သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်-တရုတ်ကြား ကုန်သွယ်ရေး သဘောတူညီချက်ရပြီ


(Zawgyi/Unicode)

အမေရိကန်နဲ့ တရုတ်တို့ သောကြာနေ့က သီးခြားစီကြေညာလိုက်တဲ့ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်ဟာ အမေရိကန် လယ်သမားတွေအတွက် တကယ့်ကြီးမားတဲ့ အကျိုးကျေးဇူးရစေပြီး ပိုကြီးတဲ့ လယ်ထွန်စက်တွေကို လိုက်ရှာဝယ်ကြရမယ်လို့တောင်မှ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ပြောပါတယ်။

တရုတ်နဲ့ သဘောတူညီချက်ဟာ “သိပ်ကိုကောင်းလွန်းတဲ့ သဘောတူညီချက်” တခုဖြစ်တယ်လို့ သမ္မတထရမ့်ပ်က သူ့ရုံးခန်းမှာ သတင်းထောက်တွေကို ပြောပါတယ်။

ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက် ပထမအဆင့်မှာပါမယ့် စာသားတွေနဲ့ တဘက်နဲ့တဘက် ကုန်သွယ်ခွန်တွေ နောက်ထပ်ချမှတ်တာမလုပ်ဖို့ သဘောတူလိုက်ကြပြီလို့ နှစ်နိုင်ငံ တာဝန်ရှိသူတွေက အသီးသီး ကြေညာပါတယ်။

သဘောတူညီချက်အရ အမေရိကန်ရဲ့ စိုက်ပျိုးရေး၊ စွမ်းအင်နဲ့ ဆေးဝါးကဏ္ဍ ထုတ်ကုန်တွေကို တရုတ်က ပိုဝင်မှာဖြစ်တယ်လို့ တရုတ်တာဝန်ရှိသူတွေက ပြောပါတယ်။ စိုက်ပျိုးရေးကဏ္ဍ ထုတ်ကုန်တွေ တင်ပို့တာကိုကပဲ သိပ်မကြာခင်မှာ စုစုပေါင်း ဒေါ်လာ ဘီလီယံ ၅၀ ထိရှိမယ်လို့ သမ္မတထရမ့်ပ် က ပြောပါတယ်။

ဒီသဘောတူညီချက်ကို အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် Robert Lighthizer နဲ့ တရုတ် ဒုတိယဝန်ကြီးချုပ် Liu He တို့ အကြား ဇန်နဝါရီလ ပထမပတ်အတွင်း ဝါရှင်တန်မြို့တော်မှာ လက်မှတ်ရေးထိုးဖို့ ခန့်မှန်းထားတယ်လို့ အမေရိကန် တာဝန်ရှိသူ တွေကပြောပါတယ်။

တိုက်ရိုက် လင့်ခ်


..................


(Unicode)






XS
SM
MD
LG