ အားကစား ကိုယ္စားလွယ္ အဖြဲ႕တစ္ဖြဲ႕ကို ျပစ္တင္ေျပာဆို ဝါဒ ျဖန္႕ခ်ီေနတာ ေၾကာင့္ ၿဗိတိန္နဲ႔ တစ္ျခား ဥေရာပ တိုင္းျပည္ေတြမွာ တ႐ုတ္အစိုးရ အေပၚ ပိုၿပီး စိတ္ဆိုး အမ်က္ထြက္ေနၾကတာ သီတင္းပတ္ အေတာ္မ်ားမ်ား ၾကာလာခဲ့ၿပီ ျဖစ္ပါတယ္။ကိုရိုနာ ဗိုင္းရပ္စ္ဟာ ဝူဟန္ၿမိဳ႕ ေတာရိုင္းတိရိစၧာန္ ေရာင္းဝယ္ေဖာက္ကားရာ ေဈးကေန လင္းနို႔၊ ဒါမွမဟုတ္ သင္းေခြခ်ပ္က တစ္ဆင့္ လူကို ကူးစက္ ပ်ံ႕ႏွံ့တာလို႔ အမ်ားက သံသယ ရွိေနၾကတာပါ။

တိုက္႐ိုက္ လင့္ခ္


.................

ကိုရိုနာဗိုင်းရပ်ကြောင့် Huawei ရဲ့ 5G အပေါ် ဆုံးဖြတ်ချက်ပြောင်းနိုင်ကြောင်း ဗြိတိန်ပြော

(Unicode)

တရုတ် ဆက်သွယ်ရေး ကုမ္ပဏီ Huawei ရဲ့ 5G ဆက်သွယ်ရေး နည်းပညာ အသုံးပြုရေး ဗြိတိန်နိုင်ငံရဲ့ ဆုံးဖြတ်ချက် ဟာ ကိုရိုနာ ဗိုင်းရပ်စ် ကပ်ရောဂါ ပြဿနာကြောင့်ပြောင်းလဲသွားနိုင်တယ်လို့ ဗြိတိန် တာဝန်ရှိသူတွေက ပြောပါတယ်။ ဗိုင်းရပ်စ် စတင်ဖြစ်ပွားတဲ့ မူရင်းဇစ်မြစ် သတင်းမှားတွေကို တရုတ်တို့ ထုတ်ပြန်နေတာနဲ့ ဒီ ရောဂါ ကူးစက်မှုနဲ့ အန္တရာယ် ရှိမှု အတိုင်းအတာကို ဝေ့လည် ကြောင်ပတ်လုပ် ပြောဆိုနေတာတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ အခုလို ဆုံးဖြတ်ချက် ပြောင်းလဲမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဗြိတိန်နိုင်ငံအတွင်း COVID 19 ကြောင့် သေဆုံးသူ အရေအတွက် များပြားလာတာနဲ့အမျှ ဗြိတိန်နိုင်ငံအတွင်း 5 G ကွန်ယက် တည်ဆောက်ခွင့် တရုတ်ကုမ္ပဏီ Huawei ကို ပေးအပ်ထားတာကို ပြန်ပြောင်းပစ်ဖို့ ဗြိတိန် အစိုးရ အဖွဲ့ဝင် ဝန်ကြီးတော်တော် များများက ဝန်ကြီးချုပ် Boris Johnson ကို တိုက်တွန်းနေကြပြီ ဖြစ်ပါတယ်။ ဝန်ကြီးချုပ် Johnson ကလည်း ဆုံးဖြတ်ချက်ကို ပြောင်းပစ်ဖို့ များတယ်လို့လည်း ဗြိတိသျှ သတင်းစာတွေမှာ ရေးသားထားပါတယ်။အမျိုးသား လုံခြုံရေးအရ Huawei ကို လက်မခံဖို့ ဗိုင်းရပ်စ် ပြဿနာ မပေါ်ခင်ကတည်းက အမေရိကန်တို့က တိုက်တွန်းထားတာပါ။

တရုတ်နိုင်ငံတွင်း ဝါဒ ဖြန့်ချီနေသူတွေကကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားရမှုမှာ အမေရိကန် စစ်တပ် အားကစား ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ကို ပြစ်တင်ပြောဆို ဝါဒ ဖြန့်ချီနေတာ ကြောင့် ဗြိတိန်နဲ့ တစ်ခြား ဥရောပ တိုင်းပြည်တွေမှာ တရုတ်အစိုးရ အပေါ် ပိုပြီး စိတ်ဆိုး အမျက်ထွက်နေကြတာ သီတင်းပတ် အတော်များများ ကြာလာခဲ့ပြီ ဖြစ်ပါတယ်။ကိုရိုနာ ဗိုင်းရပ်စ်ဟာ ဝူဟန်မြို့ တောရိုင်းတိရိစ္ဆာန် ရောင်းဝယ်ဖောက်ကားရာ ဈေးကနေ လင်းနို့၊ ဒါမှမဟုတ် သင်းခွေချပ်က တစ်ဆင့် လူကို ကူးစက် ပျံ့နှံ့တာလို့ အများက သံသယ ရှိနေကြတာပါ။

XS
SM
MD
LG