သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှ - ပစိဖိတ် ဒေသတွင်းနိုင်ငံများရဲ့ လွတ်လပ်စွာကုန်သွယ်ရေး အခြေနေ


 အိန္ဒိယဝန်ကြီးချုပ် Narendra Modi အပါအဝင် Regional Comprehensive Economic Partnership – RECP ရဲ့ ခေါင်းဆောင်များ
အိန္ဒိယဝန်ကြီးချုပ် Narendra Modi အပါအဝင် Regional Comprehensive Economic Partnership – RECP ရဲ့ ခေါင်းဆောင်များ

(Zawgyi/Unicode)

အာရှနဲ့ ပစိဖိတ် ဒေသတွင်း နိုင်ငံများ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်ကနေ အိန္ဒိယက နုတ်ထွက်မယ်လို့ ကြေညာခဲ့တဲ့နောက် နိုင်ငံပေါင်း ၁၅ နိုင်ငံပဲ ကျန်တော့တဲ့ ဒေသတွင်း စီးပွားရေးမိတ်ဆွေများအဖွဲ့ Regional Comprehensive Economic Partnership – RECP ရဲ့ ၇ နှစ်ကြာ ရရှိထားတဲ့ သဘောတူညီချက် ဆက်လက်တည်မြဲပါ့မလားလို့ အဖွဲ့ဝင်နိုင်ငံတွေကြား သံသယတွေ ဖြစ်လာစေပါတယ်။

RECP လို့ သိကြတဲ့ ဒီသဘောတူညီချက်မှာ အိန္ဒိယနဲ့ အတူ မလေးရှား၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ စင်္ကာပူ၊ လာအို၊ ထိုင်း၊ ဖိလစ်ပိုင်နဲ့ မြန်မာပါဝင်တဲ့ အာဆီယံ ၁၀ နိုင်ငံအပြင် ဒေသတွင်းနိုင်ငံတွေ ဖြစ်တဲ့ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ Australia နဲ့ နယူးဇီလန် တို့လည်း ပါဝင်ကြပါတယ်။

အိန္ဒိယ ပါဝင်မှုကြောင့် ကမ္ဘာ့လူဦးရေ ထက်ဝက်ကျော်ရှိစေပြီး စီးပွားရေးအရ သုံးပုံ တပုံ အကြုံးဝင်နေတဲ့ ဒီသဘောတူညီချက်ဟာ သိပ်ကျယ်ပြန့်တယ်လို့ မြင်ရပေမယ့် လက်တွေ့မှာ ထင်သလောက်ဟုတ်ပုံမရပဲ တခြားကုန်သွယ်ရေး သဘောတူညီချက်တွေနဲ့ ယှဉ်ရင် အလုပ်သိပ်မဖြစ်ဘူးလို့ ဝေဖန်ကြပါတယ်။

ဒီသဘောတူညီချက်မှာ ခြွင်းချက်တွေ များနေပြီး ပြည့်ပြည့်ဝဝ လွတ်လပ်တဲ့ ကုန်သွယ်ရေး ဖြစ်လာမှာ မဟုတ်ဖူးလို့ ဝါရှင်တန်ဒီစီ နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေး ဌာန စီးပွားရေးဆိုင်ရာ ကျွမ်းကျင်သူ William Reinsch က ဝေဖန်ပါတယ်။ ဒါ့အပြင် ဒီသဘောတူညီချက်ထဲမှာ အလုပ်သမားရပိုင်ခွင့်တွေ ဖေါ်ပြမထားတာ ဒါမှမဟုတ် တရုတ်လိုနိုင်ငံမျိုးက စီးပွားရေး မူဝါဒတွေကို အလျှော့ပေးထာတာတွေ ပါဝင်နေတဲ့အတွက် ဖွံ့ဖြိုးပြီး အနောက်နိုင်ငံ အများစုက လက်ခံထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ တရားမျှတတဲ့ ယှဉ်ပြိုင်မှုတွေ အပေါ် အခွင့်ကောင်း ယူတာမျိုးတွေ ဖြစ်လာ နိုင်တယ်လို့ ဆိုပါတယ်။

ဒီသဘောတူညီချက်ကနေ နုတ်ထွက်မယ်လို့ တနင်္လာနေ့က အိန္ဒိယဝန်ကြီးချုပ် Narendra Modi ကြေညာစဉ်က သူ့နိုင်ငံစီးပွားရေးလုပ်ငန်းမှာ ဈေးပေါတဲ့ တရုတ်ကုန်ပစ္စည်းတွေ ဝင်လာမှာကို မကြိုက်ကြောင်း ပြောကြားခဲ့တာပါ။

................


(Unicode)






တိုက်ရိုက် လင့်ခ်


XS
SM
MD
LG