သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဆီယံေဒသတြင္း မီးခိုးဖံုးလႊမ္းမႈျပႆနာေျဖရွင္းဖို႔ AHRC ကိုယ္စားလွယ္မ်ား ေတာင္းဆို


အင္ဒိုနီးရွားႏိုင္ငံအတြင္း မီးခိုးဖံုးလႊမ္း

အာဆီယံ လူ႔အခြင့္အေရးေကာ္မရွင္ (AHRC) အဖြဲ႔၀င္ ျမန္မာ၊ စကၤာပူ၊ မေလးရွားနဲ႔ ထုိင္းႏိုင္ငံတို႔က ကိုယ္စားလွယ္ေတြက ေဒသတြင္း နယ္စပ္ျဖတ္ေက်ာ္ ျဖစ္ပြားေနတဲ့ မီးခိုးလႊမ္းမႈျပႆနာကို ေျဖရွင္းဖို႔နဲ႔ အနာဂတ္မွာ ထပ္မံ မျဖစ္ပြားေအာင္ အဖြဲ႔၀င္ႏုိ္င္ငံေတြအၾကား ပိုမို ခိုင္မာတဲ့ ပူးေပါင္း ေဆာင္ရြက္မႈေတြ လုပ္ေဆာင္ၾကဖို႔ ေတာင္းဆိုလိုက္ပါတယ္။

ေအာက္တိုဘာလ ၁၄ ရက္ေန႔ကထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ အဲဒီ ႏုိင္ငံေလးႏိုင္ငံ ကိုယ္စားလွယ္ ေလးဦးက ဒီႏွစ္အတြင္း ျဖစ္ပြားခဲ့တဲ့ မီးခိုးလႊမ္းမႈျပႆနာဟာ အေရွ႔ေတာင္အာရွေဒသက အာဆီယံ ျပည္သူျပည္သားေတြရဲ႕ အေျခခံ အခြင့္အေရးအေပၚ ဆိုးက်ဳိးသက္ေရာက္ေစတယ္လို႔ ဆိုပါတယ္။

စကၤာပူက ေဒါက္တာ Shashi Jayakumar ၊ မေလးရွားက Eric Paulsen ၊ ျမန္မာက သံအမတ္ၾကီး ဦးလွျမင့္နဲ႔ ထိုင္းႏုိင္ငံက ေဒါက္တာ Amara Pongsapich တို႔က ၁၉၉၇ နဲ႔ ၁၉၉၈ ခုႏွစ္တုန္းက ေဒသတြင္း ေတာမီး အျပင္းအထန္ ေလာင္ကၽြမ္းၿပီးေနာက္ အာဆီယံ အဖြဲ႔၀င္ေတြအၾကား လက္မွတ္ေရးထိုး ခ်ဳပ္ဆိုခဲ့တဲ့ နယ္စပ္ျဖတ္ေက်ာ္ မီးခိုးဖုန္းလႊမ္း ေလထုညစ္ညမ္းမႈဆိုင္ရာ အာဆီယံ သေဘာတူစာခ်ဳပ္ (AATHP) ကို ရည္ညႊန္ေျပာၾကားခဲ့ၾကပါတယ္။

ဒီ စာခ်ဳပ္မွာ ေလထုညစ္ညမ္းမႈကို ကာကြယ္တားဆီးဖို႔နဲ႔ ေလ့လာေစာင့္ၾကည့္ဖို႔ အမ်ိဳးသားအဆင့္၊ ေဒသအဆင့္နဲ႔ ႏုိ္င္ငံတကာ အဆင့္ ပူးေပါင္းေဆာင္ရြက္ဖို႔ ပါရွိေပမဲ့လည္း မီးခိုးလႊမ္းမႈျပႆနာဟာ ျဖစ္ၿပီးရင္းျဖစ္ေနတဲ့ ျပႆနာတစ္ခု ျဖစ္ေနေၾကာင္းလည္း ေၾကညာခ်က္မွာ ပါရွိပါတယ္။

စာခ်ဳပ္ကို အေကာင္အထည္ေဖာ္ၾကဖို႔ အာဆီယံအဖြဲ႔နဲ႔ အဖြဲ႔၀င္ႏုိင္ငံအားလုံးကို တိုက္တြန္းေၾကာင္း၊ ထိေရာက္ၿပီး ေရရွည္ တည္ျမဲတဲ့ အေျဖတစ္ခုရရွိဖို႔ အဖြဲ႔၀င္အားလုံး အတူလက္တြဲလုပ္ဖို႔ တိုက္တြန္းေၾကာင္း၊ ဒါမွသာ ႏုိင္ငံသားအားလုံး လူ႔အခြင့္အေရးကို အျပည့္အ၀ ခံစားရမွာျဖစ္ေၾကာင္းလည္း ကိုယ္စားလွယ္ ေလးဦးရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

.....................

{unicode}

အာဆီယံဒေသတွင်း မီးခိုးဖုံးလွှမ်းမှုပြဿနာဖြေရှင်းဖို့ AHRC ကိုယ်စားလှယ်များ တောင်းဆို

အာဆီယံ လူ့အခွင့်အရေးကော်မရှင် (AHRC) အဖွဲ့ဝင် မြန်မာ၊ စင်္ကာပူ၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတို့က ကိုယ်စားလှယ်တွေက ဒေသတွင်း နယ်စပ်ဖြတ်ကျော် ဖြစ်ပွားနေတဲ့ မီးခိုးလွှမ်းမှုပြဿနာကို ဖြေရှင်းဖို့နဲ့ အနာဂတ်မှာ ထပ်မံ မဖြစ်ပွားအောင် အဖွဲ့ဝင်နိုင်ငံတွေအကြား ပိုမို ခိုင်မာတဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ဆောင်ကြဖို့ တောင်းဆိုလိုက်ပါတယ်။

အောက်တိုဘာလ ၁၄ ရက်နေ့ကထုတ်ပြန်တဲ့ ကြေညာချက်မှာ အဲဒီ နိုင်ငံလေးနိုင်ငံ ကိုယ်စားလှယ် လေးဦးက ဒီနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ မီးခိုးလွှမ်းမှုပြဿနာဟာ အရှေ့တောင်အာရှဒေသက အာဆီယံ ပြည်သူပြည်သားတွေရဲ့ အခြေခံ အခွင့်အရေးအပေါ် ဆိုးကျိုးသက်ရောက်စေတယ်လို့ ဆိုပါတယ်။

စင်္ကာပူက ဒေါက်တာ Shashi Jayakumar ၊ မလေးရှားက Eric Paulsen ၊ မြန်မာက သံအမတ်ကြီး ဦးလှမြင့်နဲ့ ထိုင်းနိုင်ငံက ဒေါက်တာ Amara Pongsapich တို့က ၁၉၉၇ နဲ့ ၁၉၉၈ ခုနှစ်တုန်းက ဒေသတွင်း တောမီး အပြင်းအထန် လောင်ကျွမ်းပြီးနောက် အာဆီယံ အဖွဲ့ဝင်တွေအကြား လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့တဲ့ နယ်စပ်ဖြတ်ကျော် မီးခိုးဖုန်းလွှမ်း လေထုညစ်ညမ်းမှုဆိုင်ရာ အာဆီယံ သဘောတူစာချုပ် (AATHP) ကို ရည်ညွှန်ပြောကြားခဲ့ကြပါတယ်။

ဒီ စာချုပ်မှာ လေထုညစ်ညမ်းမှုကို ကာကွယ်တားဆီးဖို့နဲ့ လေ့လာစောင့်ကြည့်ဖို့ အမျိုးသားအဆင့်၊ ဒေသအဆင့်နဲ့ နိုင်ငံတကာ အဆင့် ပူးပေါင်းဆောင်ရွက်ဖို့ ပါရှိပေမဲ့လည်း မီးခိုးလွှမ်းမှုပြဿနာဟာ ဖြစ်ပြီးရင်းဖြစ်နေတဲ့ ပြဿနာတစ်ခု ဖြစ်နေကြောင်းလည်း ကြေညာချက်မှာ ပါရှိပါတယ်။

စာချုပ်ကို အကောင်အထည်ဖော်ကြဖို့ အာဆီယံအဖွဲ့နဲ့ အဖွဲ့ဝင်နိုင်ငံအားလုံးကို တိုက်တွန်းကြောင်း၊ ထိရောက်ပြီး ရေရှည် တည်မြဲတဲ့ အဖြေတစ်ခုရရှိဖို့ အဖွဲ့ဝင်အားလုံး အတူလက်တွဲလုပ်ဖို့ တိုက်တွန်းကြောင်း၊ ဒါမှသာ နိုင်ငံသားအားလုံး လူ့အခွင့်အရေးကို အပြည့်အ၀ ခံစားရမှာဖြစ်ကြောင်းလည်း ကိုယ်စားလှယ် လေးဦးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG