သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဆီယံ အစည္းအေ၀းအတြက္ ထုိင္းမွာ လုံၿခံဳေရးတင္းက်ပ္


(Zawgyi/Unicode)

ျမန္မာႏုိင္ငံလည္း အသင္း၀င္ျဖစ္တဲ့ အေရွ႕ေတာင္အာရွ ႏုိင္ငံမ်ားအသင္း (Asean) ထိပ္သီးအစည္းအေ၀းပဲြေတြနဲ႔ ဆက္စပ္ အစည္းအေ၀းပဲြေတြ ထုိင္းႏုိင္ငံမွာ ဒီသီတင္းပတ္ကုန္မွာ စတင္ေတာ့မွာ ျဖစ္တာေၾကာင့္ ထုိင္းအာဏာပုိင္ေတြ လုံၿခံဳေရး တုိးျမွင့္လုိက္ပါတယ္။ ျမန္မာႏုိင္ငံက အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ကုိယ္တုိင္တက္ေရာက္မယ့္ ညီလာခံ ကာလအတြင္း ရခုိင္ျပည္နယ္ အက်ပ္အတည္း အပါအ၀င္ ေဒသတြင္း ျပႆနာေတြနဲ႔ ပူးေပါင္းေဆာင္ရြက္ေရး ကိစၥေတြလည္း ေဆြးေႏြးၾကမွာပါ။ အျပည့္အစုံကုိေတာ့ AP သတင္းေဆာင္းပါးကုိ အေျခခံၿပီး ကိုရန္ႏုိင္က ေျပာျပေပးမွာ ျဖစ္ပါတယ္။

ေဒသတြင္း နဲ႔ ကမာၻ႔ႏုိင္ငံေတြက ေခါင္းေဆာင္ေတြ တက္ေရာက္ၾကမယ့္ အာဆီယံ ထိပ္သီး အစည္းအေ၀း နဲ႔ ဆက္စပ္တဲ့ အစည္းအေ၀းေတြ မတုိင္ခင္မွာပဲ ထုိင္းႏုိင္ငံ ဘန္ေကာက္ၿမိဳ႕ေတာ္ တ၀ွမ္းမွာေတာ့ အာဏာပိုင္ေတြဘက္က လုံၿခဳံေရးေတြ တုိးျမွင့္လိုက္ပါတယ္။ ၿပီးခဲ့တဲ့ၾသဂုတ္လတုန္းကက်င္းပခဲ့တဲ့ အလာတူးအစည္းအေ၀း က်င္းပတဲ့နားမွာ ဗုံးေပါက္ကဲြမႈေတြျဖစ္ပြားခဲ့တာေၾကာင့္ ထုိင္းအစိုးရအေနနဲ႔ အႀကီးအက်ယ္ အရွက္ရခဲ့ပါတယ္။ ဒါေၾကာင့္ အာဆီယံထိပ္သီးအစည္းအေ၀း နဲ႔ တျခားဆက္စပ္တဲ့အစည္းအေ၀းေတြ က်င္းပတဲ့နားမွာ စစ္တပ္ နဲ႔ ရဲ တပ္ဖဲြ႔၀င္ ၁ ေသာင္း ၇ ေထာင္ေက်ာ္ကို လုံၿခဳံေရးခ်သြားမွာျဖစ္တယ္လို႔ အာဏာပိုင္ေတြက ေျပာပါတယ္။ ဒါ့အျပင္ အေရးေပၚအေျခအေနမွာ တန္ျပန္ႏုိင္မယ့္ အထူးတပ္ဖဲြ႔၀င္ ၃၀၀ လည္း ပါ၀င္တယ္လို႔ ဆုိပါတယ္။

ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔ကေတာ့ ဘန္ေကာက္ၿမိဳ႕ျပင္က Nonthaburi အရပ္မွာ လုံၿခဳံေရးအတြက္ အႀကိဳ ေလ့က်င့္ျပင္ဆင္မႈေတြလုပ္ခဲ့ၿပီး၊ အထူးတပ္ဖဲြ႔ေတြ၊ ရဟတ္ယာဥ္ေတြလည္း ပါ၀င္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ၾသဂုတ္လတုန္းက ထုိင္းနုိင္ငံဘန္ေကာက္ၿမိဳ႕မွာ အာဆီယံနုိင္ငံျခားေရး၀န္ႀကီးေတြရဲ႕ အစည္းအေ၀း က်င္းပေနစဥ္အတြင္း အေသးစားဗုံးေပါက္ကဲြမႈေတြျဖစ္ပြားခဲ့တာေၾကာင့္ အခုတႀကိမ္မွာေတာ့ လုံၿခဳံေရးေတြကို အထူးတင္းၾကပ္ထားတာျဖစ္ပါတယ္။

၂၀၀၉ ခုႏွစ္တုန္းကလည္း ထုိင္းႏုိင္ငံ ပတၱရားၿမိဳ႕မွာက်င္းပခဲ့တဲ့ အာဆီယံထိပ္သီး အစည္းအေ၀းက်င္းပတဲ့ေနရာကို ထုိင္း၀န္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္ကို ေထာက္ခံတဲ့ အက်ႌအနီ၀တ္ ဆႏၵျပတဲ့သူေတြက ၀င္ေရာက္ခဲ့တာေၾကာင့္ တခ်ိဳ႕နုိင္ငံေတြရဲ႕ ေခါင္းေဆာင္ေတြကို ရဟတ္ယာဥ္ေတြနဲ႔ ကယ္ထုတ္ခဲ့ရပါတယ္။ ထုိင္းဒု-၀န္ႀကီးခ်ဳပ္ Prawit Wongsuwan ကေတာ့ - ထုိင္းႏုိင္ငံအေနနဲ႔ လုံၿခဳံေရးအဆင္သင့္ ျဖစ္ေနၿပီဆုိတာကို ျပဖို႔ အခ်ိန္ေရာက္ၿပီလို႔ ေျပာၾကားလိုက္ပါတယ္။

“အားလုံး ေအာင္ေအာင္ျမင္ျမင္ျဖစ္လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ဒါက သိပ္ကို အေရးႀကီးပါတယ္။ အရင္က လုံၿခဳံေရး အားနည္းခဲ့တာေတြ ျဖစ္ခဲ့ၿပီး၊ ဒီအခ်ိန္က ထုိင္းႏုိင္ငံအေနနဲ႔ လုံၿခဳံေရး အျပည့္အ၀ေပးဖို႔ အဆင္သင့္ျဖစ္ေနၿပီဆုိတာ ျပရမယ့္အခ်ိန္ပါ။”

ၿပီးခဲ့တဲ့ ၾသဂုတ္လတုန္းကျဖစ္ခဲ့တဲ့ ဗုံးေပါက္ကဲြမႈေတြဟာ ထုိင္းေတာင္ပိုင္းက မြတ္စလင္ခဲြထြက္ေရးသမားေတြရဲ႕ လက္ခ်က္ျဖစ္တယ္လို႔ ေျပာၾကားလိုက္ၿပီး၊ အဲဒီေပါက္ကဲြမႈေတြ နဲ႔ ဆက္စပ္ၿပီေတာ့ အဲဒီေဒသက လူတခ်ိဳ႕ကို ထုိင္းအာဏာပိုင္ေတြက ဖမ္းဆီခဲ့ပါတယ္။ ထုိင္း နဲ႔ မေလးရွားနယ္စပ္က မြတ္စလင္အမ်ားစုေနထုိင္ေနတဲ့ ခ႐ုိင္ေတြမွာ ၂၀၀၄ ခုႏွစ္ကစၿပီး၊ လူမ်ိဳးေရးဘာသာေရးအဓိက႐ုဏ္းေတြ အသစ္တဖန္ ျပန္ျဖစ္လာခဲ့တာျဖစ္ၿပီး၊ အဲဒီအခ်ိန္ကစလို႔ လူ ၇ ေထာင္ေက်ာ္ ေသဆုံးခဲ့ပါတယ္။ ထုိင္းေတာင္ပိုင္းက အဲဒီခဲြထြက္ေရးသမားေတြအေနနဲ႔ အခုတႀကိမ္မွာေတာ့ အေႏွာက္အယွက္ေပးႏုိင္ေခ်သိပ္မရွိဘူးလို႔ နဲ႔ ႏုိင္ငံေရးအကဲခတ္က Srisompop Jitpiromsri က ေျပာပါတယ္။

“တခ်ိဳ႕ေတြ အဖမ္းခံခဲ့ရၿပီး၊ ထုိင္းအာဏာပိုင္ေတြဘက္ကလည္း သူတုိ႔ရဲ႕ ကြန္ရက္ကို ႏွိမ္ႏွင္းႏုိင္ခဲ့ပါတယ္။ ဒါေၾကာင့္ သူတုိ႔မွာ အခက္အခဲတခ်ိဳ႕ရွိေနပါတယ္။ ဒါေၾကာင့္သူတုိ႔အေနနဲ႔ အဲဒါမ်ိဳးျပန္လုပ္ႏုိင္ဖုိ႔ကေတာ့ အခ်ိန္ယူရပါလိမ့္မယ္။ ဒါေပမဲ့ သူတုိ႔ရဲ႕ ရည္မွန္းခ်က္ကေတာ့ ရွိေနတုန္းပါ။”

အာဆီယံထိပ္သီးအစည္းအေ၀းနဲ႔ အေရွ႕အာရွထိပ္သီးအစည္းအေ၀းကိုလည္း က်င္းပသြားမွာျဖစ္တာေၾကာင့္ ကမာၻ႔ေခါင္းေဆာင္ေတြလည္း တက္ေရာက္ၾကမွာျဖစ္ျဖစ္ၿပီး၊ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ ထုိင္းႏုိင္ငံဘန္ေကာက္ၿမိဳ႕ကို ေရာက္သြားၿပီျဖစ္ပါတယ္။ ဒါေပမဲ့လည္း အေမရိကန္သမၼတ ေဒၚနယ္လ္ထရမ္ နဲ႔ ႐ုရွားသမၼတ ဗလာဒီမီယာပူတင္တုိ႔ တက္ေရာက္မွာ မဟုတ္ပါဘူး။ ဒီအစည္းအေ၀းအတြင္း ေတာင္တ႐ုတ္ပင္လယ္ နယ္ေျမပိုင္ဆုိင္မႈ အျငင္းပြားေနတာ၊ ကိုရီးယားကၽြန္းဆြယ္အေရးကိစၥ၊ ရခုိင္အေရးကိစၥ၊ တန္ျပန္အၾကမ္းဖက္မႈႏွိမ္ႏွင္းေရးအပါအ၀င္ ေဒသတြင္း အေရးပါတဲ့ကိစၥရပ္ေတြကို ေဆြးေႏြးသြားဖို႔ရွိတယ္လို႔ ထုိင္းနုိင္ငံျခားေရး၀န္ႀကိးဌာန ေျပာခြင့္ရ Busadee Santipitaks က ေျပာပါတယ္။

“ေတာင္တ႐ုတ္ပင္လယ္အေရးကိစၥ၊ ကိုရီးယားကၽြန္းဆြယ္အေရး ရခုိင္ေဒသက အေျခအေန နဲ႔ တန္ျပန္အၾကမ္းဖက္ႏွိမ္ႏွင္းေရး နဲ႔ အစြန္းေရာက္အၾကမ္းဖက္မႈ ႏွိမ္ႏွင္းေရးေတြလိုမ်ိဳး ေဒသတြင္းအေရးႀကီးတဲ့ ကိစၥရပ္ေတြ ပါ၀င္မွာျဖစ္ပါတယ္။ လြန္ခဲ့တဲ့ႏွစ္ေတြအတြင္း ေဒသတြင္းပူးေပါင္းေဆာင္ရြက္မႈလုပ္ခဲ့ၿပီးတာေၾကာင့္ အဲဒီကေန အက်ိဳးတူပူးေပါင္းေဆာင္ရြက္မႈေတြ နဲ႔ အနာဂတ္ဘယ္ကို ဦးတည္ သြားမလဲစတာေတြကို ေစာင့္ၾကည့္သြားဖို႔ရွိပါတယ္။”

ဒါေပမဲ့လည္း အာဆီယံ နဲ႔ ေဒသတြင္းေခါင္းေဆာင္ေတြအေနနဲ႔ ကမာၻ႔အႀကီးဆုံး လြတ္လပ္စြာ ကုန္သြယ္ခြင့္ သေဘာတူညီခ်က္ျဖစ္တဲ့ ေဒသတြင္း ဘက္စုံစီးပြားေရးပူးေပါင္းေဆာင္ရြက္မႈ သေဘာတူစာခ်ဳပ္ (RCEP) ကို လက္မွတ္ေရးထုိးႏုိင္မလားဆုိတာကို အားလုံးက စိတ္၀င္တစားနဲ႔ ေစာင့္ၾကည့္ေနၾကပါတယ္။ အဲဒီ RCEP ေဒသတြင္း ဘက္စုံစီးပြားေရးပူးေပါင္းေဆာင္ရြက္မႈအဖဲြ႔ထဲမွာ အာဆီယံ ၁၀ ႏုိင္ငံအျပင္၊ ဂ်ပန္၊ ေတာင္ကိုရီးယား အိႏၵိယ၊ တ႐ုတ္၊ ၾသစေၾတးလ်း နဲ႔ နယူးဇီလန္ စုစုေပါင္း ၁၆ ႏုိင္ငံေတြပါ၀င္တာျဖစ္ပါတယ္။

.....................

အာဆီယံ အစည်းအဝေးအတွက် ထိုင်းမှာလုံခြုံရေးတင်းကျပ်

(Zawgyi/Unicode)

မြန်မာနိုင်ငံလည်း အသင်းဝင်ဖြစ်တဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) ထိပ်သီးအစည်းအဝေးပွဲတွေနဲ့ ဆက်စပ် အစည်းအဝေးပွဲတွေ ထိုင်းနိုင်ငံမှာ ဒီသီတင်းပတ်ကုန်မှာ စတင်တော့မှာ ဖြစ်တာကြောင့် ထိုင်းအာဏာပိုင်တွေ လုံခြုံရေး တိုးမြှင့်လိုက်ပါတယ်။ မြန်မာနိုင်ငံက အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တက်ရောက်မယ့် ညီလာခံ ကာလအတွင်း ရခိုင်ပြည်နယ် အကျပ်အတည်း အပါအဝင် ဒေသတွင်း ပြဿနာတွေနဲ့ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေလည်း ဆွေးနွေးကြမှာပါ။ အပြည့်အစုံကိုတော့ AP သတင်းဆောင်းပါးကို အခြေခံပြီး ကိုရန်နိုင်က ပြောပြပေးမှာ ဖြစ်ပါတယ်။

ဒေသတွင်း နဲ့ ကမ္ဘာ့နိုင်ငံတွေက ခေါင်းဆောင်တွေ တက်ရောက်ကြမယ့် အာဆီယံ ထိပ်သီး အစည်းအဝေး နဲ့ ဆက်စပ်တဲ့ အစည်းအဝေးတွေ မတိုင်ခင်မှာပဲ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော် တဝှမ်းမှာတော့ အာဏာပိုင်တွေဘက်က လုံခြုံရေးတွေ တိုးမြှင့်လိုက်ပါတယ်။ ပြီးခဲ့တဲ့သြဂုတ်လတုန်းကကျင်းပခဲ့တဲ့ အလာတူးအစည်းအဝေး ကျင်းပတဲ့နားမှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တာကြောင့် ထိုင်းအစိုးရအနေနဲ့ အကြီးအကျယ် အရှက်ရခဲ့ပါတယ်။ ဒါကြောင့် အာဆီယံထိပ်သီးအစည်းအဝေး နဲ့ တခြားဆက်စပ်တဲ့အစည်းအဝေးတွေ ကျင်းပတဲ့နားမှာ စစ်တပ် နဲ့ ရဲ တပ်ဖွဲ့ဝင် ၁ သောင်း ၇ ထောင်ကျော်ကို လုံခြုံရေးချသွားမှာဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဒါ့အပြင် အရေးပေါ်အခြေအနေမှာ တန်ပြန်နိုင်မယ့် အထူးတပ်ဖွဲ့ဝင် ၃၀၀ လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကတော့ ဘန်ကောက်မြို့ပြင်က Nonthaburi အရပ်မှာ လုံခြုံရေးအတွက် အကြို လေ့ကျင့်ပြင်ဆင်မှုတွေလုပ်ခဲ့ပြီး၊ အထူးတပ်ဖွဲ့တွေ၊ ရဟတ်ယာဉ်တွေလည်း ပါဝင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေး ကျင်းပနေစဉ်အတွင်း အသေးစားဗုံးပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တာကြောင့် အခုတကြိမ်မှာတော့ လုံခြုံရေးတွေကို အထူးတင်းကြပ်ထားတာဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်တုန်းကလည်း ထိုင်းနိုင်ငံ ပတ္တရားမြို့မှာကျင်းပခဲ့တဲ့ အာဆီယံထိပ်သီး အစည်းအဝေးကျင်းပတဲ့နေရာကို ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထောက်ခံတဲ့ အင်္ကျီအနီဝတ် ဆန္ဒပြတဲ့သူတွေက ဝင်ရောက်ခဲ့တာကြောင့် တချို့နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေကို ရဟတ်ယာဉ်တွေနဲ့ ကယ်ထုတ်ခဲ့ရပါတယ်။ ထိုင်းဒု-ဝန်ကြီးချုပ် Prawit Wongsuwan ကတော့ - ထိုင်းနိုင်ငံအနေနဲ့ လုံခြုံရေးအဆင်သင့် ဖြစ်နေပြီဆိုတာကို ပြဖို့ အချိန်ရောက်ပြီလို့ ပြောကြားလိုက်ပါတယ်။

“အားလုံး အောင်အောင်မြင်မြင်ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါက သိပ်ကို အရေးကြီးပါတယ်။ အရင်က လုံခြုံရေး အားနည်းခဲ့တာတွေ ဖြစ်ခဲ့ပြီး၊ ဒီအချိန်က ထိုင်းနိုင်ငံအနေနဲ့ လုံခြုံရေး အပြည့်အဝပေးဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာ ပြရမယ့်အချိန်ပါ။”

ပြီးခဲ့တဲ့ သြဂုတ်လတုန်းကဖြစ်ခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေဟာ ထိုင်းတောင်ပိုင်းက မွတ်စလင်ခွဲထွက်ရေးသမားတွေရဲ့ လက်ချက်ဖြစ်တယ်လို့ ပြောကြားလိုက်ပြီး၊ အဲဒီပေါက်ကွဲမှုတွေ နဲ့ ဆက်စပ်ပြီတော့ အဲဒီဒေသက လူတချို့ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီခဲ့ပါတယ်။ ထိုင်း နဲ့ မလေးရှားနယ်စပ်က မွတ်စလင်အများစုနေထိုင်နေတဲ့ ခရိုင်တွေမှာ ၂၀၀၄ ခုနှစ်ကစပြီး၊ လူမျိုးရေးဘာသာရေးအဓိကရုဏ်းတွေ အသစ်တဖန် ပြန်ဖြစ်လာခဲ့တာဖြစ်ပြီး၊ အဲဒီအချိန်ကစလို့ လူ ၇ ထောင်ကျော် သေဆုံးခဲ့ပါတယ်။ ထိုင်းတောင်ပိုင်းက အဲဒီခွဲထွက်ရေးသမားတွေအနေနဲ့ အခုတကြိမ်မှာတော့ အနှောက်အယှက်ပေးနိုင်ချေသိပ်မရှိဘူးလို့ နဲ့ နိုင်ငံရေးအကဲခတ်က Srisompop Jitpiromsri က ပြောပါတယ်။

“တချို့တွေ အဖမ်းခံခဲ့ရပြီး၊ ထိုင်းအာဏာပိုင်တွေဘက်ကလည်း သူတို့ရဲ့ ကွန်ရက်ကို နှိမ်နှင်းနိုင်ခဲ့ပါတယ်။ ဒါကြောင့် သူတို့မှာ အခက်အခဲတချို့ရှိနေပါတယ်။ ဒါကြောင့်သူတို့အနေနဲ့ အဲဒါမျိုးပြန်လုပ်နိုင်ဖို့ကတော့ အချိန်ယူရပါလိမ့်မယ်။ ဒါပေမဲ့ သူတို့ရဲ့ ရည်မှန်းချက်ကတော့ ရှိနေတုန်းပါ။”

အာဆီယံထိပ်သီးအစည်းအဝေးနဲ့ အရှေ့အာရှထိပ်သီးအစည်းအဝေးကိုလည်း ကျင်းပသွားမှာဖြစ်တာကြောင့် ကမ္ဘာ့ခေါင်းဆောင်တွေလည်း တက်ရောက်ကြမှာဖြစ်ဖြစ်ပြီး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ထိုင်းနိုင်ငံဘန်ကောက်မြို့ကို ရောက်သွားပြီဖြစ်ပါတယ်။ ဒါပေမဲ့လည်း အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ် နဲ့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်တို့ တက်ရောက်မှာ မဟုတ်ပါဘူး။ ဒီအစည်းအဝေးအတွင်း တောင်တရုတ်ပင်လယ် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတာ၊ ကိုရီးယားကျွန်းဆွယ်အရေးကိစ္စ၊ ရခိုင်အရေးကိစ္စ၊ တန်ပြန်အကြမ်းဖက်မှုနှိမ်နှင်းရေးအပါအဝင် ဒေသတွင်း အရေးပါတဲ့ကိစ္စရပ်တွေကို ဆွေးနွေးသွားဖို့ရှိတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြိးဌာန ပြောခွင့်ရ Busadee Santipitaks က ပြောပါတယ်။

“တောင်တရုတ်ပင်လယ်အရေးကိစ္စ၊ ကိုရီးယားကျွန်းဆွယ်အရေး ရခိုင်ဒေသက အခြေအနေ နဲ့ တန်ပြန်အကြမ်းဖက်နှိမ်နှင်းရေး နဲ့ အစွန်းရောက်အကြမ်းဖက်မှု နှိမ်နှင်းရေးတွေလိုမျိုး ဒေသတွင်းအရေးကြီးတဲ့ ကိစ္စရပ်တွေ ပါဝင်မှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်တွေအတွင်း ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုလုပ်ခဲ့ပြီးတာကြောင့် အဲဒီကနေ အကျိုးတူပူးပေါင်းဆောင်ရွက်မှုတွေ နဲ့ အနာဂတ်ဘယ်ကို ဦးတည် သွားမလဲစတာတွေကို စောင့်ကြည့်သွားဖို့ရှိပါတယ်။”

ဒါပေမဲ့လည်း အာဆီယံ နဲ့ ဒေသတွင်းခေါင်းဆောင်တွေအနေနဲ့ ကမ္ဘာ့အကြီးဆုံး လွတ်လပ်စွာ ကုန်သွယ်ခွင့် သဘောတူညီချက်ဖြစ်တဲ့ ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (RCEP) ကို လက်မှတ်ရေးထိုးနိုင်မလားဆိုတာကို အားလုံးက စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြပါတယ်။ အဲဒီ RCEP ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ထဲမှာ အာဆီယံ ၁၀ နိုင်ငံအပြင်၊ ဂျပန်၊ တောင်ကိုရီးယား အိန္ဒိယ၊ တရုတ်၊ သြစတြေးလျး နဲ့ နယူးဇီလန် စုစုပေါင်း ၁၆ နိုင်ငံတွေပါဝင်တာဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG