သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာျပည္တြင္း ျပန္လည္သင့္ျမတ္ေရး ဦးစားေပးလုပ္ဖို႔ အတြင္းေရးမွဴးခ်ဳပ္ Guterres တိုက္တြန္း


တူရကီႏုိင္္ငံ၊ အစၥတန္ဘူလ္ၿမိဳ႕တြင္က်င္းပသည့္ ၆ ႀကိမ္ေျမာက္ အစၥတန္ဘူလ္ ေစ့စပ္ညႇိႏိႈင္းေရးညီလာခံတြင္ မိန္႔ခြန္းေျပာေနသည့္ကုလအတြင္းေရးမွဴးခ်ဳပ္ Antonio Guterres။ (ေအာက္တိုဘာ ၃၁၊ ၂၀၁၉။)

(Zawgyi / Unicode)

ထိုင္းႏုိင္ငံ ဘန္ေကာက္မွာ က်င္းပေနတဲ့ ၃၅ ႀကိမ္ေျမာက္ အာဆီယံ ထိပ္သီးအစည္းအေဝးနဲ႔ ဆက္စပ္အစည္းအေဝးေတြကို တက္ေရာက္လာတဲ့ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Gueterrus က ျမန္မာအစိုးရအေနနဲ႔ ေဒသတြင္း ျပႆနာတရပ္ျဖစ္ေနတဲ့ ႐ုိဟင္ဂ်ာဒုကၡသည္အေရးမွာ သူတို႔ဆႏၵအေလ်ာက္ ဂုဏ္သိကၡာရွိရွိ ဌာေနျပန္ႏိုင္ေရးနဲ႔အတူ ျပည္တြင္း ျပန္လည္ေသြးစည္းေရးကို ဦးစားေပး လုပ္ေဆာင္ဖို႔ တိုက္တြန္းလိုက္ပါတယ္။

ဒီထိပ္သီးေဆြးေႏြးပြဲကို ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္လည္း တက္ေရာက္ေနတာ ျဖစ္ပါတယ္။

႐ုိဟင္ဂ်ာအေရးနဲ႔ ပတ္သက္လို႔ ျမန္မာအစုိးရအေနနဲ႔ လုပ္ေဆာင္မႈေတြရွိတာကို ေတြ႔ရေပမယ့္ သိပ္နည္းေနတာေၾကာင့္ ခုထက္ပို ေဆာင္ရြက္ဖို႔နဲ႔ လိုအပ္တာအတြက္ ကုလသမဂၢဘက္က ပူးေပါင္းေဆာင္ရြက္ဖို႔ အသင့္ရွိေနသလို အာဆီယံႏိုင္ငံေတြဘက္ကလည္း ႐ုိဟင္ဂ်ာေတြ ဌာေနျပန္ႏုိင္ေရးအတြက္ ျမန္မာအစိုးရနဲ႔ ပူးေပါင္းေဆာင္ရြက္ေပးဖို႔ စေနေန႔ ဘန္ေကာက္က သတင္းစာရွင္းလင္းပြဲမွာ အတြင္းေရးမွဴးခ်ဳပ္က ပန္ၾကားခဲ့ပါတယ္။

ဒါ့အျပင္ ဒီကိစၥနဲ႔ပတ္သက္ၿပီး အခုထိ အတားအဆီးေတြ ရွိေနေသးတာ ေတြ႔ရတဲ့အတြက္ ခုထက္ပိုၿပီး လုပ္ေဆာင္ၾကဖို႔ လိုအပ္သလို အရင္ကထက္ပိုၿပီး လွ်င္လွ်င္ျမန္ျမန္ ေဆာင္ရြက္ၾကဖို႔လည္း တိုက္တြန္းခဲ့တာပါ။

႐ုိဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို လက္မခံတဲ့ ျမန္မာအစိုးရကေတာ့ သူတို႔တေတြ ဌာေနျပန္ႏိုင္ေရးအတြက္ ဘဂၤလားေဒ့ရွ္နဲ႔ေရာ ကုလသမဂၢ အဖြဲ႔အစည္းတခ်ိဳ႕နဲ႔ပါ လက္တြဲ ေဆာင္ရြက္ေနတာ ျဖစ္ပါတယ္။

မၾကာေသးခင္က ဌာေနကို သူတို႔သေဘာအေလ်ာက္ ျပန္လာတဲ့ ႐ုိဟင္ဂ်ာဒုကၡသည္ ၄၀၀ ေက်ာ္ကို ျမန္မာအစိုးရက ႀကိဳဆို ေနရာခ်ထားေပးခဲ့တာပါ။

သတင္းစာရွင္းလင္းပြဲမွာပဲ အတြင္းေရးမွဴးခ်ဳပ္က အာဆီယံႏိုင္ငံေတြ အေနနဲ႔ ကမာၻႀကီး ပူေႏြးလာေစတဲ့ ဖန္လံုအိမ္ဓာတ္ေငြ႔ ထုတ္လႊတ္မႈေတြ ေလွ်ာ့ခ်ႏုိင္ဖုိ႔ ေက်ာက္မီးေသြးသံုး ဓာတ္အားေပးစက္႐ုံေတြ မတည္ေဆာက္ၾကဖို႔လည္း တိုက္တြန္းခဲ့ပါတယ္။

အေရွ႕အာရွ၊ အေရွ႕ေတာင္အာရွနဲ႔ ေတာင္အာရွ ေဒသေတြမွာ ေက်ာက္မီးေသြးသံုး ဓာတ္အားေပးစက္႐ုံ ပမာဏ သိပ္မ်ားေနတာဟာ အနာဂတ္အတြက္ စဥ္းစားစရာ ျဖစ္ေနတယ္လို႔လည္း ေျပာပါတယ္။

ကမာၻ႔ဥတုရာသီ ေျပာင္းလဲမႈဒဏ္ေၾကာင့္ ၂၀၅၀ မွာ ကမာၻတလႊား လူသန္းေပါင္း ၃၀၀ ေလာက္ ပင္လယ္ေရျမင့္တက္မႈ အႏၱရာယ္နဲ႔ ႀကံဳရမယ္လို႔ သုေတသန ပညာရွင္ေတြက တြက္ခ်က္ထားတာေၾကာင့္ ကမာၻႀကီးပူေႏြးမႈ တိုးလာေအာင္လုပ္ဖို႔ မစဥ္းစားသင့္ဘူးလို႔လည္း တိုက္တြန္းခဲ့ပါတယ္။

----------------------------------

(Unicode)

မြန်မာပြည်တွင်း ပြန်လည်သင့်မြတ်ရေး ဦးစားပေးလုပ်ဖို့ အတွင်းရေးမှူးချုပ် Guterres တိုက်တွန်း

ထိုင်းနိုင်ငံ ဘန်ကောက်မှာ ကျင်းပနေတဲ့ ၃၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို တက်ရောက်လာတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Gueterrus က မြန်မာအစိုးရအနေနဲ့ ဒေသတွင်း ပြဿနာတရပ်ဖြစ်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်အရေးမှာ သူတို့ဆန္ဒအလျောက် ဂုဏ်သိက္ခာရှိရှိ ဌာနေပြန်နိုင်ရေးနဲ့အတူ ပြည်တွင်း ပြန်လည်သွေးစည်းရေးကို ဦးစားပေး လုပ်ဆောင်ဖို့ တိုက်တွန်းလိုက်ပါတယ်။

ဒီထိပ်သီးဆွေးနွေးပွဲကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်နေတာ ဖြစ်ပါတယ်။

ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ မြန်မာအစိုးရအနေနဲ့ လုပ်ဆောင်မှုတွေရှိတာကို တွေ့ရပေမယ့် သိပ်နည်းနေတာကြောင့် ခုထက်ပို ဆောင်ရွက်ဖို့နဲ့ လိုအပ်တာအတွက် ကုလသမဂ္ဂဘက်က ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိနေသလို အာဆီယံနိုင်ငံတွေဘက်ကလည်း ရိုဟင်ဂျာတွေ ဌာနေပြန်နိုင်ရေးအတွက် မြန်မာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့ စနေနေ့ ဘန်ကောက်က သတင်းစာရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ်က ပန်ကြားခဲ့ပါတယ်။

ဒါ့အပြင် ဒီကိစ္စနဲ့ပတ်သက်ပြီး အခုထိ အတားအဆီးတွေ ရှိနေသေးတာ တွေ့ရတဲ့အတွက် ခုထက်ပိုပြီး လုပ်ဆောင်ကြဖို့ လိုအပ်သလို အရင်ကထက်ပိုပြီး လျှင်လျှင်မြန်မြန် ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းခဲ့တာပါ။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ သူတို့တတွေ ဌာနေပြန်နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နဲ့ရော ကုလသမဂ္ဂ အဖွဲ့အစည်းတချို့နဲ့ပါ လက်တွဲ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

မကြာသေးခင်က ဌာနေကို သူတို့သဘောအလျောက် ပြန်လာတဲ့ ရိုဟင်ဂျာဒုက္ခသည် ၄၀၀ ကျော်ကို မြန်မာအစိုးရက ကြိုဆို နေရာချထားပေးခဲ့တာပါ။

သတင်းစာရှင်းလင်းပွဲမှာပဲ အတွင်းရေးမှူးချုပ်က အာဆီယံနိုင်ငံတွေ အနေနဲ့ ကမ္ဘာကြီး ပူနွေးလာစေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုတွေ လျှော့ချနိုင်ဖို့ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေ မတည်ဆောက်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

အရှေ့အာရှ၊ အရှေ့တောင်အာရှနဲ့ တောင်အာရှ ဒေသတွေမှာ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ ပမာဏ သိပ်များနေတာဟာ အနာဂတ်အတွက် စဉ်းစားစရာ ဖြစ်နေတယ်လို့လည်း ပြောပါတယ်။

ကမ္ဘာ့ဥတုရာသီ ပြောင်းလဲမှုဒဏ်ကြောင့် ၂၀၅၀ မှာ ကမ္ဘာတလွှား လူသန်းပေါင်း ၃၀၀ လောက် ပင်လယ်ရေမြင့်တက်မှု အန္တရာယ်နဲ့ ကြုံရမယ်လို့ သုတေသန ပညာရှင်တွေက တွက်ချက်ထားတာကြောင့် ကမ္ဘာကြီးပူနွေးမှု တိုးလာအောင်လုပ်ဖို့ မစဉ်းစားသင့်ဘူးလို့လည်း တိုက်တွန်းခဲ့ပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG