သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး အာဆီယံလုပ်ဆောင်ချက် ကုလထောက်ခံ


အာဆီယံ ထိပ်သီးအစည်းအဝေးတွင် မိန့်ခွန်းပြောကြားနေသည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres. (နိုဝင်ဘာ ၃၊ ၂၀၁၉)
အာဆီယံ ထိပ်သီးအစည်းအဝေးတွင် မိန့်ခွန်းပြောကြားနေသည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres. (နိုဝင်ဘာ ၃၊ ၂၀၁၉)

(Zawgyi / Unicode)

ရခိုင်ပြည်နယ်ပြဿနာ ဖြေရှင်းရေးအတွက် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံဘက်က အထူးလုပ်ငန်းတခု ဖွဲ့စည်းဖို့ ရှိနေကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ပြောဆိုလိုက်ပါတယ်။ အာဆီယံရဲ့ ပိုပြီး ဆောင်ရွက်လာတဲ့အပေါ်မှာ ကုလသမဂ္ဂဘက်က အပြည့်အ၀ ထောက်ခံကြောင်းနဲ့ ပြဿနာရဲ့ အခြေခံ အကြောင်းရင်းတွေကို ဖြေရှင်းဖို့က မြန်မာရဲ့တာဝန် ဖြစ်တယ်လို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ထောက်ပြပါတယ်။ ဒီအပေါ် ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း တုံ့ပြန်သွားပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က စုစည်းတင်ပြထားပါတယ်။

ရခိုင်ပြည်နယ် ပဋိပက္ခ ဖြေရှင်းရေး အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံဘက်က မြန်မာအစိုးရနဲ့ ပိုပြီး ထိတွေ့ဆောင်ရွက်လာနေပြီး ဒီဆောင်ရွက်ချက်တွေကို ကုလသမဂ္ဂဘက်က အပြည့်အ၀ ထောက်ခံကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ပြောဆိုပါတယ်။ ရခိုင်ပဋိပက္ခအရေး ဖြေရှင်းဖို့အတွက် အာဆီယံဘက်က အထူးလုပ်ငန်းအဖွဲ့ ဖွဲ့စည်းမယ်ဆိုတာကို အာဆီယံ အတွင်းရေးမှူးက အသိပေး ပြောဆိုကြောင်းလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောပါတယ်။

ဒုက္ခသည်တွေ ဌာနေပြန်ရေးနဲ့ ပတ်သက်ပြီး အာဆီယံ အရေးပေါ်တုံ့ပြန်ရေးနှင့် လေ့လာဆန်းစစ်ရေး (ASEAN-ERAT) အဖွဲ့က ကနဦး လိုအပ်ချက်တွေကို ဆန်းစစ်လေ့လာထားတဲ့ အစီရင်ခံစာ (PNA) ပါ အကြံပြုချက်တွေကို အကောင်အထည်ဖော်နိုင်ရေးအတွက် အထူးအဖွဲ့တခု ဖွဲ့စည်းရေး အာဆီယံ အတွင်းရေးမှူးချုပ်က အဆိုပြုထားတာပါ။ အာဆီယံ အတွင်းရေးမှူးချုပ်ရဲ့ အဆိုပြုချက်ကို ထောက်ခံကြောင်းလည်း အာဆီယံ ထိပ်သီးတွေရဲ့ အစည်းအဝေးပြီး ကြေညာချက်မှာ ဖော်ပြပါတယ်။

ရခိုင်ပဋိပက္ခအရေး အာဆီယံရဲ့ ပါဝင်ဆောင်ရွက်မှုကို အားပေးထောက်ခံပြီး အထူးသဖြင့်တော့ အင်ဒိုနီးရှားနိုင်ငံဘက်က သိပ်ပြီး တက်တက်ကြွကြွ ဆောင်ရွက်မှုအတွက် အသိအမှတ်ပြု ချီးကျူးတယ်လို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က အာဆီယံ ထိပ်သီးအစည်းအဝေးအတွင်း သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

ရခိုင်ပဋိပက္ခ ဖြေရှင်းရေးအတွက် အရေးကြီးဆုံး အချက်ကတော့ လူမှုအသိုင်းအဝိုင်းတွေကြား စစ်မှန်တဲ့ သင့်မြတ်ရေးအတွက် အခြေအနေတွေ ဖန်တီးပေးဖို့ ဖြစ်တယ်လို့လည်း ထပ်လောင်း ပြောဆိုသွားပါတယ်။ ဒါ့အပြင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်တဲ့ အာဆီယံ ထိပ်သီးတွေနဲ့ ဆွေးနွေးပွဲမှာလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က မြန်မာနိုင်ငံရဲ့ အခြေအနေအပေါ်မှာ အထူးပဲ စိုးရိမ်နေဆဲ ဖြစ်တယ်လို့ ပြောဆိုခဲ့တာပါ။

“ပိုပြီး ဆိုးရွားလာတဲ့ အခြေအနေမှာ နေထိုင်နေကြရဆဲဖြစ်တဲ့ ဒုက္ခသည် အများအပြားရဲ့ အတိဒုက္ခ၊ ရခိုင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံတွင်းက အခြေအနေ အပေါ်မှာ အထူးပဲ စိုးရိမ်နေပါတယ်။ နိုင်ငံတကာ သတ်မှတ်ချက် စံနှုန်းတွေနဲ့အညီ ဒုက္ခသည်တွေအနေနဲ့ ရခိုင်ပြည်နယ်ကို ဘေးကင်းလုံခြုံပြီး ဆန္ဒအလျောက် သိက္ခာရှိရှိ ရေရှည်ခံတဲ့ ဌာနေပြန်ရေး ဖြစ်စေမယ့် အခြေအနေမျိုး အသေအချာ ဖန်တီးပေးဖို့နဲ့ အရင်းခံ အကြောင်းတရားတွေကို ဖြေရှင်းဖို့က မြန်မာရဲ့ တာဝန်ဖြစ်ပါတယ်။”

ဒုက္ခသည်တွေနဲ့ ယုံကြည်မှု တည်ဆောက်နိုင်ရေးအတွက် ဆွေးနွေးမှုတွေလုပ်ဖို့၊ အကူအညီ လိုအပ်နေတဲ့ အသိုင်းအဝိုင်းတွေ၊ အလားတူပဲ ဌာနေပြန်ရေးလုပ်မယ့် ဒေသတွေမှာ လူသားချင်းစာနာမှု အကူအညီပေးရေး ဆောင်ရွက်သူတွေ အပြည့်အ၀ အတားအဆီးမရှိ ဝင်ရောက်ခွင့် ရစေဖို့ကိုလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ တိုက်တွန်းသွားပါတယ်။

အကာကွယ်ပေးရေး၊ အခြေခံဝန်ဆောင်မှုတွေ၊ အခြေခံ အဆောက်အဦနဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေကို အဓိကဆောင်ရွက်တဲ့ Quick Impact စီမံကိန်းတွေကိုလည်း အချိန်မဆိုင်းဘဲ အတည်ပြုပေးဖို့၊ နောက် နိုင်ငံတွင်းမှာပဲ အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေကြရဆဲဖြစ်တဲ့ ဒုက္ခသည်တွေ အရေးကိုလည်း အမြန် ဖြေရှင်းနိုင်ဖို့ မြန်မာအစိုးရကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က တိုက်တွန်းသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ရခိုင်ပြည်နယ်အတွင်းမှာ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက လက်ရှိအစိုးရ သက်တမ်းထက် ဆယ်ဆမက ကာလကြာရှည် ရှိနေခဲ့ကြပြီး ရခိုင်ပြဿနာ အတိမ်အနက်ကို အနည်းအကျဉ်းသိဖို့ လိုတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောဆိုချက်ကို တုံ့ပြန်ခဲ့ပါတယ်။ ဒုက္ခသည်တွေကို စိစစ်ပြီး ပြန်လက်ခံမယ်၊ နောက် ကာကွယ်ပေးရမယ့်သူတွေရဲ့ အခွင့်အရေးနဲ့ လုံခြုံရေးကို ကာကွယ်ပေးပါမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ရခိုင်ပဋိပက္ခ ဖြေရှင်းရေးအတွက် အာဆီယံရဲ့ ကူညီမှုကို ကျေးဇူးတင်ရှိကြောင်းနဲ့ ဒီပြဿနာအပေါ် ဘက်မလိုက်ဘဲ မျှမျှတတ ချဉ်းကပ် ဆောင်ရွက်သူရဲ့ အကူအညီနဲ့ ဆက်ပြီး ဖြေရှင်း ဆောင်ရွက်မယ်လို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရက ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီ၊ နောက် လွတ်လပ်တဲ့ အချက်အလက်ရှာ အဖွဲ့တို့ကို ဘက်လိုက်တယ်လို့ ပြောဆိုပြီး ပြည်ဝင်ခွင့် မပေးပါဘူး။ ကုလသမဂ္ဂရဲ့ စုံစမ်းစစ်ဆေးရေး ယန္တရား IIMM ကိုလည်း အသိအမှတ် မပြုသလို ပူးပေါင်းဆောင်ရွက်မှု မလုပ်ဘူးလို့လည်း ပြောဆိုထားတာပါ။

---------------------------------------

(Unicode)












တိုက်ရိုက် လင့်ခ်


XS
SM
MD
LG