(Zawgyi / Unicode)
အေမရိကန္ ႏုိင္ငံျခားေရး၀န္ႀကီး Mike Pompeo က ႏုိင္ငံတ၀ွမ္းက ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴးေတြကို တ႐ုတ္ႏုိင္ငံနဲ႔ စီးပြားေရးလုပ္တဲ့ေနရာမွာ ရွိလာႏုိင္တဲ့ အႏၱရာယ္ေတြနဲ႔ ပတ္သက္ၿပီး သတိေပးလိုက္ပါတယ္။
ဖက္ဒရယ္အဆင့္မွာေရာ ျပည္နယ္အဆင့္မွာေရာ ေဒသႏၱရအဆင့္ေတြမွာပါ တ႐ုတ္ႏုိင္ငံနဲ႔ ၿပိဳင္ဆုိင္မႈျဖစ္ေနၿပီး အဲဒီၿပိဳင္ဆုိင္မႈက အေမရိကန္ ႏုိင္ငံျခားေရးမူ၀ါဒနဲ႔ အမ်ိဳးသားလုံၿခဳံေရးကိုပါ အက်ိဳးဆက္ေတြရွိတယ္လို႔ ၀ါရွင္တန္မွာ စေနေန႔က ျပဳလုပ္တဲ့ အေမရိကန္ ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴးမ်ားအသင္း အစည္းအေ၀းမွာ သူက ေျပာလိုက္ပါတယ္။
တ႐ုတ္ႏုိင္ငံကေန အေမရိကန္မွာ ရင္းႏွီးျမႇဳပ္ႏွံခ်င္တဲ့သူေတြက အေမရိကန္ ျပည္နယ္ေတြမွာ ရင္းႏွီးျမႇဳပ္ႏွံဖို႔ ခ်ဥ္းကပ္ခံထားရပုံရွိတယ္ ဆုိတာကို သူသိတယ္လို႔ ၀န္ႀကီး Pompeo က ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴးေတြကို ေျပာပါတယ္။
တ႐ုတ္ႏုိင္ငံနဲ႔ စီးပြားေရး ဆက္ဆံမႈေတြက တ႐ုတ္ႏုိင္ငံနဲ႔ ၿပီးခဲ့တဲ့လက လက္မွတ္ေရးထုိးခဲ့တဲ့ ကုန္သြယ္ေရး သေဘာတူညီမႈ ပထမအဆင့္လို အျပန္အလွန္ အက်ိဳးရွိႏုိင္ေၾကာင္း၊ ဒါေပမယ့္ တ႐ုတ္ႏုိင္ငံအေနနဲ႔ အေမရိကန္ရဲ႕ အားနည္းခ်က္ေတြကို ဗ်ဴဟာက်က် ခ်င့္ခ်ိန္အကဲျဖတ္ေနၿပီး အဆင့္တုိင္းမွာ အသာစီးရေအာင္ အေမရိကန္ စီးပြားေရးစနစ္ထဲက လစ္ဟာမႈေတြကို အျပည့္အ၀ အသုံးခ်ဖို႔ ႀကိဳးပမ္းေနတယ္လို႔ သတိေပးလိုက္ပါတယ္။
အေမရိကန္ ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး ၅၀ က တ႐ုတ္ႏုိင္ငံနဲ႔ပတ္သက္တဲ့ သေဘာထားေတြကို အကဲျဖတ္ထားတဲ့ အစီရင္ခံစာတေစာင္ကို ေဘဂ်င္းၿမိဳ႕က တ႐ုတ္အစိုးရ ေက်ာေထာက္ေနာက္ခံေပးထားတဲ့ သုေတသနဌာနက ၿပီးခဲ့တဲ့ႏွစ္မွာ ထုတ္ျပန္ခဲ့တယ္လို႔ ၀န္ႀကီး Pompeo က ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴးေတြကို ေျပာပါတယ္။
------------------------------
(Unicode)
ကန်ပြည်နယ်များ တရုတ်နဲ့ စီးပွားရေးဆက်ဆံမှု ကန်နိုင်ငံခြားရေးဝန်ကြီး သတိပေး
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က နိုင်ငံတဝှမ်းက ပြည်နယ်အုပ်ချုပ်ရေးမှူးတွေကို တရုတ်နိုင်ငံနဲ့ စီးပွားရေးလုပ်တဲ့နေရာမှာ ရှိလာနိုင်တဲ့ အန္တရာယ်တွေနဲ့ ပတ်သက်ပြီး သတိပေးလိုက်ပါတယ်။
ဖက်ဒရယ်အဆင့်မှာရော ပြည်နယ်အဆင့်မှာရော ဒေသန္တရအဆင့်တွေမှာပါ တရုတ်နိုင်ငံနဲ့ ပြိုင်ဆိုင်မှုဖြစ်နေပြီး အဲဒီပြိုင်ဆိုင်မှုက အမေရိကန် နိုင်ငံခြားရေးမူဝါဒနဲ့ အမျိုးသားလုံခြုံရေးကိုပါ အကျိုးဆက်တွေရှိတယ်လို့ ဝါရှင်တန်မှာ စနေနေ့က ပြုလုပ်တဲ့ အမေရိကန် ပြည်နယ်အုပ်ချုပ်ရေးမှူးများအသင်း အစည်းအဝေးမှာ သူက ပြောလိုက်ပါတယ်။
တရုတ်နိုင်ငံကနေ အမေရိကန်မှာ ရင်းနှီးမြှုပ်နှံချင်တဲ့သူတွေက အမေရိကန် ပြည်နယ်တွေမှာ ရင်းနှီးမြှုပ်နှံဖို့ ချဉ်းကပ်ခံထားရပုံရှိတယ် ဆိုတာကို သူသိတယ်လို့ ဝန်ကြီး Pompeo က ပြည်နယ်အုပ်ချုပ်ရေးမှူးတွေကို ပြောပါတယ်။
တရုတ်နိုင်ငံနဲ့ စီးပွားရေး ဆက်ဆံမှုတွေက တရုတ်နိုင်ငံနဲ့ ပြီးခဲ့တဲ့လက လက်မှတ်ရေးထိုးခဲ့တဲ့ ကုန်သွယ်ရေး သဘောတူညီမှု ပထမအဆင့်လို အပြန်အလှန် အကျိုးရှိနိုင်ကြောင်း၊ ဒါပေမယ့် တရုတ်နိုင်ငံအနေနဲ့ အမေရိကန်ရဲ့ အားနည်းချက်တွေကို ဗျူဟာကျကျ ချင့်ချိန်အကဲဖြတ်နေပြီး အဆင့်တိုင်းမှာ အသာစီးရအောင် အမေရိကန် စီးပွားရေးစနစ်ထဲက လစ်ဟာမှုတွေကို အပြည့်အ၀ အသုံးချဖို့ ကြိုးပမ်းနေတယ်လို့ သတိပေးလိုက်ပါတယ်။
အမေရိကန် ပြည်နယ်အုပ်ချုပ်ရေးမှူး ၅၀ က တရုတ်နိုင်ငံနဲ့ပတ်သက်တဲ့ သဘောထားတွေကို အကဲဖြတ်ထားတဲ့ အစီရင်ခံစာတစောင်ကို ဘေဂျင်းမြို့က တရုတ်အစိုးရ ကျောထောက်နောက်ခံပေးထားတဲ့ သုတေသနဌာနက ပြီးခဲ့တဲ့နှစ်မှာ ထုတ်ပြန်ခဲ့တယ်လို့ ဝန်ကြီး Pompeo က ပြည်နယ်အုပ်ချုပ်ရေးမှူးတွေကို ပြောပါတယ်။