သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္တရုတ္ ကုန္သြယ္ေရး သေဘာတူညီခ်က္ရဖို႔ နီးၿပီလား 


( Zawgyi/ Unicode )

တ႐ုတ္နဲ႔ အေမရိကန္ျပည္ေထာင္စုအၾကား ကုန္သြယ္ေရးဆုိင္ရာ ၿပီးျပည့္စံုတဲ့ သေဘာတူညီခ်က္တခုရဖို႔ လက္ရွိေဆြးေႏြးေန တာမွာ တိုးတက္မႈရထားၿပီလို႔ အေမရိကန္ ကုန္သြယ္ေရးကိုယ္စားလွယ္ေတြက ေသာၾကာေန႔မွာေျပာပါတယ္။

“သေဘာတူညီခ်က္ရဲ႕ က႑တခ်ဳိ႕ကို ႏွစ္ဘက္ အေခ်ာသတ္လုနီးၿပီ” လို႔ အေမရိကန္ ကုန္သြယ္ေရးကိုယ္စားလွယ္အဖြဲ႔႐ံုးရဲ႕ ထုတ္ျပန္ခ်က္တခုမွာ ေျပာထားပါတယ္။

တ႐ုတ္ႏိုင္ငံရဲ႕ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ၊ ႏုိင္ငံတကာ ကုန္သြယ္ေရး စည္းမ်ဥ္းစည္းကမ္းေတြကို ခ်ဳိးေဖာက္မႈေတြအေပၚ အေမရိကန္ဒုသမၼတ Mike Pence က ေဝဖန္ေျပာဆိုအၿပီး ေနာက္တရက္မွာပဲ ႏွစ္ႏုိင္ငံၾကား ကုန္သြယ္ေရးဆိုင္ရာ ေဆြးေႏြးၾက တာပါ။ ႏွစ္ႏုိင္ငံအၾကားျဖစ္ေနတဲ့ ကုန္သြယ္ေရးစစ္ပြဲကို အဆံုးသတ္ႏုိင္ေရး ေစ့စပ္ညႇိႏိႈင္းေနၾကတာနဲ႔အမွ် ထရမ့္ပ္အစိုးရအေနနဲ႔ လိုက္ေလ်ာမႈတခ်ဳိ႕လုပ္ဖို႔ ဆႏၵရွိတယ္လို႔ေတာ့ ဒုသမၼတ Mike Pence က ေျပာခ့ဲပါတယ္။

ကုန္သြယ္ေရးစစ္ပြဲျဖစ္ေနတာ ဒုတိယႏွစ္ထဲ ဝင္လာၿပီျဖစ္တာနဲ႔အမွ် တ႐ုတ္နဲ႔ အေမရိကန္ၾကား တင္းမာမႈကေတာ့ အရွိန္ျမင့္ေန ဆဲပါ။ ၾကာသပေတးေန႔က ေျပာတဲ့မိန္႔ခြန္းထဲမွာ ဒုသမၼတ Pence က တ႐ုတ္ရဲ႕ ျပဳမူလုပ္ေဆာင္ပံုေတြနဲ႔ ပတ္သက္ၿပီး အေမရိကန္ဘက္က စိုးရိမ္တဲ့ကိစၥေတြကို ေျပာခဲ့ပါတယ္။

အဲဒီထဲမွာ တ႐ုတ္အေနာက္ပိုင္း Xinjiang ျပည္နယ္က Uighur မြတ္ဆလင္ လူနည္းစုေတြကို ဖိႏွိပ္တာ၊ ေဟာင္ေကာင္က ဒီမိုကေရစီေရး ဆႏၵျပသူေတြကို တိုက္ခိုက္တာ၊ ႏုိင္ငံတကာ ကုန္သြယ္ေရး စည္းမ်ဥ္းစည္းကမ္းေတြကို ခ်ဳိးေဖာက္တာ စတာေတြ ပါဝင္ပါတယ္။ ဘံုတူညီတဲ့ အနာဂတ္တခုအတြက္ ႏွစ္ႏုိ္င္ငံ လက္တြဲလုပ္ေဆာင္ၾကရမယ္လို႔လည္း ဒုသမၼတ Mike Pence က အခုိင္အမာေျပာသြားပါတယ္။

...............

( Zawgyi/ Unicode )

ကန်တရုတ် ကုန်သွယ်ရေး သဘောတူညီချက်ရဖို့ နီးပြီလား

တရုတ်နဲ့ အမေရိကန်ပြည်ထောင်စုအကြား ကုန်သွယ်ရေးဆိုင်ရာ ပြီးပြည့်စုံတဲ့ သဘောတူညီချက်တခုရဖို့ လက်ရှိဆွေးနွေးနေ တာမှာ တိုးတက်မှုရထားပြီလို့ အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်တွေက သောကြာနေ့မှာပြောပါတယ်။

“သဘောတူညီချက်ရဲ့ ကဏ္ဍတချို့ကို နှစ်ဘက် အချောသတ်လုနီးပြီ” လို့ အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့ရုံးရဲ့ ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။

တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ နိုင်ငံတကာ ကုန်သွယ်ရေး စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်မှုတွေအပေါ် အမေရိကန်ဒုသမ္မတ Mike Pence က ဝေဖန်ပြောဆိုအပြီး နောက်တရက်မှာပဲ နှစ်နိုင်ငံကြား ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးကြ တာပါ။ နှစ်နိုင်ငံအကြားဖြစ်နေတဲ့ ကုန်သွယ်ရေးစစ်ပွဲကို အဆုံးသတ်နိုင်ရေး စေ့စပ်ညှိနှိုင်းနေကြတာနဲ့အမျှ ထရမ့်ပ်အစိုးရအနေနဲ့ လိုက်လျောမှုတချို့လုပ်ဖို့ ဆန္ဒရှိတယ်လို့တော့ ဒုသမ္မတ Mike Pence က ပြောခဲ့ပါတယ်။

ကုန်သွယ်ရေးစစ်ပွဲဖြစ်နေတာ ဒုတိယနှစ်ထဲ ဝင်လာပြီဖြစ်တာနဲ့အမျှ တရုတ်နဲ့ အမေရိကန်ကြား တင်းမာမှုကတော့ အရှိန်မြင့်နေ ဆဲပါ။ ကြာသပတေးနေ့က ပြောတဲ့မိန့်ခွန်းထဲမှာ ဒုသမ္မတ Pence က တရုတ်ရဲ့ ပြုမူလုပ်ဆောင်ပုံတွေနဲ့ ပတ်သက်ပြီး အမေရိကန်ဘက်က စိုးရိမ်တဲ့ကိစ္စတွေကို ပြောခဲ့ပါတယ်။ အဲဒီထဲမှာ တရုတ်အနောက်ပိုင်း Xinjiang ပြည်နယ်က Uighur မွတ်ဆလင် လူနည်းစုတွေကို ဖိနှိပ်တာ၊ ဟောင်ကောင်က ဒီမိုကရေစီရေး ဆန္ဒပြသူတွေကို တိုက်ခိုက်တာ၊ နိုင်ငံတကာ ကုန်သွယ်ရေး စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တာ စတာတွေ ပါဝင်ပါတယ်။ ဘုံတူညီတဲ့ အနာဂတ်တခုအတွက် နှစ်နိုင်ငံ လက်တွဲလုပ်ဆောင်ကြရမယ်လို့လည်း ဒုသမ္မတ Mike Pence က အခိုင်အမာပြောသွားပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG