သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အႀကီးဆုံးရန္ဘက္ တ႐ုတ္ျဖစ္ႏုိင္ေၾကာင္း ကန္ကာကြယ္ေရး၀န္ႀကီး သတိေပး


အေမရိကန္ ကာကြယ္ေရးဝန္ႀကီး Mark Esper. (ေဖေဖာ္ဝါရီ ၁၅၊ ၂၀၂၀)

(Zawgyi / Unicode)

အေမရိကန္ရဲ႕ အလားအလာရွိ ရန္သူမ်ားစာရင္းမွာ တ႐ုတ္က ထိပ္တန္းမွာ ရွိေနတယ္လို႔ အေမရိကန္ ကာကြယ္ေရး၀န္ႀကီး Mark Esper က ေျပာဆိုပါတယ္။

တ႐ုတ္အစိုးရက အေနာက္ႏုိင္ငံေတြအတြက္ ၿခိမ္းေျခာက္မႈႀကီး ျဖစ္တယ္လို႔ ဂ်ာမနီႏုိင္ငံ ျမဴးနစ္မွာလုပ္တဲ့ လံုၿခံဳေရးညီလာခံမွာ အေမရိကန္ ကာကြယ္ေရး၀န္ႀကီး Esper က ေျပာဆိုခဲ့တာပါ။

ဒီေနာက္မွာေတာ့ ႐ုရွား၊ ဆိုးသြမ္းႏုိင္ငံမ်ားလို႔ ၀န္ႀကီးက ေျပာဆိုတဲ့ ေျမာက္ကိုရီးယားနဲ႔ အီရန္၊ ေနာက္ အစြန္းေရာက္၀ါဒီ အဖြဲ႔ေတြ ရွိေနတယ္လို႔လည္း ၀န္ႀကီး Esper က ေျပာပါတယ္။

အေၾကာင္းကေတာ့ သမၼတ Xi ရဲ႕ အုပ္ခ်ဳပ္မႈေအာက္မွာ တ႐ုတ္ကြန္ျမဴနစ္ပါတီရဲ႕ ဦးတည္ခ်က္ လြဲေခ်ာ္မႈက ပိုမ်ားၿပီး ျမန္ဆန္လာတယ္လို႔ ၀န္ႀကီးက ေထာက္ျပပါတယ္။

တ႐ုတ္ႏုိင္ငံတြင္း ဖိႏွိပ္မႈေတြ ပိုမ်ားလာတယ္၊ စီးပြားေရးမွာ ပိုၿပီး ေခါင္းပံုျဖတ္ အျမတ္ထုတ္လာၿပီး ပိုၿပီးလည္း တင္းက်ပ္ ထိန္းခ်ဳပ္လာတယ္၊ သူ႔အေနနဲ႔ အစိုးရိမ္ဆံုး ကိစၥကေတာ့ စစ္ေရးရပ္တည္ခ်က္ ပိုၿပီး တင္းမာလာတာ ျဖစ္တယ္လို႔ အေမရိကန္ ကာကြယ္ေရး၀န္ႀကီး Esper က ကမၻာ့ေခါင္းေဆာင္ေတြနဲ႔ စစ္တပ္ အႀကီးအကဲေတြကို စေနေန႔က ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

ကာကြယ္ေရး၀န္ႀကီးရဲ႕ သတိေပးခ်က္အတိုင္းပဲ အေမရိကန္ ႏုိင္ငံျခားေရး၀န္ႀကီး Mike Pompeo ကလည္း တ႐ုတ္ ဆက္သြယ္ေရးလုပ္ငန္းႀကီး Huawei ကို ရည္ရြယ္ၿပီး ေျပာဆိုခဲ့ပါတယ္။ Huawei နဲ႔ တျခား တ႐ုတ္ ေထာက္ပံ့ထားတဲ့ နည္းပညာကုမၸဏီေတြဟာ တ႐ုတ္ ေထာက္လွမ္းေရးရဲ႕ အသံုးခ်ခံ ျဖစ္တယ္လို႔ အေမရိကန္ ႏုိင္ငံျခားေရး၀န္ႀကီး Pompeo က ေျပာဆိုခဲ့တာပါ။

ျမဴးနစ္ လံုၿခံဳေရးညီလာခံကို လာတက္တဲ့ တ႐ုတ္ႏုိင္ငံျခားေရး၀န္ႀကီး Wang Yi ကေတာ့ Huawei နဲ႔ ပတ္သက္ၿပီး အေမရိကန္ရဲ႕ စြပ္စြဲခ်က္က မမွန္ဘူးဆိုၿပီး တုံ႔ျပန္သြားပါတယ္။

ျမဴးနစ္ ညီလာခံမွာေတာ့ စစ္ဘက္ ထိပ္တန္းတာ၀န္ရွိသူ အမ်ားအျပား တက္ေရာက္ေနၾကတာပါ။ အေနာက္ႏုိင္ငံေတြအေနနဲ႔ ေခတ္သစ္ ၿခိမ္းေျခာက္မႈေတြအတြက္ ကာကြယ္ေရးစြမ္းရည္ကို ျပင္ဆင္ရမယ္လို႔ သံုးသပ္သူေတြက ေျပာဆိုၾကပါတယ္။

---------------------------------

(Unicode)

အကြီးဆုံးရန်ဘက် တရုတ်ဖြစ်နိုင်ကြောင်း ကန်ကာကွယ်ရေးဝန်ကြီး သတိပေး

အမေရိကန်ရဲ့ အလားအလာရှိ ရန်သူများစာရင်းမှာ တရုတ်က ထိပ်တန်းမှာ ရှိနေတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Mark Esper က ပြောဆိုပါတယ်။

တရုတ်အစိုးရက အနောက်နိုင်ငံတွေအတွက် ခြိမ်းခြောက်မှုကြီး ဖြစ်တယ်လို့ ဂျာမနီနိုင်ငံ မြူးနစ်မှာလုပ်တဲ့ လုံခြုံရေးညီလာခံမှာ အမေရိကန် ကာကွယ်ရေးဝန်ကြီး Esper က ပြောဆိုခဲ့တာပါ။

ဒီနောက်မှာတော့ ရုရှား၊ ဆိုးသွမ်းနိုင်ငံများလို့ ဝန်ကြီးက ပြောဆိုတဲ့ မြောက်ကိုရီးယားနဲ့ အီရန်၊ နောက် အစွန်းရောက်ဝါဒီ အဖွဲ့တွေ ရှိနေတယ်လို့လည်း ဝန်ကြီး Esper က ပြောပါတယ်။

အကြောင်းကတော့ သမ္မတ Xi ရဲ့ အုပ်ချုပ်မှုအောက်မှာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဦးတည်ချက် လွဲချော်မှုက ပိုများပြီး မြန်ဆန်လာတယ်လို့ ဝန်ကြီးက ထောက်ပြပါတယ်။

တရုတ်နိုင်ငံတွင်း ဖိနှိပ်မှုတွေ ပိုများလာတယ်၊ စီးပွားရေးမှာ ပိုပြီး ခေါင်းပုံဖြတ် အမြတ်ထုတ်လာပြီး ပိုပြီးလည်း တင်းကျပ် ထိန်းချုပ်လာတယ်၊ သူ့အနေနဲ့ အစိုးရိမ်ဆုံး ကိစ္စကတော့ စစ်ရေးရပ်တည်ချက် ပိုပြီး တင်းမာလာတာ ဖြစ်တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Esper က ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ စစ်တပ် အကြီးအကဲတွေကို စနေနေ့က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ကာကွယ်ရေးဝန်ကြီးရဲ့ သတိပေးချက်အတိုင်းပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကလည်း တရုတ် ဆက်သွယ်ရေးလုပ်ငန်းကြီး Huawei ကို ရည်ရွယ်ပြီး ပြောဆိုခဲ့ပါတယ်။ Huawei နဲ့ တခြား တရုတ် ထောက်ပံ့ထားတဲ့ နည်းပညာကုမ္ပဏီတွေဟာ တရုတ် ထောက်လှမ်းရေးရဲ့ အသုံးချခံ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Pompeo က ပြောဆိုခဲ့တာပါ။

မြူးနစ် လုံခြုံရေးညီလာခံကို လာတက်တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ကတော့ Huawei နဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ စွပ်စွဲချက်က မမှန်ဘူးဆိုပြီး တုံ့ပြန်သွားပါတယ်။

မြူးနစ် ညီလာခံမှာတော့ စစ်ဘက် ထိပ်တန်းတာဝန်ရှိသူ အများအပြား တက်ရောက်နေကြတာပါ။ အနောက်နိုင်ငံတွေအနေနဲ့ ခေတ်သစ် ခြိမ်းခြောက်မှုတွေအတွက် ကာကွယ်ရေးစွမ်းရည်ကို ပြင်ဆင်ရမယ်လို့ သုံးသပ်သူတွေက ပြောဆိုကြပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG