သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဗဟိုဘဏ္နဲ႔ လုပ္ငန္းရွင္ေတြၾကား ျပႆနာ


ျမန္မာ့လူမႈစီးပြားဖြံ႔ၿဖိဳးတိုးတက္ေရးအဖြဲ႔ အမႈေဆာင္ၫႊန္ၾကားေရးမႉး ေဒါက္တာေဇာ္ဦး
ဗဟိုဘဏ္နဲ႔ လုပ္ငန္းရွင္ေတြၾကား ျပႆနာ
please wait

No media source currently available

0:00 0:11:04 0:00
တိုက္႐ိုက္ လင့္ခ္

စက္တင္လာလက ဗဟိုဘဏ္နဲ႔ စီးပြားေရးလုပ္ငန္းငန္းရွင္ေတြၾကား ျဖစ္ခဲ့တဲ့ ျပႆနာမ်ိဳး ထပ္မႀကဳံရေအာင္ ႏိုင္ငံစီးပြားေရး အၾကပ္အတည္းကို အျမန္ဆုံး ကိုယ္တြယ္ေျဖရွင္းဖို႔လိုတယ္လို႔ ျမန္မာ့လူမႈစီးပြားဖြံ႔ၿဖိဳးတိုးတက္ေရးအဖြဲ႔ အမႈေဆာင္ၫႊန္ၾကားေရးမႉး ေဒါက္တာေဇာ္ဦးက ေျပာပါတယ္။ ကိုေဇာ္ဝင္းလႈိင္ ေတြ႔ဆုံေမးျမန္းထားပါတယ္။

ေမး ။ ။ က်ေနာ္တုိ႔ ပထမဦးဆံုး သိခ်င္တာကေတာ့ မၾကာေသးခင္ လပိုင္းအတြင္းက ဆိုပါစို႔ .. ဗဟိုဘဏ္နဲ႔ ပတ္သက္ၿပီးေတာ့ လူထုၾကားမွာ ေတာ္ေတာ္ေလး ဂယက္ရိုက္သြားတဲ့၊ ဗဟိုဘဏ္ ဒု-ဥကၠ႒ လႊတ္ေတာ္မွာ ထြက္ဆိုသြားတာနဲ႔ ပတ္သက္ၿပီးေတာ့ လူထုၾကားမွာ စိုးရိမ္စိတ္ကေလးေတြ ျဖစ္မိေတာ့ ေရႊေတြဝယ္၊ ဘာေတြဝယ္ဆိုၿပီးေတာ့ ေတာ္ေတာ္ေလး ဘဏ္ေတြအေပၚ နည္းနည္းေလး သံသယ ျဖစ္သြားတဲ့ကိစၥ ျဖစ္လာေတာ့၊ အဲဒီဟာ ဘာေၾကာင့္မ်ား၊ ဘယ္အေပၚ အေျခခံၿပီးေတာ့ ျဖစ္ေပၚလာသလဲဆိုတာေလးကို ရွင္းျပေပးပါ။

ေျဖ ။ ။ အခုလို ႏိုင္ငံတကာအေတြ႔အႀကံဳေတြကို ျပန္ၾကည့္မယ္ဆိုရင္ ဘဏ္ေတြမွာ အခုလို မေမွ်ာ္လင့္တဲ့ ျဖစ္ရပ္မ်ဳိးေတြနဲ႔ ႀကံဳေတြ႔ရတဲ့ ကိစၥရပ္ေတြက ဘဏ္မွာတာဝန္ရိွတဲ့ အာဏာပိုင္အဖြဲ႔အစည္းရဲ ႔ လူႀကီးတေယာက္ေယာက္ရဲ ႔ ႏႈတ္က ဖြင့္ဟစကားေပၚမွာ အမ်ားႀကီး မူတည္တယ္ဆိုတာကို ေတြ႔ရတယ္။ ဥပမာ - အေမရိကမွာဆိုရင္ Federal Reserve Chairman သူက သတင္းစာရွင္းလင္းပြဲမွာျဖစ္ျဖစ္၊ သို႔မဟုတ္ ဘာမွမဟုတ္တဲ့ တရားဝင္မဟုတ္တဲ့ အစည္းအေဝးတခုခုမွာျဖစ္ျဖစ္ သူေျပာလိုက္တဲ့ စကားတခြန္ေၾကာင့္ အျပင္မွာ စေတာ့ေစ်းကြက္မွာ ေတာ္ေတာ္ေလးဂယက္ရိုက္တာေတြ ရိွတယ္။

အဲဒီေတာ့ ဒီကိစၥကို ၾကည့္မယ္ဆိုရင္ ဗဟိုဘဏ္ ဒုတိယဥကၠ႒က လႊတ္ေတာ္မွာ တရားဝင္ေျပာၾကားလိုက္တဲ့ စကားေပၚမွာ ေစ်းကြက္ထဲမွာနဲ႔ ဘဏ္အပ္ႏံွသူေတြဘက္က ေတာ္ေတာ္ေလးကို စိတ္ဝင္စားၾကၿပီး၊ သူတုိ႔သိထားတဲ့ သတင္းအခ်က္အလက္ေပၚမွာ အေျခခံတာ မဟုတ္ဘဲနဲ႔ တခ်ဳိ ႔ေျပာလိုက္တဲ့ စကားတခ်ဳိ ႔ေပၚ အေျခခံၿပီးေတာ့ စဥ္းစားၿပီး ေဆာင္ရြက္ၾကတာ။ ဒါေပမဲ့ တစ္ခုေကာင္းတဲ့ ကိစၥကေတာ့ ႏိုင္ငံေတာ္အတိုိင္ပင္ခံ ပုဂၢိဳလ္ကိုယ္တိုင္က ဘဏ္ေတြကို စိတ္ခ်ဖို႔။ ၿပီးေနာက္ ဗဟိုဘဏ္ဥကၠ႒ကလည္း ဒီကိစၥဟာ ဗဟိုဘဏ္ရဲ ႔ မူဝါဒနဲ႔ မကိုက္ညီပါဘူးဆိုၿပီး ေျပာပါတယ္။ ဒါကေတာ့ ေျပာရရင္ေတာ့ ေရွ ႔စကား၊ ေနာက္စကား မညီသလိုျဖစ္ေပမယ့္လဲ ပိုၿပီးအေရးပါတဲ့၊ ပိုၿပီးတာဝန္ရိွတဲ့လူေတြက ဝင္ေရာက္ဆိုလိုက္တဲ့အတြက္ ျပည္သူေတြအေနနဲ႔ ဘဏ္ေတြအေပၚ ယံုၾကည္မႈ ပိုရိွလာတာေၾကာင့္ ယခင္က စိုးရိမ္ခဲ့တဲ့ဘဏ္ေတြ ၿပိဳလဲမလားဆိုတဲ့ကိစၥက တကယ္ျဖစ္မလာဘူး။ ဒါဟာ အင္မတန္ဝမ္းသာစရာေကာင္းတဲ့ ကိစၥလုိ႔ ေျပာလို႔ရပါတယ္။

ေမး ။ ။ ဗဟိုဘဏ္ဒုဥကၠ႒ ဦးစိုးသိန္းက ပထမအႀကိမ္ လႊတ္ေတာ္မွာ ေျပာသြားတုန္းက သူ႔ရဲ ႔ အဓိက မူလရည္ရြယ္ခ်က္ကေတာ့ ေစာေစာကေျပာတဲ့ ဘဏ္ေတြမွာ ေငြေတြအပ္ထားတယ္။ အပ္ထားတဲ့ေငြေတြကို စီးပြားေရးလုပ္ငန္းေတြကို ျပန္ေခ်းတယ္။ ဒါေပမဲ့ အဲဒီပိုက္ဆံေတြက ျပန္ေရာက္မလာဘူး။ အဲဒီဖိအားေတြေၾကာင့္ သူက အဲဒီလို ထုတ္ေျပာလိုက္တာလား။ တျခားဘယ္အေၾကာင္းအရာေတြမ်ား ရိွႏိုင္ေသးလဲလို႔ သိခ်င္တာပါ။

ေျဖ ။ ။ အဓိကေတာ့ nonperforming loan (NPL) လို႔ေခၚတဲ့ သက္တမ္းလြန္ေခ်းေငြေတြကို လုပ္ငန္းရွင္ႀကီးေတြအတြက္ကို ဗဟိုဘဏ္က ေျဖေလွ်ာ့တဲ့အေနနဲ႔ ေစာင့္ေပးေနခဲ့တယ္။ (၃) ႏွစ္ ေစာင့္ေပးခဲ့တယ္။ အခုၿပီးခဲ့တဲ့ စက္တင္ဘာလ (၃၀) မွာဆိုရင္ သက္တမ္းတခု ျပည့္သြားၿပီ။ အဲဒီေတာ့ အဲဒီသက္တမ္းမွာလဲ ေအာက္တိုဘာမွာစတဲ့ ဘတ္ဂ်က္ မစေသးတဲ့အခ်ိန္မွာ ဘဏ္ေတြရဲ ႔ လုပ္ထံုးလုပ္နည္းအတိုင္းပဲ လုပ္ငန္းရွင္ႀကီးေတြကို အေၾကြးျပန္ဆပ္ဖို႔ဆိုၿပီး ႏိုးေဆာ္စာေတြ ရိွခဲ့တယ္။ ဒါေပမဲ့ ျပႆနာက လုပ္ငန္းရွင္ႀကီးေတြ ေတာ္ေတာ္မ်ားမ်ားကို က်ေနာ္ ေမးၾကည့္တဲ့အခါမွာ သူတုိ႔ရင္ဆုိင္ေနရတဲ့ စီးပြားေရးနဲ႔ အက်ပ္အတည္းကလည္း အမွန္ျဖစ္ေနတယ္။ သူတုိ႔က စီးပြားေရး တကယ္ကိုမလည္ပတ္ႏုိင္တဲ့အတြက္ သူတုိ႔မွာလည္း ေခ်းထားတဲ့ေခ်းေငြေတြကို အတိုးကိုေတာင္ ျပန္ဆပ္ဖုိ႔ဆိုတာက အခက္အခဲ ျဖစ္ေနတယ္။

ေမး ။ ။ အဲဒီေတာ့ ဒါကိုျပန္ၿပီးေတာ့ အရင္းေကာက္ၾကည့္မယ္ဆိုရင္ စီးပြားေရးလုပ္ငန္းရွင္ေတြ စီးပြားေရးလုပ္ရတာ၊ တဘက္မွာ မေအာင္မျမင္ ျဖစ္ေနတာ၊ အလုပ္မျဖစ္ဘူး ျဖစ္ေနတာ ဘဏ္ေတြကို သြားဂယက္ရိုက္ေတာ့ မွန္တာေပါ့။ ဒါေပမဲ့ သူတုိ႔အလုပ္မျဖစ္ဘူး ျဖစ္ေနတာ ဘာေၾကာင့္လဲ ႏုိင္ငံေရးေပၚလစီေၾကာင့္လား။ စီးပြားေရးေပၚလစီေၾကာင့္လား။ သူတုိ႔ရဲ ႔ ရင္းႏီွးျမဳပ္ႏံွေငြေတြ ျပန္ၿပီးေတာ့ မလည္ပတ္တာ၊ ျပန္မထြက္လာတာ ဘယ္ေနရာမွာ သြားၿပီးေတာ့ အေျခခံသလဲ။

ေျဖ ။ ။ အဓိကေတာ့ က်ေနာ္တုိ႔ စီးပြားေရးလုပ္ငန္းေတြ ေတာ္ေတာ္မ်ားမ်ားက လုပ္ငန္းရွင္ႀကီးေတြ ေတာ္ေတာ္မ်ားမ်ားက ႏုိင္ငံရဲ ႔ စီးပြားေရးေတာ္ေတာ္မ်ားမ်ားကို သူတုိ႔က လႊမ္းၿခံဳၿပီး လုပ္ေနၾကတာ။ ဆိုေတာ့ သူတုိ႔က က႑တစ္ခုထဲမွာ လုပ္ေနၾကတာ မဟုတ္ဘူး။ ေတာ္ေတာ္မ်ားမ်ားက အိမ္ၿခံေျမ လုပ္ငန္းေတြမွာ လုပ္ေနၾကတဲ့လူေတြကလည္း မ်ားတယ္။ ဆိုေတာ့ အိမ္ၿခံေျမေတြ၊ ဟိုတယ္ေတြရဲ ႔ ေတာင္းဆိုခ်က္က ၂၀၁၅-၁၆ ေလာက္မွာ ေတာ္ေတာ္ႀကီးကို ႀကီးတဲ့အခါၾကေတာ့ အဲဒီေနရာမွာ လုပ္ငန္းရွင္ႀကီးေတြက က်ေနာ္တုိ႔ႏုိင္ငံရဲ ႔ စီးပြားေရးက ဆက္ၿပီးေတာ့ ေရရွည္တည္တန္႔မွာပဲ၊ ေရရွည္ဒီလိုပဲ တဟုန္းထိုး တက္ေနမွာပဲ။ အဲဒီအတြက္ေၾကာင့္မို႔ က်ေနာ္တုိ႔က အိမ္ၿခံေျမကိစၥေတြက အင္မတန္မွ အျမတ္အစြန္းႀကီးမယ့္ ကိစၥေတြဆုိၿပီး အဲဒီေနရာေတြကို အဓိကထား လုပ္ခဲ့ၾကတယ္။ ဒါေပမဲ့ မေမွ်ာ္လင့္ဘဲနဲ႔ ၂၀၁၆

ေနာက္ပိုင္းမွာေတာ့ ရင္းႏီွးျမဳပ္ႏံွမႈေတြကလည္း က်ဆင္းသြားတယ္။ ကုန္သြယ္ေရးဂယက္ေတြ ျဖစ္တဲ့အခါၾကေတာ့ ကုန္သြယ္ေရးလုပ္ငန္းေတြကလည္း တျဖည္းျဖည္းနဲ႔ ေႏွးေကြးလာတယ္။ ၿပီးေနာက္ စီးပြားေရး တုိးတက္မႈႏႈန္းကလည္း ကုန္ထုတ္လုပ္မႈေတြမွာ တိုးတက္မႈႏႈန္းက ထင္သေလာက္ မတက္ဘူး။ ဒါေပမဲ့ က်ေနာ္တို႔ရဲ ႔ သံုးစြဲမႈကေတာ့ ယခင္က ပံုစံအတိုင္းပဲ သံုးစြဲေနႏိုင္ၾကတယ္။ အဲဒီေတာ့ က်ေနာ္တို႔ Gross Domestic Product (GDP) တြက္တဲ့အခါမွာ production and consumption ရိွတဲ့အခါမွာ သံုးစြဲမႈႏႈန္း တက္ရင္လဲ GDP တက္တယ္လို႔ပဲ ေျပာလို႔ရတယ္။ ဒါေပမဲ့ အဲဒါက စီးပြားေရးကို တကယ္တက္တဲ့ ေရရွည္တိုးတက္တဲ့ တုိးတက္မႈလုိ႔ က်ေနာ္တို႔က ယူဆလို႔မရဘူး။ ေျပာခ်င္တာက က်ေနာ္တုိ႔ ကုန္ထုတ္လုပ္မႈ ေတာ္ေတာ္မ်ားမ်ားမွာ ေႏွးေကြးလာတဲ့အခါၾကေတာ့ အခုန လုပ္ငန္းရွင္ႀကီးေတြက မ်ားေသာအားျဖင့္ အိမ္ၿခံေျမကိစၥေတြမွာ ရင္းႏီွးျမဳပ္ႏံွထားတယ္။ အခုဆိုရင္ အိမ္ၿခံေျမ ေရာင္းဝယ္ေရး ေတာ္ေတာ္မ်ားမ်ားက ရပ္ဆိုင္းသြားတယ္။ ယခင္ေစ်းႀကီးေပးၿပီး ဝယ္ထားတဲ့ အိမ္ၿခံေျမေတြက ေတာ္ေတာ္ေလးကို အရႈံးေပၚၿပီးေတာ့ ပိုၿပီးဆိုးတာက ေရာင္းလည္းဝယ္မယ့္လူ မရိွေတာ့ဘူး ျဖစ္ေနတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ႏုိင္ငံျခားသားေတြကပဲ အဓိက ဒီေစ်းကြက္ေပၚမွာ ေစ်းကြက္ဆူေအာင္၊ ေစ်းကြက္ကို ပိုၿပီးေတာ့ Hot ျဖစ္ေအာင္၊ လုပ္ေပးခဲ့တာ ႏိုင္ငံတကာရင္းႏီွးျမဳပ္ႏံွမႈက အဓိက ျဖစ္ခဲ့တယ္။ သူတုိ႔ေတြက အခုေနာက္ပိုင္းမွာ မလာေတာ့ဘူးဆိုရင္ေတာ့ က်ေနာ္တုိ႔ ကိုယ့္အခ်င္းခ်င္းက ေရာင္းမရေတြ ျဖစ္ေနခဲ့တယ္။

အဲဒီေတာ့ ဒီေနရာမွာ အစိုးရက ဗဟိုဘဏ္က ဘယ္လိုပဲ သူ႔စည္းမ်ဥ္းစည္းကမ္းအရ ျပန္ေပးဖို႔ ေတာင္းေပမယ့္လဲ လုပ္ငန္းရွင္ႀကီးေတြက ေျပာေနတာ သူတုိ႔ဆီမွာ ေပးစရာကို မရိွဘူး။ သူတို႔အေပါင္ခံထားတဲ့ ပစၥည္းေတြကို ဗဟိုဘဏ္က ထုခြဲေရာင္းခ်လဲ ဒီပစၥည္းေတြကို ဝယ္မယ့္လူက အခုလက္ရိွ အေနအထားမွာဆိုရင္ ဝယ္မယ့္လူ မရိွဘူး ျဖစ္ေနတယ္။ ဘဏ္ေတြကလည္း အဲဒီကိစၥကို မလုပ္ခ်င္ၾကဘူး။

ေမး ။ ။ လုပ္ငန္းရွင္ႀကီးေတြဆိုတာလဲ က်ေနာ္တုိ႔ အျပင္မွာ သိေနၾကတာက ခရိုနီေတြေပါ့။ သူတို႔ေျပာၾကတာက ဒီလူေတြရဲ ႔ ရင္းႏီွးျမဳပ္ႏံွမႈ။ အဓိကေတာ့ ေစာေစာက ကိုေဇာ္ဦး ေျပာသလို သူတုိ႔ရဲ ႔ ရင္းႏီွးျမဳပ္ႏံွမႈေတြနဲ႔ပဲ ဒီလုပ္ငန္းႀကီးေတြအားလံုးက လည္ပတ္ေနတယ္။ ေဆာက္လုပ္ေရးပဲျဖစ္ျဖစ္၊ လမ္းပန္ဆက္သြယ္ေရးပဲျဖစ္ျဖစ္ အကုန္လံုးက သူတုိ႔ေပၚမွာ အမ်ားႀကီး၊ သူတုိ႔ရဲ ႔ အဆင္ေျပမႈက အမ်ားႀကီး တိုင္းျပည္စီးပြားကို ဂယက္ရိုက္ေစမယ့္ အေနအထားမွာ ရိွေနတယ္။ ဆိုေတာ့ တခါထပ္ၿပီး ဘဏ္ျပႆနာေတြျဖစ္ၿပီး မၾကာခင္မွာပဲ အစိုးရကေန အခြန္ေျဖေလွ်ာ့ေပးမယ့္ဟာကို သူတုိ႔ ေၾကညာလိုက္တယ္။ ဆိုေတာ့ ဒါဟာ တနည္းအားျဖင့္ ခရိုနီဆိုတာလဲ တခ်ိန္က သူတုိ႔ဆီမွာ ေငြမဲေတြ အမ်ားႀကီးရိွတယ္။ ေငြမဲေတြေပၚမွာ ထိုင္ေနၾကတယ္လို႔ ယူဆထားတဲ့ အယူအဆကလည္း တဘက္မွာရိွေနေတာ့ သူတုိ႔ဆီက ေငြမဲေတြကို အခြန္ေျဖေလွ်ာ့ေပးလုိက္ျခင္းအာျဖင့္ တဘက္မွာ စီးပြားေရးထဲမွာ လာၿပီးေတာ့ ရင္းႏီွးၾကမယ္။ လည္ပတ္မႈ ျပန္ၿပီးေတာ့ ရိွလာမယ္ဆိုိတဲ့ သေဘာနဲ႔မ်ား အစိုးရက အဲဒီလိုမ်ား ေျပာလိုက္တာလား။

ေျဖ ။ ။ အဓိကေတာ့ အဲဒီႏွစ္ခုမွာေတာ့ အခြန္ေျဖေလွ်ာ့ဖို႔ကေတာ့ ၿပီးခဲ့တဲ့ႏွစ္ကတည္းက စဥ္းစားထားခဲ့တဲ့ ကိစၥပါ။ ဒါေပမဲ့လဲ တုိက္ဆိုင္သြားတာက ဘဏ္ေတြ ျပႆနာေတြ ျဖစ္ၿပီးတဲ့ေနာက္ပိုင္းမွာ အခြန္ဥပေဒကလည္း အသက္ဝင္မယ္ဆိုတဲ့ဟာ ျဖစ္လာတယ္။ ျဖစ္လာေတာ့ ကံေကာင္းသြားတာက ဒါဟာ စနစ္တက် စီမံခန္႔ခြဲၿပီးေတာ့ ဒီဗ်ဴဟာကိုခ်ၿပီး လုပ္ေဆာင္တာေတာ့ မဟုတ္ဘူး။ သို႔ေသာ္ ဘဏ္ေတြျပႆနာ ျဖစ္တုန္းက ဘဏ္ေတြထဲက ထုတ္လိုက္တဲ့ ပိုက္ဆံေတာ္ေတာ္မ်ားမ်ားက ဘာေတြျဖစ္သြားသလဲဆိုေတာ့ ေရႊဝယ္၊ ေဒၚလာဝယ္ ျဖစ္သြားခဲ့တယ္။ အဲဒီတုန္းက ေရႊေစ်း၊ ေဒၚလာေစ်းေတြက အႀကီးအက်ယ္တက္ကုန္တယ္။ အကယ္၍သာ ဒါကို စီမံကိန္းနဲ႔ ဘ႑ာေရးဝန္ႀကီးဌာန၊ အခြန္ဌာနကေန ဒီလိုေျဖေလွ်ာ့မႈမ်ဳိးသာ မလုပ္ခဲ့ဘူးဆိုရင္ အခုနဘဏ္ေတြမွာ ႀကံဳေနရတဲ့ ျပႆနာ - ဘဏ္ထဲကေငြထုတ္ၿပီးေတာ့ အျပင္မွာ ေရႊဝယ္၊ စိန္ဝယ္၊ ေဒၚလာဝယ္တဲ့ ကိစၥေတြက ပိုၿပီးေတာ့ ျဖစ္ႏုိင္တယ္။

အခုကေတာ့ ေငြရွင္ေၾကးရွင္ ေတာ္ေတာ္မ်ားမ်ားက စဥ္းစားသြားၿပီ။ ေရႊဝယ္တာထက္စာရင္ က်န္တဲ့ ဝင္ေငြရလမ္းေၾကာင္းကို ေဖာ္ျပစရာ မလိုဘဲနဲ႔ တျခားတရားဝင္ မွတ္ပံုတင္ထားတဲ့ လုပ္ငန္းေတြ ဝယ္မလား။ အေဆာက္အအံုေတြ ဝယ္မလား။ ေျမပဲဝယ္မလား။ တကယ့္ တရားဝင္ပိုင္ရွင္ ျဖစ္ႏိုင္တယ္ဆိုေတာ့ အခုေတာ္ေတာ္မ်ားမ်ားက ဒီကိစၥမွာ ျပန္ၿပီးေတာ့ စဥ္းစားလာၾကတာရိွတယ္။ ျပန္အာရံုစိုက္လာၾကတာ ရိွတယ္။ အေရာင္းအဝယ္အတြက္ကို စကားေျပာလာၾကတာေတြ ၾကားေနရတယ္။ အဲဒီအတြက္ေၾကာင့္ အခုေလာေလာဆယ္ ဘဏ္ေတြမွာ အသက္ရႈေပါက္ အေတာ္ရသြားတယ္။

ဒါေပမဲ့ အခုက်ေနာ္ စိုးရိမ္ေနတာက အခုလိုလုပ္ေပးလိုက္တဲ့ ကိစၥဟာ အိမ္ၿခံေျမမွာပဲ ျပန္ၿပီးေတာ့ ရင္းႏီွးျမဳပ္ႏံွေနၾကမယ္ဆိုရင္ေတာ့ ဒီျပႆနာက နဂိုစခဲ့တဲ့ ျပႆနာက ဒါနဲ႔ပဲ စခဲ့တယ္။ အခုလဲ ဒီေနရာကိုပဲ ျပန္ျပန္ၿပီး သံသရာ လည္ေနအံုးမယ္ဆိုရင္ က်ေနာ္တို႔ စီးပြားေရးက ထြက္ေပါက္ရမွာ မဟုတ္ဘူး။

ေမး ။ ။ Diversify လုပ္ဖို႔လိုတယ္သေဘာေပါ့။

ေျဖ ။ ။ အဲဒီလို လုပ္ဖို႔ဆုိရင္ ႏုိင္ငံေတာ္အစိုးရဘက္က ဘာလိုေနလဲဆိုေတာ့ ဘယ္က႑ေတြကိုေတာ့ သူတုိ႔အားေပးမယ္။ အထူးသျဖင့္ ကုန္ထုတ္လုပ္ေရးက႑ေတြ။ ၿပီးေနာက္ လုပ္အားကိုအေျချပဳၿပီးေတာ့ အလုပ္အကိုင္ အခြင့္အလမ္းေတြကို ဖန္တီးေပးမယ့္က႑ေတြ။ ၿပီးရင္ တျခားကုန္သြယ္ေရးကို အေထာက္အကူျပဳမယ့္ ပိုက္ဆံဝင္မယ့္ လုပ္ငန္းေတြမွာ စီးပြားေရးဆန္ဆန္ လုပ္ၾကမယ္။

လုပ္ငန္းရွင္ႀကီးေတြကလည္း ဒီေနရာမွာ ရင္းႏီွးျမဳပ္ႏံွမယ္ဆိုရင္ အခြန္ကင္းလြတ္ခြင့္ လုပ္မလဲဆိုတဲ့ဟာနဲ႔ ထပ္ခ်ပ္မကြာ လိုုက္ေပးတယ္ဆုိရင္ေတာ့ ျပႆနာျဖစ္တဲ့ က႑ေတြကို ေငြစီးဆင္းမႈက နည္းသြားၿပီးေတာ့ တကယ္က်ေနာ္တို႔ တုိင္းျပည္အတြက္ ခြန္အားျဖစ္ေစမယ့္ က႑ေတြ ေငြစီးဆင္းမႈက ျပန္ၿပီးေတာ့ ဝင္လာမယ္။ အဲဒီအခါၾကရင္ က်ေနာ္တို႔ လုိခ်င္တဲ့ စီးပြားေရး ဦးေမာ့လာမယ့္ stimulus ဆိုတာကို ရမယ္။ ဒါေပမဲ့လဲ အခုေလာေလာဆယ္ေတာ့ အစိုးပိုင္မွာ ဒီလိုစဥ္းစားေနတဲ့ စဥ္းစားခ်က္ေတြ၊ ေဆြးေႏြးခ်က္ေတြကို မေတြ႔ရေသးဘူး။ က်ေနာ္တုိ႔ဘက္ကေတာ့ ဒါကို ျပန္ၿပီးေတာ့၊ ဆက္ၿပီးေတာ့ ဆက္လက္လုပ္ဖို႔ဆုိတာေတြကို တိုက္တြန္းေပးဖို႔၊ အႀကံျပဳေပးဖုိ႔ လိုအပ္ေနေသးတယ္လို႔ပဲ ထင္ပါတယ္။

ေမး ။ ။ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ေဒါက္တာေဇာ္ဦး။
ေျဖ ။ ။ ေက်းဇူးအမ်ားႀကီးတင္ပါတယ္။

===Unicode===

စက်တင်လာလက ဗဟိုဘဏ်နဲ့ စီးပွားရေးလုပ်ငန်းငန်းရှင်တွေကြား ဖြစ်ခဲ့တဲ့ ပြဿနာမျိုး ထပ်မကြုံရအောင် နိုင်ငံစီးပွားရေး အကြပ်အတည်းကို အမြန်ဆုံး ကိုယ်တွယ်ဖြေရှင်းဖို့လိုတယ်လို့ မြန်မာ့လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာဇော်ဦးက ပြောပါတယ်။ ကိုဇော်ဝင်းလှိုင် တွေ့ဆုံမေးမြန်းထားပါတယ်။


မေး ။ ။ ကျနော်တို့ ပထမဦးဆုံး သိချင်တာကတော့ မကြာသေးခင် လပိုင်းအတွင်းက ဆိုပါစို့ .. ဗဟိုဘဏ်နဲ့ ပတ်သက်ပြီးတော့ လူထုကြားမှာ တော်တော်လေး ဂယက်ရိုက်သွားတဲ့၊ ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌ လွှတ်တော်မှာ ထွက်ဆိုသွားတာနဲ့ ပတ်သက်ပြီးတော့ လူထုကြားမှာ စိုးရိမ်စိတ်ကလေးတွေ ဖြစ်မိတော့ ရွှေတွေဝယ်၊ ဘာတွေဝယ်ဆိုပြီးတော့ တော်တော်လေး ဘဏ်တွေအပေါ် နည်းနည်းလေး သံသယ ဖြစ်သွားတဲ့ကိစ္စ ဖြစ်လာတော့၊ အဲဒီဟာ ဘာကြောင့်များ၊ ဘယ်အပေါ် အခြေခံပြီးတော့ ဖြစ်ပေါ်လာသလဲဆိုတာလေးကို ရှင်းပြပေးပါ။

ဖြေ ။ ။ အခုလို နိုင်ငံတကာအတွေ့အကြုံတွေကို ပြန်ကြည့်မယ်ဆိုရင် ဘဏ်တွေမှာ အခုလို မမျှော်လင့်တဲ့ ဖြစ်ရပ်မျိုးတွေနဲ့ ကြုံတွေ့ရတဲ့ ကိစ္စရပ်တွေက ဘဏ်မှာတာဝန်ရှိတဲ့ အာဏာပိုင်အဖွဲ့အစည်းရဲ့ လူကြီးတယောက်ယောက်ရဲ့ နှုတ်က ဖွင့်ဟစကားပေါ်မှာ အများကြီး မူတည်တယ်ဆိုတာကို တွေ့ရတယ်။ ဥပမာ - အမေရိကမှာဆိုရင် Federal Reserve Chairman သူက သတင်းစာရှင်းလင်းပွဲမှာဖြစ်ဖြစ်၊ သို့မဟုတ် ဘာမှမဟုတ်တဲ့ တရားဝင်မဟုတ်တဲ့ အစည်းအဝေးတခုခုမှာဖြစ်ဖြစ် သူပြောလိုက်တဲ့ စကားတခွန်ကြောင့် အပြင်မှာ စတော့ဈေးကွက်မှာ တော်တော်လေးဂယက်ရိုက်တာတွေ ရှိတယ်။

အဲဒီတော့ ဒီကိစ္စကို ကြည့်မယ်ဆိုရင် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌက လွှတ်တော်မှာ တရားဝင်ပြောကြားလိုက်တဲ့ စကားပေါ်မှာ ဈေးကွက်ထဲမှာနဲ့ ဘဏ်အပ်နံှသူတွေဘက်က တော်တော်လေးကို စိတ်ဝင်စားကြပြီး၊ သူတို့သိထားတဲ့ သတင်းအချက်အလက်ပေါ်မှာ အခြေခံတာ မဟုတ်ဘဲနဲ့ တချို့ပြောလိုက်တဲ့ စကားတချို့ပေါ် အခြေခံပြီးတော့ စဉ်းစားပြီး ဆောင်ရွက်ကြတာ။ ဒါပေမဲ့ တစ်ခုကောင်းတဲ့ ကိစ္စကတော့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်တိုင်က ဘဏ်တွေကို စိတ်ချဖို့။ ပြီးနောက် ဗဟိုဘဏ်ဥက္ကဋ္ဌကလည်း ဒီကိစ္စဟာ ဗဟိုဘဏ်ရဲ့ မူဝါဒနဲ့ မကိုက်ညီပါဘူးဆိုပြီး ပြောပါတယ်။ ဒါကတော့ ပြောရရင်တော့ ရှေ့စကား၊ နောက်စကား မညီသလိုဖြစ်ပေမယ့်လဲ ပိုပြီးအရေးပါတဲ့၊ ပိုပြီးတာဝန်ရှိတဲ့လူတွေက ဝင်ရောက်ဆိုလိုက်တဲ့အတွက် ပြည်သူတွေအနေနဲ့ ဘဏ်တွေအပေါ် ယုံကြည်မှု ပိုရှိလာတာကြောင့် ယခင်က စိုးရိမ်ခဲ့တဲ့ဘဏ်တွေ ပြိုလဲမလားဆိုတဲ့ကိစ္စက တကယ်ဖြစ်မလာဘူး။ ဒါဟာ အင်မတန်ဝမ်းသာစရာကောင်းတဲ့ ကိစ္စလို့ ပြောလို့ရပါတယ်။

မေး ။ ။ ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးစိုးသိန်းက ပထမအကြိမ် လွှတ်တော်မှာ ပြောသွားတုန်းက သူ့ရဲ့ အဓိက မူလရည်ရွယ်ချက်ကတော့ စောစောကပြောတဲ့ ဘဏ်တွေမှာ ငွေတွေအပ်ထားတယ်။ အပ်ထားတဲ့ငွေတွေကို စီးပွားရေးလုပ်ငန်းတွေကို ပြန်ချေးတယ်။ ဒါပေမဲ့ အဲဒီပိုက်ဆံတွေက ပြန်ရောက်မလာဘူး။ အဲဒီဖိအားတွေကြောင့် သူက အဲဒီလို ထုတ်ပြောလိုက်တာလား။ တခြားဘယ်အကြောင်းအရာတွေများ ရှိနိုင်သေးလဲလို့ သိချင်တာပါ။

ဖြေ ။ ။ အဓိကတော့ nonperforming loan (NPL) လို့ခေါ်တဲ့ သက်တမ်းလွန်ချေးငွေတွေကို လုပ်ငန်းရှင်ကြီးတွေအတွက်ကို ဗဟိုဘဏ်က ဖြေလျှော့တဲ့အနေနဲ့ စောင့်ပေးနေခဲ့တယ်။ (၃) နှစ် စောင့်ပေးခဲ့တယ်။ အခုပြီးခဲ့တဲ့ စက်တင်ဘာလ (၃၀) မှာဆိုရင် သက်တမ်းတခု ပြည့်သွားပြီ။ အဲဒီတော့ အဲဒီသက်တမ်းမှာလဲ အောက်တိုဘာမှာစတဲ့ ဘတ်ဂျက် မစသေးတဲ့အချိန်မှာ ဘဏ်တွေရဲ့ လုပ်ထုံးလုပ်နည်းအတိုင်းပဲ လုပ်ငန်းရှင်ကြီးတွေကို အကြွေးပြန်ဆပ်ဖို့ဆိုပြီး နိုးဆော်စာတွေ ရှိခဲ့တယ်။ ဒါပေမဲ့ ပြဿနာက လုပ်ငန်းရှင်ကြီးတွေ တော်တော်များများကို ကျနော် မေးကြည့်တဲ့အခါမှာ သူတို့ရင်ဆိုင်နေရတဲ့ စီးပွားရေးနဲ့ အကျပ်အတည်းကလည်း အမှန်ဖြစ်နေတယ်။ သူတို့က စီးပွားရေး တကယ်ကိုမလည်ပတ်နိုင်တဲ့အတွက် သူတို့မှာလည်း ချေးထားတဲ့ချေးငွေတွေကို အတိုးကိုတောင် ပြန်ဆပ်ဖို့ဆိုတာက အခက်အခဲ ဖြစ်နေတယ်။

မေး ။ ။ အဲဒီတော့ ဒါကိုပြန်ပြီးတော့ အရင်းကောက်ကြည့်မယ်ဆိုရင် စီးပွားရေးလုပ်ငန်းရှင်တွေ စီးပွားရေးလုပ်ရတာ၊ တဘက်မှာ မအောင်မမြင် ဖြစ်နေတာ၊ အလုပ်မဖြစ်ဘူး ဖြစ်နေတာ ဘဏ်တွေကို သွားဂယက်ရိုက်တော့ မှန်တာပေါ့။ ဒါပေမဲ့ သူတို့အလုပ်မဖြစ်ဘူး ဖြစ်နေတာ ဘာကြောင့်လဲ နိုင်ငံရေးပေါ်လစီကြောင့်လား။ စီးပွားရေးပေါ်လစီကြောင့်လား။ သူတို့ရဲ့ ရင်းနှီးမြုပ်နံှငွေတွေ ပြန်ပြီးတော့ မလည်ပတ်တာ၊ ပြန်မထွက်လာတာ ဘယ်နေရာမှာ သွားပြီးတော့ အခြေခံသလဲ။

ဖြေ ။ ။ အဓိကတော့ ကျနော်တို့ စီးပွားရေးလုပ်ငန်းတွေ တော်တော်များများက လုပ်ငန်းရှင်ကြီးတွေ တော်တော်များများက နိုင်ငံရဲ့ စီးပွားရေးတော်တော်များများကို သူတို့က လွှမ်းခြုံပြီး လုပ်နေကြတာ။ ဆိုတော့ သူတို့က ကဏ္ဍတစ်ခုထဲမှာ လုပ်နေကြတာ မဟုတ်ဘူး။ တော်တော်များများက အိမ်ခြံမြေ လုပ်ငန်းတွေမှာ လုပ်နေကြတဲ့လူတွေကလည်း များတယ်။ ဆိုတော့ အိမ်ခြံမြေတွေ၊ ဟိုတယ်တွေရဲ့ တောင်းဆိုချက်က ၂၀၁၅-၁၆ လောက်မှာ တော်တော်ကြီးကို ကြီးတဲ့အခါကြတော့ အဲဒီနေရာမှာ လုပ်ငန်းရှင်ကြီးတွေက ကျနော်တို့နိုင်ငံရဲ့ စီးပွားရေးက ဆက်ပြီးတော့ ရေရှည်တည်တန့်မှာပဲ၊ ရေရှည်ဒီလိုပဲ တဟုန်းထိုး တက်နေမှာပဲ။ အဲဒီအတွက်ကြောင့်မို့ ကျနော်တို့က အိမ်ခြံမြေကိစ္စတွေက အင်မတန်မှ အမြတ်အစွန်းကြီးမယ့် ကိစ္စတွေဆိုပြီး အဲဒီနေရာတွေကို အဓိကထား လုပ်ခဲ့ကြတယ်။ ဒါပေမဲ့ မမျှော်လင့်ဘဲနဲ့ ၂၀၁၆

နောက်ပိုင်းမှာတော့ ရင်းနှီးမြုပ်နံှမှုတွေကလည်း ကျဆင်းသွားတယ်။ ကုန်သွယ်ရေးဂယက်တွေ ဖြစ်တဲ့အခါကြတော့ ကုန်သွယ်ရေးလုပ်ငန်းတွေကလည်း တဖြည်းဖြည်းနဲ့ နှေးကွေးလာတယ်။ ပြီးနောက် စီးပွားရေး တိုးတက်မှုနှုန်းကလည်း ကုန်ထုတ်လုပ်မှုတွေမှာ တိုးတက်မှုနှုန်းက ထင်သလောက် မတက်ဘူး။ ဒါပေမဲ့ ကျနော်တို့ရဲ့ သုံးစွဲမှုကတော့ ယခင်က ပုံစံအတိုင်းပဲ သုံးစွဲနေနိုင်ကြတယ်။ အဲဒီတော့ ကျနော်တို့ Gross Domestic Product (GDP) တွက်တဲ့အခါမှာ production and consumption ရှိတဲ့အခါမှာ သုံးစွဲမှုနှုန်း တက်ရင်လဲ GDP တက်တယ်လို့ပဲ ပြောလို့ရတယ်။ ဒါပေမဲ့ အဲဒါက စီးပွားရေးကို တကယ်တက်တဲ့ ရေရှည်တိုးတက်တဲ့ တိုးတက်မှုလို့ ကျနော်တို့က ယူဆလို့မရဘူး။ ပြောချင်တာက ကျနော်တို့ ကုန်ထုတ်လုပ်မှု တော်တော်များများမှာ နှေးကွေးလာတဲ့အခါကြတော့ အခုန လုပ်ငန်းရှင်ကြီးတွေက များသောအားဖြင့် အိမ်ခြံမြေကိစ္စတွေမှာ ရင်းနှီးမြုပ်နံှထားတယ်။ အခုဆိုရင် အိမ်ခြံမြေ ရောင်းဝယ်ရေး တော်တော်များများက ရပ်ဆိုင်းသွားတယ်။ ယခင်ဈေးကြီးပေးပြီး ဝယ်ထားတဲ့ အိမ်ခြံမြေတွေက တော်တော်လေးကို အရှုံးပေါ်ပြီးတော့ ပိုပြီးဆိုးတာက ရောင်းလည်းဝယ်မယ့်လူ မရှိတော့ဘူး ဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံခြားသားတွေကပဲ အဓိက ဒီဈေးကွက်ပေါ်မှာ ဈေးကွက်ဆူအောင်၊ ဈေးကွက်ကို ပိုပြီးတော့ Hot ဖြစ်အောင်၊ လုပ်ပေးခဲ့တာ နိုင်ငံတကာရင်းနှီးမြုပ်နံှမှုက အဓိက ဖြစ်ခဲ့တယ်။ သူတို့တွေက အခုနောက်ပိုင်းမှာ မလာတော့ဘူးဆိုရင်တော့ ကျနော်တို့ ကိုယ့်အချင်းချင်းက ရောင်းမရတွေ ဖြစ်နေခဲ့တယ်။

အဲဒီတော့ ဒီနေရာမှာ အစိုးရက ဗဟိုဘဏ်က ဘယ်လိုပဲ သူ့စည်းမျဉ်းစည်းကမ်းအရ ပြန်ပေးဖို့ တောင်းပေမယ့်လဲ လုပ်ငန်းရှင်ကြီးတွေက ပြောနေတာ သူတို့ဆီမှာ ပေးစရာကို မရှိဘူး။ သူတို့အပေါင်ခံထားတဲ့ ပစ္စည်းတွေကို ဗဟိုဘဏ်က ထုခွဲရောင်းချလဲ ဒီပစ္စည်းတွေကို ဝယ်မယ့်လူက အခုလက်ရှိ အနေအထားမှာဆိုရင် ဝယ်မယ့်လူ မရှိဘူး ဖြစ်နေတယ်။ ဘဏ်တွေကလည်း အဲဒီကိစ္စကို မလုပ်ချင်ကြဘူး။

မေး ။ ။ လုပ်ငန်းရှင်ကြီးတွေဆိုတာလဲ ကျနော်တို့ အပြင်မှာ သိနေကြတာက ခရိုနီတွေပေါ့။ သူတို့ပြောကြတာက ဒီလူတွေရဲ့ ရင်းနှီးမြုပ်နံှမှု။ အဓိကတော့ စောစောက ကိုဇော်ဦး ပြောသလို သူတို့ရဲ့ ရင်းနှီးမြုပ်နံှမှုတွေနဲ့ပဲ ဒီလုပ်ငန်းကြီးတွေအားလုံးက လည်ပတ်နေတယ်။ ဆောက်လုပ်ရေးပဲဖြစ်ဖြစ်၊ လမ်းပန်ဆက်သွယ်ရေးပဲဖြစ်ဖြစ် အကုန်လုံးက သူတို့ပေါ်မှာ အများကြီး၊ သူတို့ရဲ့ အဆင်ပြေမှုက အများကြီး တိုင်းပြည်စီးပွားကို ဂယက်ရိုက်စေမယ့် အနေအထားမှာ ရှိနေတယ်။ ဆိုတော့ တခါထပ်ပြီး ဘဏ်ပြဿနာတွေဖြစ်ပြီး မကြာခင်မှာပဲ အစိုးရကနေ အခွန်ဖြေလျှော့ပေးမယ့်ဟာကို သူတို့ ကြေညာလိုက်တယ်။ ဆိုတော့ ဒါဟာ တနည်းအားဖြင့် ခရိုနီဆိုတာလဲ တချိန်က သူတို့ဆီမှာ ငွေမဲတွေ အများကြီးရှိတယ်။ ငွေမဲတွေပေါ်မှာ ထိုင်နေကြတယ်လို့ ယူဆထားတဲ့ အယူအဆကလည်း တဘက်မှာရှိနေတော့ သူတို့ဆီက ငွေမဲတွေကို အခွန်ဖြေလျှော့ပေးလိုက်ခြင်းအာဖြင့် တဘက်မှာ စီးပွားရေးထဲမှာ လာပြီးတော့ ရင်းနှီးကြမယ်။ လည်ပတ်မှု ပြန်ပြီးတော့ ရှိလာမယ်ဆိုတဲ့ သဘောနဲ့များ အစိုးရက အဲဒီလိုများ ပြောလိုက်တာလား။

ဖြေ ။ ။ အဓိကတော့ အဲဒီနှစ်ခုမှာတော့ အခွန်ဖြေလျှော့ဖို့ကတော့ ပြီးခဲ့တဲ့နှစ်ကတည်းက စဉ်းစားထားခဲ့တဲ့ ကိစ္စပါ။ ဒါပေမဲ့လဲ တိုက်ဆိုင်သွားတာက ဘဏ်တွေ ပြဿနာတွေ ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ အခွန်ဥပဒေကလည်း အသက်ဝင်မယ်ဆိုတဲ့ဟာ ဖြစ်လာတယ်။ ဖြစ်လာတော့ ကံကောင်းသွားတာက ဒါဟာ စနစ်တကျ စီမံခန့်ခွဲပြီးတော့ ဒီဗျူဟာကိုချပြီး လုပ်ဆောင်တာတော့ မဟုတ်ဘူး။ သို့သော် ဘဏ်တွေပြဿနာ ဖြစ်တုန်းက ဘဏ်တွေထဲက ထုတ်လိုက်တဲ့ ပိုက်ဆံတော်တော်များများက ဘာတွေဖြစ်သွားသလဲဆိုတော့ ရွှေဝယ်၊ ဒေါ်လာဝယ် ဖြစ်သွားခဲ့တယ်။ အဲဒီတုန်းက ရွှေဈေး၊ ဒေါ်လာဈေးတွေက အကြီးအကျယ်တက်ကုန်တယ်။ အကယ်၍သာ ဒါကို စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ အခွန်ဌာနကနေ ဒီလိုဖြေလျှော့မှုမျိုးသာ မလုပ်ခဲ့ဘူးဆိုရင် အခုနဘဏ်တွေမှာ ကြုံနေရတဲ့ ပြဿနာ - ဘဏ်ထဲကငွေထုတ်ပြီးတော့ အပြင်မှာ ရွှေဝယ်၊ စိန်ဝယ်၊ ဒေါ်လာဝယ်တဲ့ ကိစ္စတွေက ပိုပြီးတော့ ဖြစ်နိုင်တယ်။

အခုကတော့ ငွေရှင်ကြေးရှင် တော်တော်များများက စဉ်းစားသွားပြီ။ ရွှေဝယ်တာထက်စာရင် ကျန်တဲ့ ဝင်ငွေရလမ်းကြောင်းကို ဖော်ပြစရာ မလိုဘဲနဲ့ တခြားတရားဝင် မှတ်ပုံတင်ထားတဲ့ လုပ်ငန်းတွေ ဝယ်မလား။ အဆောက်အအုံတွေ ဝယ်မလား။ မြေပဲဝယ်မလား။ တကယ့် တရားဝင်ပိုင်ရှင် ဖြစ်နိုင်တယ်ဆိုတော့ အခုတော်တော်များများက ဒီကိစ္စမှာ ပြန်ပြီးတော့ စဉ်းစားလာကြတာရှိတယ်။ ပြန်အာရုံစိုက်လာကြတာ ရှိတယ်။ အရောင်းအဝယ်အတွက်ကို စကားပြောလာကြတာတွေ ကြားနေရတယ်။ အဲဒီအတွက်ကြောင့် အခုလောလောဆယ် ဘဏ်တွေမှာ အသက်ရှုပေါက် အတော်ရသွားတယ်။

ဒါပေမဲ့ အခုကျနော် စိုးရိမ်နေတာက အခုလိုလုပ်ပေးလိုက်တဲ့ ကိစ္စဟာ အိမ်ခြံမြေမှာပဲ ပြန်ပြီးတော့ ရင်းနှီးမြုပ်နံှနေကြမယ်ဆိုရင်တော့ ဒီပြဿနာက နဂိုစခဲ့တဲ့ ပြဿနာက ဒါနဲ့ပဲ စခဲ့တယ်။ အခုလဲ ဒီနေရာကိုပဲ ပြန်ပြန်ပြီး သံသရာ လည်နေအုံးမယ်ဆိုရင် ကျနော်တို့ စီးပွားရေးက ထွက်ပေါက်ရမှာ မဟုတ်ဘူး။

မေး ။ ။ Diversify လုပ်ဖို့လိုတယ်သဘောပေါ့။

ဖြေ ။ ။ အဲဒီလို လုပ်ဖို့ဆိုရင် နိုင်ငံတော်အစိုးရဘက်က ဘာလိုနေလဲဆိုတော့ ဘယ်ကဏ္ဍတွေကိုတော့ သူတို့အားပေးမယ်။ အထူးသဖြင့် ကုန်ထုတ်လုပ်ရေးကဏ္ဍတွေ။ ပြီးနောက် လုပ်အားကိုအခြေပြုပြီးတော့ အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖန်တီးပေးမယ့်ကဏ္ဍတွေ။ ပြီးရင် တခြားကုန်သွယ်ရေးကို အထောက်အကူပြုမယ့် ပိုက်ဆံဝင်မယ့် လုပ်ငန်းတွေမှာ စီးပွားရေးဆန်ဆန် လုပ်ကြမယ်။

လုပ်ငန်းရှင်ကြီးတွေကလည်း ဒီနေရာမှာ ရင်းနှီးမြုပ်နံှမယ်ဆိုရင် အခွန်ကင်းလွတ်ခွင့် လုပ်မလဲဆိုတဲ့ဟာနဲ့ ထပ်ချပ်မကွာ လိုက်ပေးတယ်ဆိုရင်တော့ ပြဿနာဖြစ်တဲ့ ကဏ္ဍတွေကို ငွေစီးဆင်းမှုက နည်းသွားပြီးတော့ တကယ်ကျနော်တို့ တိုင်းပြည်အတွက် ခွန်အားဖြစ်စေမယ့် ကဏ္ဍတွေ ငွေစီးဆင်းမှုက ပြန်ပြီးတော့ ဝင်လာမယ်။ အဲဒီအခါကြရင် ကျနော်တို့ လိုချင်တဲ့ စီးပွားရေး ဦးမော့လာမယ့် stimulus ဆိုတာကို ရမယ်။ ဒါပေမဲ့လဲ အခုလောလောဆယ်တော့ အစိုးပိုင်မှာ ဒီလိုစဉ်းစားနေတဲ့ စဉ်းစားချက်တွေ၊ ဆွေးနွေးချက်တွေကို မတွေ့ရသေးဘူး။ ကျနော်တို့ဘက်ကတော့ ဒါကို ပြန်ပြီးတော့၊ ဆက်ပြီးတော့ ဆက်လက်လုပ်ဖို့ဆိုတာတွေကို တိုက်တွန်းပေးဖို့၊ အကြံပြုပေးဖို့ လိုအပ်နေသေးတယ်လို့ပဲ ထင်ပါတယ်။

မေး ။ ။ ကျေးဇူးအများကြီးတင်ပါတယ် ဒေါက်တာဇော်ဦး။
ဖြေ ။ ။ ကျေးဇူးအများကြီးတင်ပါတယ်။

XS
SM
MD
LG