သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့စီးပွား ဖွံ့ဖြိုးမှု နှေးကွေးနိုင်


(Zawgyi/Unicode)

ကမ္ဘာ့စီးပွားရေး ကျဆင်းနေတဲ့ကာလ တာရှည်နေတဲ့ အခြေအနေကို နိုင်ငံတွေ အနေနဲ့ အရေးတယူဆောင်ရွက်ဖို့လိုအပ်နေပြီလို့ ပြင်သစ်နိုင်ငံ အခြေစိုက် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ OECD က ကြာသပတေးနေ့ကပြောပါတယ်။ OECD ရဲ့ လေးလပတ် အကဲဖြတ်မှတ်တမ်းတွေအရ ကမ္ဘာ့စီးပွားရေးအခြေအနေဟာ နောက်နှစ် အတွင်း ပြန်လည် ဦးမော့ လာဖို့အခြေအနေမရှိသေးပဲ ၂၀၂၁ ခုနှစ်ရောက်မှ အနည်းငယ်ပြန်လည် မြင့်တက်လာမယ်လို့ ဖော်ပြပါတယ်။

အမေရိကန်နဲ့ တရုတ်ကြား ကုန်သွယ်ရေး တင်းမာမှု၊ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးအတွက် လုံလောက်တဲ့ ရင်းနှီးမြှုပ်နှံမှု မရှိတာနဲ့ ဗြိတိန်နိုင်ငံ ဥရောပ သမဂ္ဂကနေနုတ်ထွက်ဖို့ Brexit လို နိုင်ငံရေးပြဿနာ စတာတွေကြောင့် ကမ္ဘာ့စီးပွားရေး မတည်မငြိမ်ဖြစ်ရကြောင်း OECD အဖွဲ့ စီးပွားရေး ပညာရှင် Boone က ပြင်သစ်နိုင်ငံမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ မှာပြောပါတယ်။

၂၀၀၈ ကမ္ဘာ့စီးပွားရေး အကြပ်အတည်း ကာလနောက်ပိုင်း အခုအခြေအနေက တိုးတက်မှု အနှေးကွေးဆုံးဖြစ်နေတယ်လို့လည်း OECD က ဆိုပါတယ်။ ၂၀၁၉ ခုနှစ်အတွက် စီးပွားရေးတိုးတက်မှုနှှုန်း ၂.၉ ရာခိုင်နှုန်းရှိပြီး ၂၀၂၀မှာတော့ ယခင်ခန့်မှန်းထားတဲ့ တိုးတက်မှုနှုန်းကို လျော့ချပြီး ၃ ရာခိုင်နှုန်းသာရှိမယ်လို့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ OECD က ခန့်မှန်း ထားပါတယ်။

တိုက်ရိုက် လင့်ခ်


.....................

ကမ်ဘာ့စီးပှား ဖှံ့ဖွိုးမှု နှေးကှေးနိုငျ

(Zawgyi/Unicode)




XS
SM
MD
LG