သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်လေယာဉ် ပျက်မကျခင် မီးအချက်ပြ သတိပေးမှုရှိ


 အီဂျစ်လေကြောင်းပိုင် လေယာဉ် flight 804 ကို လိုက်လံရှာဖွေနေသော အီဂျစ် စစ်တပ်မှ လိုက်လံ ရှာဖွေ နေစဉ်။ ဓါတ်ပုံ - (AP Photo/Egyptian Defense Ministry)
အီဂျစ်လေကြောင်းပိုင် လေယာဉ် flight 804 ကို လိုက်လံရှာဖွေနေသော အီဂျစ် စစ်တပ်မှ လိုက်လံ ရှာဖွေ နေစဉ်။ ဓါတ်ပုံ - (AP Photo/Egyptian Defense Ministry)

ကြာသပတေးနေ့ အစောပိုင်းက အီဂျစ်လေကြောင်းလိုင်းပိုင် Flight 804 လေယာဉ်ဟာ မြေထဲ ပင်လယ်ထဲကို ထိုးကျမသွားခင် မိနစ်ပိုင်း အလိုမှာ လေယာဉ် ကိုယ်ထည်ထဲမှာ မီးခိုး အချက်ပေး သံ တွေ ပေါ်ထွက်ခဲ့တယ်လို့ လေယာဉ်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

လေကြောင်းလိုင်း လုပ်ငန်းဆိုင်ရာ သတင်းတွေကို ဖော်ပြနေတဲ့ The Aviation Herald ဝက်ဆိုဒ်က ဖော်ပြခဲ့တဲ့ အချက်အလက်တွေ အရ လေယာဉ် မပျက်ကျ ခင်လေးတင်မှာ ရေအိမ်ထဲက မီးခိုး အချက်ပေးခေါင်းလောင်းက ထမြည်ခဲ့ တာကို ပြနေပါတယ်။

လေယာဉ်ပျံသန်းမှု မှတ်တမ်းတွေကို မြေပြင်က ရယူနိုင်တဲ့ ACARS ဆက်သွယ်ရေးစံနစ်အရ ရရှိထားတဲ့ အချက်အလက်တွေ အရ ဆိုရင်တော့ ဒေသစံချိန် မနက်ပိုင်း ၂နာရီ ၂၆ မိနစ်မှာ ရေအိမ်ထဲမှာ မီးခိုးတွေ ထွက်လာတာ တွေ့ရတယ်လို့ The Aviation Herald အဲဒီလေကြောင်းဆိုင်ရာ သတင်းဝက်ဆိုဒ်မှာ ဖော်ပြထားပါတယ်။

နောက် တမိနစ်လောက် မှာတော့ နောက်ထပ် မီးခိုး အချက်ပေး ခေါင်းဆောင် မြည်ခဲ့ပါတယ်။ အဲဒီ ကနေ နောက်ထပ် နှစ်မိနစ် မှာတော့ လေယာဉ်ရဲ့လျှပ်စစ် စက်ခန်းအနီးမှာ မီးခိုး ဒါမှမဟုတ် မီးလောင်တယ် ဆိုတာကို ACARS က နောက်ဆုံး သတိပေးချက်ရပါတယ်။

အခုလို သတိပေးချက် ရရှိတယ်ဆိုတာကို ပြင်သစ်လေကြောင်း လုံခြုံရေးဌာန က အတည်ပြုပါတယ်။ ဒါပေမယ့်လို့ လေယာဉ်ပျံသန်းမှု မှတ်တမ်း အချက်အလက် ဒါမှမဟုတ် အပိုင်းအစတွေကို မတွေ့ရ မချင်းတော့ လေယဉ်ပျက်တဲ့ အကြောင်းရင်းကို ကောက်ချက်ချဖို့ စောလွန်းသေးတယ်လို့ ပြောခွင့်ရသူက ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG